သက်ဝေက အားနာခြင်း၏ အကျိုးအပြစ် မှာ ထမင်းစားဖိတ်တဲ့ အကြောင်းလေး ဖတ်ရတော့ ဆက်စပ်ပြီး သတိရမိတယ်။
“… အားနာခြင်းဟာ အမှန်တရားအပေါ် ရဲဝံ့စွာ မရပ်တည်ခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် အားနာခြင်းဟာ မကောင်းတဲ့ အကျင့်တစ်ခုပဲ” လို့ ကိုပေါရဲ့ အားနာခြင်းဆိုတာ ပို့စ်၌ပြတ်ပြတ်သားသား မှတ်ချက်ရေးပေးခဲ့တဲ့ ကိုဧရာရဲ့ အားနာတတ်ပုံလေး...
*****
တရံရော အခါက ကိုဧရာတစ်ယောက် ဆွေဝေးမျိုးဝေး တနယ်တကျေးတွင် ဆွဲခန့် အမည်ရ တွဲဘက်ကျောင်းဆရာ ဘ၀ ဖြင့် အိမ်တစ်အိမ်၌ လပေးစနစ်ဖြင့် အခပေး၍ ဝမ်းရေးကို ဖြေရှင်းနေချိန်။ ကျောင်းကြီးပိတ်ရန် လဝက်ခန့်သာလိုတော့သော တနေ့သ၌ ခင်မင်ရင်းစွဲရှိနေပြီ ဖြစ်သော ကျောင်းအုပ်ဆရာကြီးက ဤသို့ဆိုလာ၏။
“ဒီလ အတွက်တော့ ထမင်းလခပေးစားမနေနဲ့တော့ ငါတို့ အိမ်မှာပဲ လာစားလကွာ။”
“နေပါစေဆရာကြီးရယ် … ရပါတယ်။”
“ဆရာက အားနာလို့လား။ … ”
ဆရာကြီးက အားမနာဖို့ ပြောပြီး အတင်းဖိတ်တော့၊ အားနာတတ်တဲ့ ကိုဧရာက မငြင်းသာပဲ လက်ခံလိုက်သည်။
ဤနေရာဤဒေသ မျိုးတွင် နာသုံးနာဖြင့် အချိန်ကို တန်ဖိုးရှိစွာ အသုံးချ ရိုးသားလှတဲ့ ဆရာလေးကိုမှ ချစ်ခင်လွန်းလှသဖြင့် ရွာထဲမှ အိမ်တစ်အိမ်ကလည်း “ဆရာလေး မပြန်ခင်တော့ ကျွန်တော်တို့ အိမ်မှာပဲ ညနေစာ နေ့တိုင်းလာစားပါဗျာ။”
“အားနာစရာဗျာ …ဟိုလေ …ဟိုဟာ .. ကျနော့်ကို ဆရာကြီးက သူ့အိမ်မှာစားဖို့ ခေါ်ထားတယ်ဗျ။”
“ကျွန်တော်အိမ်မှာပဲ စားပါဗျာ။ ဆရာကြီး အိမ်မှာဆို အားနာ နေရဦးမယ်။ … … …”
…
ဒါနဲ့ပဲ ကိုဧရာက အားမနာဖို့ပြောတာကို အားနာပြီး….
“... ဟုတ်ကဲ့ လာခဲ့ပါမယ်။”
“ဆရာလေး စားမြဲအတိုင်းစား။ ဒီလအတွက်တော့ လဝက်ထဲနဲ့ လခပေးမနေနဲ့တော့။ မစားရင်တော့ စိတ်ဆိုးမနော်” လို့ ဆိုလာလေသော ထမင်းလပေးစားသော အိမ်ကိုလည်း …
“ဟာဗျာ.. ဟုတ်ကဲ့ ဟုတ်ကဲ့”
ဤသို့ဖြင့် အားနာတတ်သော ကိုဧရာ တစ်ယောက် လဝက်ကြာမျှ ညနေစာကို တစ်အိမ် တက်ဆင်း သုံးနပ်ခွဲပြီး ဘုန်းပေး.. အဲလေ သုံးဆောင်တော်မူခဲ့ပါလေတော့သတည်း...
