အစကောင်း
ကျောင်းပြီးတော့ Computer Training Center တစ်ခုမှာ instructor အလုပ်ရပါတယ်။ ကျောင်းတွေ အကြာကြီး သုံးနှစ်ပိတ်ထားတဲ့ အချိန်ကတည်းက နှံ့နှံ့စပ်စပ်ရှိတဲ့ သူငယ်ချင်းရဲ့ မိတ်ဆွေ အစ်မတစ်ယောက် အလုပ် လုပ်နေတဲ့ အဲ့ဒီသင်တန်းကျောင်းမှာ သူ စာသင်တဲ့အချိန် ဘေးကနေ လိုက်လေ့လာ ဆည်းပူးရင်း အကူသဘောမျိုးပေါ့လေ။ လက်ထောက်ဆရာမ ရာထူးလေး ရနေခဲ့ပါတယ်။ ကျောင်းပိုင်ရှင် ဆရာကလည်း ကျောင်းပြီးလို့ ဘယ်အလုပ်မှ မဝင်ဖြစ်သေးရင် ငါ့ဆီသာ လာခဲ့လို့ အမှာစကား ရှိထားခဲ့ပါတယ်။ (ကျောင်းသားဘဝကနေ လက်တွေ့ ဘဝထဲကို ရောက်မှန်းမသိအောင်ကို ညင်သာစွာ ဖေးမဆွဲခေါ်သွားခဲ့တဲ့ ဆရာနဲ့ အစ်မ ကျေးဇူးကို အစဉ်အောက်မေ့သတိရလျက်ပါ။)
ရွှေတနေ့၊ ငွေတနေ့
ကျောင်းပြီးစ ကျမဘဝကို တနေ့ရွှေ၊ တနေ့ငွေလို့ တင်စားပါရစေ။ ကုန်သည် ပွဲစား အဖေဟာ ကျမကို ပွဲစား ကုန်သည်သာ ဖြစ်စေချင်ခဲ့ပါတယ်။ ကျမလည်း တာလီမှတ်၊ စာရင်းလုပ်နဲ့ အချိန်တွေ ကုန်မှန်းမသိ ကုန်နေချိန်။ အမေက “ဟဲ့ နင် ဒီ၁၀နှစ်လောက် သင်ထားတာတွေကို ဒီလိုပဲ ထားခဲ့တော့မလား” တဲ့။ အမေ့ သတိပေး စကားကြားတော့ ကျမ ဆရာ့ဆီ ပျာပျာသလဲ ပြေးရပါတယ်။ Basic Course လို့ခေါ်တဲ့ WordPerfect, Lotus123, DBaseIV တို့ ဆရာက ရှေ့က တစ်ချိန်သင်ပြပြီးရင် နောက်က ကျမကလိုက်သင်ပေါ့။ (အဖေ့ကိုတော့ သမီး သင်တန်းတက်နေတယ် ညာထားတော့ အဖေက သင်တန်းလိုက်ပို့ရှာတယ်။) ဒီတော့ ကျမ ဈေးလည်း ရောင်းတယ်။ စာလည်း သင်တယ်။
ကိရိယာ တန်ဆာပလာလေးတွေ
ကျောင်းပိုင်ရှင် ဆရာက အင်ဂျင်နီယာဆိုရင် AutoCAD တတ်ရမယ်ဆိုလို့ ကျောင်းမှာပဲ အားတဲ့အချိန် Senior အစ်ကိုကြီး (သင်တန်းကျောင်းမှာ AutoCAD တာဝန်ခံဆရာ) ဆီမှာ သင်ပါတယ်။ စက်အား လူအားတဲ့ အချိန်တွေမှာပါ။ Release 10 စက်နဲ့ အဆင်ပြေရင် 10 သင်တယ်။ Release 12 စက်အားရင် 12 နဲ့ သင်တယ်။ အလွန် စာသင်ကောင်းတဲ့ ဆရာမို့ သူ့ တပည့်တွေက AutoCAD ဆို Version ထည့်မပြောနဲ့ Software နဲ့ ဘယ်လောက် အဆက်ပြတ်နေပါစေ ဘယ်အချိန်ဆွဲရဆွဲရ အေးဆေးပဲလို့ ပြောနိုင်ကြပါတယ်။
