Friday, December 5, 2008

ရာသီပြောင်းချိန်

ရာသီ စက်ဝန်းတွေ သံသရာစက်ဝိုင်းမှာ
အမြဲမပြတ် တရစပ် လည်ပတ်နေတယ်
စက်ဝိုင်းရဲ့ စမှတ် "တစ်" ဆိုတာ
မသိနိုင်တဲ့ အရာ...။

ချာချာလည်နေတဲ့ ဖြစ်စဉ်တစ်ခုက
လွင့်စင်လာတဲ့ သစ်ရွက်ကြွေတွေ ဟောတဲ့ တရား
စက်ဝိုင်းရဲ့ ဆုံးမှတ် "သုည" ဟာ
စက်ဝန်းထဲမှာ... တဲ့။ ။
*****
5 Dec 08, 15:56
A Linn Nyi: ကဗျာလာဖတ်ပါတယ်။အဓိပ္ပါယ်ကို..ဆက်တွေးနေမိတယ်။
Fri, Dec 5th 2008, 04:55 PM
S-C: ဘာတွေ ဆက်တွေးမိလဲ? ပြောဦး။ assignment ၃ရက်တောင် အချိန်ပေးတယ်နော်။ (ဒီကတော့ ရေးရင်းနဲ့ ချာလည်လည်သွားလို့ တုံးတိကြီး ...တဲ့ နဲ့ ပိတ်လိုက်ရတယ်။)
6 Dec 08, 14:42
A Linn Nyi: အပိုဒ်၁က လူတွေ မွေးတဲ့ ဇာတိ(မသိနိုင်တာ)၊ အပိုဒ်၂က မသိနိုင်တဲ့ ဇာတိအမျိုးမျိုးကလာပေမယ့် သေဆုံးတာတူမယ်
6 Dec 08, 14:42
A Linn Nyi: ဘာမှမယူသွားနိုင် ဗလာနဲ့ ဆုံးမှာက သိနိုင်(သေချာ)တယ် လို့ ပြောချင်တာ..ဟုတ်လားဟင် မသီတာ..
ရာသီ စက်ဝန်းတွေ သံသရာစက်ဝိုင်းမှာ
အမြဲမပြတ် တရစပ် လည်ပတ်နေတယ်
စက်ဝိုင်းရဲ့ စမှတ် "တစ်" ဆိုတာ
မသိနိုင်တဲ့ အရာ...။

ရာသီ စက်ဝိုင်း...
သံသရာ စက်ဝန်း...
စက်ဝိုင်း တစ်ခုကို ဘယ်နေရာက စဆွဲထားတယ် ဆိုတာ မသိနိုင်သလို
သတ္တဝါတို့ရဲ့ အစဟာလည်း 'အပင်နဲ့ မျိုး' အစရှာမရသလို မသိနိုင်တဲ့အရာ။

ချာချာလည်နေတဲ့ ဖြစ်စဉ်တစ်ခုက
လွင့်စင်လာတဲ့ သစ်ရွက်ကြွေတွေ ဟောတဲ့ တရား
စက်ဝိုင်းရဲ့ ဆုံးမှတ် "သုည" ဟာ
စက်ဝန်းထဲမှာ... တဲ့။ ။

ချာချာလည်နေတဲ့ ဖြစ်စဉ်တစ်ခုကို အဆုံးသတ်ဖို့
ဘဝသံသရာ အဆုံးသတ်ဖို့...
(A Linn Nyi ၏ တရားဂုဏ်တော် ခြောက်ပါး ပို့စ်မှ) ဗုဒ္ဓမြတ်စွာက ရောဟိတဿသုတ္တန်မှာ “လောကရဲ့အစ၊ လောကရဲ့အဆုံးကို ဘယ်စကြဝဠာမှာမှ လိုက်ရှာမနေနဲ့။ ဤတစ်လံမျှရှိသော ခန္ဓာကိုယ်မှာပဲ လောကရဲ့ အစလည်းရှိတယ်။ လောကရဲ့ အဆုံးလည်း ရှိတယ်” လို့ဟောကြားခဲ့သည့်အတိုင်း သစ်ရွက်ကြွေတွေ ဟောတဲ့တရား၊ ခန္ဓာဟောတဲ့တရား “အနိစ္စ” ကို အခါခါနာကြားစို့ရဲ့။

4 comments:

မေအောင် said...

သဘာဝကို ဓမ္မဓိဌာန်ကျကျ ပြောချင်တယ်လား
တရားသဘောဆွဲယူပြီးတော့ ဖတ်သွားတယ်...
ဖတ်သူအပေါ်မှာ အတွေးပေးတယ်။
ခုတစ်လော အရှုပ်တွေနည်းနည်းလုပ်နေရင်း
ဘလော့တွေ မလည်ဖြစ်လို့ပါကွယ်။

သင်းနွယ်ဇင် said...

ကဗျာလေးလာဖတ်ရင်း အတွေးတွေလဲတပွေ့တပိုက်သယ်သွားပါတယ်။

A Linn Nyi said...

အမက ကဗျာကို စကားလုံးနည်းနည်းနဲ့ တွေးယူရအောင် စပ်ထားတာကိုး။ အဲလိုမျိုး ရေးချင်တာ မရေးတတ်ဘူး။ ကိုယ့်ဘာသာရေးရင် ဒဲ့ပဲ ရေးတတ်တယ်။ ကျွန်မဖြေတာ နည်းနည်းမှန်လို့ ဖတ်ပြီးပျော်သွားတယ် :)

sonata-cantata said...

မေအောင်ရဲ့ကဗျာ ကိုဖတ်ပြီး
ရာသီစက်ဝန်းတွေကနေ သံသရာစက်ဝိုင်းဆီ အတွေးပွားမိသမျှ ရေးချလိုက်ပါတယ်...
အတွေးပေးသူ/အကြောင်းအရာ၊ တွေးပေးသူအားလုံးကို ကျေးဇူးတင်လျက်...