အော်… အားနာတတ်လိုက်ပါတဲ့ ကိုဧရာ။
*****
ဒီလောက်နှင့်မပြီး ရှိပါလေသေး၏။
*****
ခြေခင်းလက်ခင်းသာ၍ ချမ်းမြေ့သော ညချမ်းအချိန် အခါသမယ၌ ကိုဧရာနှင့် မသီတာတို့ TV မှ ရုပ်ရှင်ဇတ်လမ်း ထိုင်ကြည့်နေကြလေ၏။ ဇတ်လိုက်မင်းသားသည် အသက်ဘေးအန္တရာယ်ကြောင့် သူနေထိုင်ရာ အရပ်မှ ထွက်ပြေးတိမ်းရှောင်လာခဲ့ရ၏။ တနယ်တကျေးသို့ရောက်ရှိလာရာ ထိုနယ်၏အကြီးအကဲဖြစ်သူက ဇတ်လိုက်မင်းသား၏ ကြန်အင်လက္ခဏာနှင့် လုပ်ရည်ကိုင်ရည်ရှိပုံတို့ကို သဘောကျလေတော့၏။ မင်းသားအား လက်ဆက်ရန် သူ၏သမီး ခုနှစ်ယောက်အနက်မှ ကြိုက်ရာကိုရွေးဟု ဆိုလာလေသောအခါ ကိုဧရာက ကောက်ခါငင်ကာ အားနာစရာကြီးဟု ဆိုပါလေတော့သည်။ မသီတာက မျက်လုံးပြူး၍ ကြည့်မိလေရာ ပျာပျာသလဲ ရှင်းပြရှာလေသည်။ “ဟုတ်တယ်လေ ခုနှစ်ယောက်ထဲက တစ်ယောက်ရွေးရတော့ ကျန်တဲ့သူတွေ အားနာစရာကြီး” ဟူသတည်း…။
အော်… အားနာတတ်လိုက်ပါတဲ့ ကိုဧရာ။
*****
အားနာတတ်လွန်းသည့် ကိုဧရာနှင့် မသီတာတို့ အိမ်ရှင်အဖြစ် ဧည့်မခံနိုင်တာ ကြာပေါ့။ ဒါကြောင့်လည်း ကိုယ့်အကျိုးပေးနဲ့ကိုယ် ဘုန်းကြီးကျောင်းလိုနေရာမျိုးမှာပဲ ဧည့်သည်လုပ်နေရတော့သည်။ ထမင်းစားဖိတ်လိုသူများ တနေ့တည်းနှင့် ခြောက်ထပ်ဖြစ်လျှင် ဖြစ်ပါစေ။ အမှန်တကယ် စားသုံးရန် အရောက်လာခဲ့မည် ဖြစ်ကြောင်း ဤပို့စ်လေးဖြင့် သတင်းကောင်းပါးလိုက်ပါသည်။
19 comments:
ဖိတ်မယ်..လာခဲ့နော်။
mm
ကိုဧရာအားနာတတ်ပုံကိုတော့ သဘောကျသဗျို့..
း)
မသီတာ အားနာတတ်တာရော ရေးဦးလေ....။
အားနာတာကို Hesitate တစ်လုံးပဲသိတယ်...
တခြားရှိသေးရင်ပြောပြပါဦး...။
အဟိ.. ဦးဦးဧရာကြီးကလည်း အဲ့လောက်အားနာရလား
အားနာနေရင် ကိုယ်ခံသွားရမယ်။ အဲ.. သူများသာပြောရပါတယ် သားလည်းဦးလိုပဲဗျို့။း(
အန်တီသီတာရေ.. အားနာလို့အားနာလို့နဲ့ လွှတ်မထားနဲ့နော်.. ဟင်းဟင်း.. သိတယ်မှတ်လား။
ထမင်း ၆ ထပ်တောင်... ဘယ်လို စားကြမလဲ ဟင်... စားနိုင်မယ်လို့ မထင်ရဘူးနော်။
ထမင်းစားဖိတ်ရမှာ အားနာလိုက်တာ...