လိုအပ်သလို ထုတ်သုံးပုံ
နောက် စင်္ကာပူ လာ အလုပ်လုပ်တော့ Landscape and Interior Design Consultant Firm မှာ B.E (Electronics) ကျမ CAD Designer…။ AutoCAD R14 မှာ LandCAD software ကို hard lock နဲ့ add in လုပ်ပြီးပုံတွေဆွဲတာပါ။ ၂နှစ်နီးပါးလုပ်ခဲ့တယ်။ ဤပညာရပ်ဖြင့် ဘွဲ့ရထားသော ပိုင်ရှင်သူဌေး၊ လက်ဖြင့်ပုံဆွဲသူ တစ်ဦး၊ ကွန်ပျူတာဖြင့် ပုံဆွဲသူ ကျမ၊ စာရေးမ ။ ဒါပါပဲ ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံက။ ဒီ ကုမ္ပဏီမှာ အမှတ်တရဖြစ်စေတာလေးက အလုပ်လာလျှောက်တဲ့ အင်တာဗျူး အပြီးမှာ သူဌေးက Landscape ပုံအချို့ ထုတ်ပြပါတယ်။ ပြီးတော့မေးတယ်.. ဒါဘယ်နေရာလည်း သိလားတဲ့။ ကျမစဉ်းစားနေတုန်းမှာပဲ..Yangon International Bussiness Center (IBC) တဲ့။ အဲ့ဒီက Landscaping ကို သူ လုပ်ခွင့်ရခဲ့တာတဲ့လေ။
လုပ်ငန်းသဘာဝ
Architect ဆီက site drawing – Ground Floor Plan ရရင် အပင်တွေထည့်ရတယ်။ အပင်အမျိုးအစားတွေကတော့ Tree (Broadleaf, Conifer, Palm, Cactus) နဲ့ Shrub ဆိုတဲ့ (Groundcover) တွေ။ အပင်တွေရဲ့ Botanical name က အရှည်ကြီးတွေ Label ထိုးရင် စာလုံးပေါင်း မမှားအောင် အတော် သတိထားရတယ်။ အစပိုင်းမှာ သူဌေးပေးတဲ့ ပုံကြမ်းမှာ ဘယ်အပင်ကတော့ Tree အမျိုးအစား၊ ဘယ်ဟာကတော့ Palm၊ ဘယ်ဟာကတော့ shrub မခွဲတတ်သေးတော့ ပြန်မေးရတယ်။ သူ့သင်္ကေတနဲ့ သူ အနီးစပ်ဆုံးကို ပုံထဲမှာထည့်ပေးရမှာကိုး။ ဥပမာ-

အရေးအကြီးဆုံးက Fire Engine Stand အတွက် လျာထားတဲ့ နေရာမှာ အပင်တွေ သွားမစိုက်မိစေဖို့။ Fire Engine ရဲ့ weight ကိုခံနိုင်အောင် Reinforcement အတုံးလေးတွေနဲ့ မြက်ခင်းလေးစိုက်ပေးထားရုံပါပဲ။ Architect က Layout ပြောင်းပြီဆိုရင်တော့ ကိုယ့် drawing ကို ပြင်ရပါတယ်။ ခပ်ပေါ့ပေါ့ဆဆ update လုပ်လိုက်မိရင်တော့ ကိုယ့်သစ်ပင်ကြီးက Condominium ရဲ့ အဝင်အထွက်ပေါက်ကြီးမှာ ခန့်ခန့်ကြီး စိုက်ရက်သား ဖြစ်သွားတတ်တယ်။ ပြီးရင် ဘယ်သစ်ပင် အမျိုးအစားက ဘယ်နှစ်ပင် စာရင်းလေးကို Legend လိုမျိုး ဘေးမှာ ထည့်ပေးရတယ်။
