ကိုယ် အိမ်အောက်ကို ဆင်းလာခဲ့တယ်။
ကျောင်းကားနဲ့ ပြန်လာမည့်သားကို အိမ်ရှေ့က စီးကြိုဖို့ပေါ့။
ဟော...ဒီနေ့လည်း မေ့လာပြန်ပြီ ကတ်ကြေး ယူဆင်းခဲ့ဖို့ကို
အိမ်ရှေ့မှာ မြူနီစပယ်က စိုက်ထားတဲ့ သပြေပင်တန်း စည်းရိုး
ခါတိုင်းတော့ သူတို့ တိတိရိရိ ညီညီညာညာရှိအောင် အချိန်မှန် ကိုက်ဖြတ်နေကြပဲ..
အခုတော့ သူတို့မပြုပြင်တာ နည်းနည်းကြာသွားလို့ ဖြစ်မယ်..
အညွန့်လေးတွေ ဟိုတစ်စ ဒီတစ်စ ထောင်ထွက်နေကြတာ
ကိုယ် မျက်စိကျနေတာ အဲ့ဒိ အညွန့်လေးတွေ...
တစ်ပတ်လောက်တောင်ရှိပြီ
ပန်းနုရောင်၊ ပန်းရင့်ရောင်၊ အညိုနု၊ အညိုရင့်၊ အစိမ်းနု၊ အစိမ်းရင့်၊ ဝါဖျော့ဖျော့လေးတွေ..
ဟိုအညွန့်လေးကတော့ ပန်းအိုးအတို၊ ဟိုဟာလေးကတော့ ပန်းအိုအရှည်..
မြူနီစပယ်က စိုက်ထားတာတွေ မခူးရ၊ မချိုးရဘူးဆို..
ဟိုတစ်ခါ ဘဘနဲ့ အန်တီသန်း လာလည်တုန်းကတောင် အပြန်မှာ အိမ်ကဘုရားတင်ဖို့ဆိုပြီး ချိုးသွားသေးတယ်..
ငါလည်း ငါ့အိမ်က ငါ့ဘုရားကို ...နေဦး..နေဦး..
ကဲကဲ ..
ကမ္ဘာပေါ်က မြေပြင်အနှံ သူ့နေရာနဲ့သူ လှပစွာ ဖူးပွင့်ဝေဆာနေတဲ့ ပန်း အားလုံးနဲ့ မြတ်စွာဘုရားအား
ဤနေရာမှ ယခုပင် ပူဇော်လိုက်ပါ၏။
1 comments:
အပြုံးပန်း said...
သပြေပန်းကိုရှာရင်းနဲ့ ပုံလေးတွေ့ခဲ့တော့ ဒီဘလော့ဂ်ဖြစ်နေခဲ့တယ်။
အောင်မြင်ခြင်းနမိတ်ဆောင်တယ်လို့ ငယ်ငယ်ကတည်းက စွဲခဲ့တာလေးမို့ပါ။
May 19, 2009 7:08 AM
(www.sonata-cantata2.blogspot.com မှ အပြုံးပန်းရဲ့ ကော်မန့်ကို ဒီကို ကူးယူလာခဲ့ပါတယ်)
Post a Comment