ဖိတ်ရမယ့် လူတွေက များလွန်းလို့...း)
အားနာရင် အားပါတတ်တယ်။
ချန်ထားရင်ရန်များတတ်တယ်။
စားပစ်ရင် အားဖြစ်တယ်..တဲ့။ ကျွန်မမောင်လေးတွေငယ်ငယ်တုန်းကဆိုဆိုနေတာကြားဖူးလို့ ပါ။ အစားအသောက်အတူတူဝိုင်းစားကြတိုင်းပြောကြတာ မှတ်မိသွားတယ် မသီတာရေ။
အားနာတတ်တာကို ဘယ်လိုဖျောက်ရမလဲ။ အမှန်တရားပေါ် ရဲရဲဝံ့ဝံ့ မရပ်တည်ရဲတာ ဆိုတာလည်း ဟုတ်မှာပါပဲ။ အလုပ်ထဲမှာ သင်တန်းတောင် တက်ခိုင်းနေတယ်။ assertiveness training တဲ့။
15 Jan 09, 22:44
kom: မြို့ပေါါ် သွားပြီးဆီကြိတ်တဲ့ ယောက်ကျားကို မိန်းမ ကမှတယ်။ ရှင် က အ ကအ သနဲ့။
15 Jan 09, 22:45
kom: မထင်စမ်းပါနဲ့ကွာ။
15 Jan 09, 22:45
kom: မြို့ရောက်တုံး ဆရာတီ ဝင်လိုက်ဦးမှဘဘဲ ပြနကာနီ.
15 Jan 09, 22:45
kom: ဆရာကတော်...အော် မောင်ဘယ်သူ.လာလေ့ကွယ် ဘာဖြစ်လိုံ့ ဆီ တွေ ယူလာရတာလည်း အားနာစရာ
15 Jan 09, 22:46
kom: ဒါနဲ့ဘဲ ဆီပုံးကြီး ဆရာအီမ်မှာကျန်ခဲ့ပါလေရော.
15 Jan 09, 22:46
kom: ကိုဧရာ တို့အိမ်မှာပေါ့.
အားနာတတ်ပုံများနော်။ တကယ်ပဲ နာနာတတ်ရန်ကောလား။
ထမင်းစားလာမယ်ဆို ဖတ်လိုက်တယ် အမရေ။
အားနာရင် အရောက်လာခဲ့နော်။
ဖတ်သွားပါ၏။
မသီတာ အားနာပုံလေး
အားနာတတ်ရင် ဆက်ရေးပါဦး... (ကွန်မန့်မပေးတတ်အောင်
အရေးကောင်းသော်လည်း အားနာ၍
ဤကွန်မန့်ကို ရေးမိသည်။ )
စာအရေးအသား ကောင်းတာကြောင့်
အားနာတတ်တာကိုက ခပ်ကောင်းကောင်း
ဖြစ်နေပြီနော်။
ကျွန်တော်လည်းပဲ အစ်ကိုဧရာကဲ့သို့
အားနာတတ်ပါကြောင်း။
နှစ်သက်စွာဖတ်သွားပါတယ်။
နွေးထွေးပျော်ရွှင်တဲ့ မိသားစုဖြစ်ပါစေဗျာ
ဟိ ဟိ၊ မီးမီးလည်း အားနာတတ်တယ်သိလား။ :P :P
ကိုဧရာ အားနာပုံက ဟိဟိ..။ အစာအိမ် နှစ်ခုများအပိုဆောင်ထားလေလား။ မင်းသမီး ခုနှစ်ယောက်လုံးကို “လွမ်းလို့ကျန်ရစ်ခဲ့မှာကို အားနာပါတယ်လေ” ဆိုနေသလိုလို...အခန်းဆက်လာရဦးမယ် ထင်တယ်..စောင့်မျှော်လျှက်....
ကိုဧရာရဲ့  အားနာတတ်ပုံလေးကတော့... ဟီးဟီး...
အဲဒီ လတစ်ဝက်မှာ ဘယ်နှစ်ကီလို တက်လာသလဲ မသီတာရေ...
စကားမစပ်...
ဒီတစ်ခါ အိမ်မှာ မုန့် ကျွေးရင် ဖိတ်အုံးမှာ...
"အားနာစရာကြီး."
သီတာရေသတိထားနော်
အားနာလို့ဆိုပြီး.. တော်ကြာ........ :)
ကိုဧရာ အားနာပုံက အားနာကောင်းလေးပဲ မသီတာရဲ့။ အထူးသဖြင့် ညီအစ်မ ခုနှစ်ဖော်ကို ရွေးရတဲ့ အခန်းမှာ အားနာပုံလေးက အမိုက်ဆုံးပဲ။ အင်း….ခက်ပါဘိတော့….ကိုဧရာလိုသာဖြင့် “ဒွေးမယ်နော်” ဇာတ်လမ်းဖြစ်လာမှာ မဟုတ်တော့ဘူး….။
ကော်မန့်တွေ ပြန်ဖို့တောင် အတော် နောက်ကျသွားပီ..
အားနာလိုက်တာ...
Post a Comment