နောက်က လိုအပ်မဲ့ detail ပုံတွေ attached လုပ်။
Lighting Plan တွေလည်း ဆွဲရတယ်။ ပန်းခြံထဲမှာ ထွန်းတဲ့ Lighting အမျိုးအစားကလည်း အတော် အများသား။ Shrub Light, Spot Light, Pole Light, Bollard Light စသဖြင့်ကို အကွာအဝေး ဘယ်လောက်ဆီမှာ သင့်တော်သလို ထည့်ရတယ်။ သုံးထားတာတွေကို အရေအတွက် စာရင်းထုတ်။ နောက်လိုအပ်သလို အသေးစိတ်ပုံတွေ(mounting စသဖြင့်) ဆွဲရတယ်။
ပန်းခြံထဲမှာ အလှဆင်တဲ့ Trellis တို့လို၊ Bench လေးတွေ၊ Fence တွေ၊ Rockscape တွေ၊ Water Fall တွေ စုံနေတာပါဘဲ။ အဲ့ဒါတွေက Outdoor ။ Interior Design အတွက်ကတော့ Hotel တွေ၊ Resort တွေရဲ့ အတွင်းပိုင်း အပြင်အဆင်တွေပေါ့။ ကိုယ့် အလုပ်က ပန်းချီကို AutoCAD နဲ့ဆွဲသလိုကြီး။ နောက်တော့ 3D ပုံတွေ နိုင်သလောက်လေး ဆွဲခဲ့သေးတယ်။ Presentation အတွက်ပေါ့။
ဒီလို ပုံမျိုးလေးတွေ ဆွဲခဲ့တယ်။
Swimming Pool Side
Lift Lobby Sketch
အရောင်တွေကတော့ print out ထုတ်ပြီးမှ လက်နဲ့ လိုက်ခြယ်ထားတာပါ။
Consultant meeting မျိုးတွေ သွားခဲ့ရသေးတယ်။ ဘာမှနားမလည်လို့။ မေးချင်ရာမေး၍ ဖြေချင်ရာဖြေသည်ဘဲ။ Idea မရှိပဲ ပုံဖြစ်အောင်၊ အလုပ်ဖြစ်အောင်တော့ Draftswoman လုပ်ခဲ့တယ်ဆိုတာ ဝန်ခံပါ၏။
(အဲ့ဒီကုမ္ပဏီက အလုပ်ထွက်ပြီး နောက် နှစ်အတော်ကြာတော့ သူဌေး မင်္ဂလာဆောင်တယ်။ ကျမတို့ ဇနီးမောင်နှံကို လှမ်းဖိတ်တော့ သွားခဲ့ရသေးတယ်။ ဧည့်ခံပွဲမှာ ဧည့်သည်အချို့ကို ပို့စ်ပါDraftswomanဟာ သူ့ကုမ္ပဏီရဲ့ System တစ်ခုလုံးကို Computerized ဖြစ်အောင် upgrade လုပ်ပေးခဲ့တဲ့သူလို့ မိတ်ဆက်ပေးခဲ့ပါတယ်။)
ဆက်ရန်
12 comments:
လာဖတ်သွားပါတယ်ရှင်။
Draftwoman ဘ၀က စိတ်ဝင်စားစရာပဲ။
ဆက်ရန်ကို မျှော်နေပါ၏။
