Tuesday, June 24, 2008

သဒ္ဓါခရီး အလယ်

ဤပုံကို အရှင်ပညာဝံသ မဟာဓမ္မာစရိယ;M.A ၏ မိထွေးတော်ဂေါတမီနှင့် ဘိက္ခုနီသာသနာ စာအုပ်မျက်နှာဖုံးမှ ရယူပါသည်
ဒီအဝတ် ဝတ်ဖို့ ဘယ်လို သဒ္ဓါတရား နဲ့ ဆုံးဖြတ်လိုက်လဲ ကိုယ့်ကိုကိုယ် ဆန်းစစ်တော့
သဒ္ဓါ ဆိုတဲ့ တရားကို ကြည်လင်ခြင်းလို့ပဲ အဓိပ္ပါယ်ဖွင့်ရလေမလား။
နောက်ကြိစိတ်တွေ နည်းပါးသွားတာတော့ သိသိသာသာပဲ။
ကြည်လင်နေတဲ့ စိတ်အခံဓါတ်ကြောင့် ပေလား။
ကြားဖူးထားတဲ့ “ဉာဏ်မမြင်၊ အထင်နဲ့သာ ပြီးရော” ဆိုတဲ့ စကား၊ “ကိုယ့်စိတ်နဲ့နှိုင်း မရိုင်း” ဆိုတဲ့ စကားတွေ ရဲ့ အဓိပ္ပါယ် ကောင်းကောင်းနားလည်လာတယ်။ ဘယ်အရာကို မဆို ကိုယ့်စိတ်နဲ့ နှိုင်းပြီး ထင်ချင်တိုင်းထင်၊ နောက်ဆက်တွဲ အပြော၊ အလုပ်တွေ ပါလာ။ အဆုံးမှာ စစ်ကြည့်တော့ အမှားကအများသား။ ဒီလိုနဲ့ ဟင်းဟင်း… ကိုယ့်အဆင့်အတန်းကို ကိုယ့်ဖာသာ အကဲခတ်မိလာတယ်။ အမြတ်တွေပါ။
အဘိဓမ္မာ သင်တန်းတက်ဖူးပေမဲ့ စိတ်တွေ အစဉ်အတိုင်း ဘယ်လိုဖြစ်သွားတယ်ဆိုတာ ကိုယ်တွေ့ နဲ့ ကိုက်ကြည့်နိုင်ဖို့ဝေးစွ၊ စာတွေ့ အဖြစ်တောင် အလွတ်မရနိုင်တဲ့ ကိုယ့်အဆင့်အတန်း။
လိုသေးတယ်။ လိုသေးတယ်။
အဆင့်အတန်းရှိတဲ့ သာသနာမှာ အောက်ဆုံးအဆင့်လေးလောက်တော့ မှီမိ၊ ထောက်မိအောင်…
ကြိုးစားစမ်း။ ကြိုးစားလိုက်စမ်း။

2 comments:

တန္ခူး said...

သဒ္ဓါခရီး အလယ်ကို ရောက်အောင်သွားနိုင်တဲ့ ကြည်လင်တဲ့ စိတ်အစဉ် နဲနဲလေးဝေမျှပေးပါလား ‘မ’ရယ်…သားအပူ၊ ခင်ပွန်းအပူနဲ့ တနေ့ တနေ့  ညစ်ထေးလိုက်တဲ့စိတ်…

မေအောင် said...

“ဥာဏ်မမြင်၊ အထင်နဲ့သာ ပြီးရော”
ဆိုတာ တစ်ဘဝလုံးနဲ့ဆိုင်တယ်နော်“မ”
ကြောက်လာပြီ
တစ်နေ့တော့ဖြစ်အောင်လုပ်မယ်။
(အဲဒီနေ့ရောက်တော့ ဘုရားအမ၊ကျောင်းအမ အပြင်
သီလရှင်အစ်မရာထူးပါ“မ”ရမှာနော။....