နေဦးလေ ။ အလုပ်လုပ်နေတုံး ရည်းစားရ ပြီးမှ အလုပ်ထွက်ရမှာ လေ ။ အခုက အဆင့်ကျော်သွားတယ်။
အရမ်းသဘောကျတာပဲ။ ပုံဆွဲတာ ၀ါသနာပါတယ်လေ။
ပုံဆွဲကာစက ရှပ်ပြာပြာနဲ့ power point ကို ceiling layer မဖျောက်ပဲ သွားတပ်မိလို့ အဆူခံရတာမှတ်မိသေးတယ်။
ကောင်းတယ် သီတာရေ.. ဆက်ရေးပါဦး.. အတွေ.အကြုံတွေပေါ့။ တွေ.ဆုံခြင်းအကြောင်းလေးလည်း ချန်မထားခဲ့နဲ့ဦးနော်.. ဟဲဟဲ
ကျနော်လည်း ဘန်ကောက်မှာ အလုပ် လုပ်တုန်းက AutoCAD 10 နဲ့ CAD Operator အလုပ် လုပ်ခဲ့ဖူးတယ်။ GIS Map တွေ ဆွဲတာပါ။ ခုတော့ အားလုံးမေ့ကုန်ပြီ။
ဘယ်ဆိုးလို့လဲဗျ။
မနေ့တုန်းက ရွှေဝါမြေကနေ ၀ယ်လာတဲ့ ရီရီသန့် ကာရာအိုကေအခွေကြည့်ဖြစ်တယ်။ “တကမ္ဘာလုံးသုံးစွဲတဲ့ လျှပ်စစ်မီးတောင်မှ အဖိုနဲ့အမ နှစ်ကိုယ်အလှည့်ကျ” ဆိုတဲ့ နေရာရောက်တော့ သတိရမိလို့ ပြုံးရသေးတယ်။ ကျနော့်မှာ အဲသည်စာဖတ်ပြီးတော့ ကိုဧရာကတော်ကို လျှော့တွက်မိတာ အခုတော့ အမှားကြီး မှားနေပြီပေါ့။
အဲ…လျှော့တွက်မိတာဘဲဆိုလို့ တခါတည်း သတိရလို့ ပြောပြရဦးမယ်။ အရင်တုန်းကလည်း ကိုယ့်စိတ်ထဲမှာ အဲသလိုဘဲ လျှော့တွက်မိတဲ့အကြောင်းကိုပါ။ (တော်တော် လူတွေကို လျှော့တွက်တတ်သူပါတကားလို့ အထင်ခံရတော့မယ် ထင်ပါရဲ့)။
ကျနော် စင်္ကာပူရောက်စအချိန်၊ ကိုဧရာတို့ ဇနီးမောင်နှံအိမ်(ဘဲဒုတ်ကအိမ်)ကို ရောက်ခဲ့စဉ်က အဖြစ်အပျက်ပါ။ ကိုဧရာတို့အိမ်မှာ အတူနေတဲ့ မိတ်ဆွေ တယောက်ဆီကို ဖတ်ဘို့ စာအုပ်တွေ လာပေးစဉ်ကပေါ့။ ကျနော်ယူသွားတဲ့စာအုပ်တွေမှ အန်တီစုရေးတဲ့ စာအုပ်တွေလည်းပါတယ်။
အဲသည်အချိန်မှာ ကိုဧရာနဲ့ ကိုဧရာ ကတော်က စားပွဲမှာ ထမင်းစားရင်း စာအုပ်တအုပ်အကြောင်းကို အသည်းအသန် ဆွေးနွေးနေတယ်။ ကျနော်က ဘာစာအုပ်လဲလို့ လှမ်းကြည့်လိုက်တော့ မင်းသိင်္ခရဲ့ ၀တ္ထုဖြစ်နေတယ်။ “ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား” ထင်ပါရဲ့။
အဟဲ….ကျနော့်စိတ်ထဲမှာ “အမယ်မင်း…. ဖတ်စရာရှားလို့” ဆိုပြီး တဖက်သတ် လျှော့တွက်လိုက်မိသေးတယ်။ (ကြည့်ဦး….ဘယ်လောက်မကောင်းတဲ့ ဧည့်သည်လဲဆိုတာ။ ရေခဲသေတ္တာထဲက ထုတ်ကျွေးတဲ့ ရေခဲမုန့်ကိုမှ အားမနာ။)
အခုမှ ဒီဇနီးမောင်နှံရဲ့ လက်ရာကောင်းတွေကို ဖတ်မိတော့မှ “တကယ်ရှော်တာ ကျနော်ပါ” ဆိုတာ ကောင်းကောင်းကြီးသဘောပေါက်လာတော့တာကိုး။
ဒါကြောင့်ပြောတာနေမှာ။ ဘာမဆို အလျင်စလို ကောက်ချက်မချကြဘို့ ဆိုတာလေ။
မ ရေ… ဖတ်လို့ ကောင်းတယ်… ဘ၀ရဲ့မှတ်တိုင်လေးတွေပေါ့…
အကြီးမားဆုံးမှတ်တိုင်ကြီးတော့ ကျော်မသွားနဲ့ နော်…
ကျွန်မ ခဏခဏရေးဖို့  စဉ်းစားတဲ့ စံပြမိသားလေး အကြောင်း ကိုယ်တိုင်ရေးလေး ဖတ်ချင်လို့ ပါ…
ရေးဖို့ ကြံတိုင်း ကိုယ့်ဆရာကိုဧရာ မျက်နှာပြေးမြင်ပြီး အမှားပါမှာကြောက်လို့ အဲဒီပို့ စ် ခုထိ မတင်ဖြစ်တာသာကြည့်…
အဆင့်ကျော်သွားတဲ့
တွေ့ဆုံခြင်း
အကြီးမားဆုံးမှတ်တိုင်
တောင်းဆိုတယ်လား...
ကိုပေါရေ
ကိုပေါတို့ သူငယ်ချင်းတစ်သိုက်ကို (အငယ်တန်းတွေလို့ရေးရင် အတန်းတူ သူငယ်ချင်းတွေကို မလေးစားသလိုဖြစ်မှာစိုးလို့) အစ်မတို့ထက် mature ဖြစ်တယ်လို့ ကြုံဆုံလာတိုင်း ပြောဖြစ်ပါတယ်။ ကိုယ်စီကိုယ်ငှ ရှိကြတဲ့ အရည်အချင်းတွေ ပေါ်လွင်တယ်။
တစ်ဆင့် သိကျွမ်းခင်မင်ရတဲ့သူတွေ ဖြစ်ပေမဲ့ စတွေ့ဖူးပြီးတဲ့ အချိန်ကတည်းက ခင်မင်ပါတယ်။
နောက် မဒမ်ပေါကို တွေ့ရတော့လည်း ခင်တာပဲ။
landscape ပါ လုပ်ခဲ့တာပဲ။ အားကျတယ် ခင်ဗျ။ ကျွန်တော် အဲဒီအပိုင်းကို သေချာ မလေ့လာခဲ့မိဘူး။ အခုထိတော့ လုပ်ဆို လှအောင်တော့ လုပ်နိုင်ပါတယ်။ ဒါပေမယ့် ဆောင်ရန် ရှောင်ရန်တွေကို မသိခဲ့ဘူး။ နောက်ဆို အဲဒီအပိုင်းတွေ လာပြီး အကြံဥာဏ် တောင်းမယ်နော်။
အစ်မကိုသင်ပေးတဲ့ Auto CAD ဆ၇ာကအခုဘယ်မှာလဲ? သင်တန်းလေးတက်ချင်လိုပါ
July ရေ အစ်မက ဘာနေရာမှ အားကိုးလို့ မရပါဘူးကွာ..ဒါပေမဲ့ တကယ်လိုအပ်ခဲ့ရင်တော့..စာတွေထဲ ၀ိုင်းကူရှာပေးပါမယ်။
Life is for Success ရေးသူရေ
အစ်မတို့ကို သင်ပေးတဲ့ ဆရာက အခု မြန်မာပြည်မှာ မရှိတော့ပါ။ သင်တန်းနေရာကတော့ SoftGuide Computer ၁၉လမ်း လသာမြို့နယ် ရန်ကုန်မြို့ပါ။
Post a Comment