Wednesday, January 14, 2009

သူတို့ လက်ရာ

ရေချမ်း.chris.cantata ကို ချန်းချန်း ဆွဲထားတဲ့ ပုံလေး ပြတော့ သူကလည်း ဒီလိုလေး ဆွဲလိုက်ပါတယ်။ Tag ပုံ လို့ ခေါ်လိုက်ကြစို့ …
ဒါကတော့ ရေစင်.sam.sonata ရဲ့ လက်ရာ "ကုလားမလေး" လို့ အမည်ရပါတယ်။

11 comments:

Yu Wa Yi said...

မင်္ဂလာပါရှင်။ ကျော်စရာမလိုပဲ ဘလော့ဂ်ထဲဝင်လို့ ရတဲ့နေ့ မို့ ပျော်ရွှင်စွာလာလည်ရင်း ကြည့်သွားပါကြောင်း။

PAUK said...

ဟားဟား..
ကောင်းတယ်လေ...မသီတာရဲ့..
ဆွဲထားတာလေးတွေ..စိတ်ကူးကောင်းတယ်..
အပေါ်ပုံလေးက စိတ်ကြည်လင်တယ်..
အောက်ပုံလေးက မြန်မာကိုသတိရစေတယ်..
ဒီနိုင်ငံမှာ ကုလားမရှိလို့လေ..
ချန်းချန်း ကိုပြချင်တာ..သူက အိပ်ပြီ..
နောက်ရက်မှ ပေးကြည့်မယ်နော်..
ရေစင်နဲ့ ရေချမ်းရေ...
ကြားယို....

ပေါက်

tg.nwai said...

ပန်းချီအကျော်အမော်လောင်းတွေပဲ...ချစ်စရာလေးတွေ.. သူတို့အတွက် ပန်းချီလက်ရာလေးတွေ scan လုပ်ပြီးတောင်သိမ်းထားသင့်တယ်နော်..။
ကလေးပန်းချီပြခန်းလေ...

Craton said...

wow.. ဘယ်ဆိုးလို့လဲ သူလေးက.. ဆွဲတတ်သား။ ရေချမ်းက ဘယ်အရွယ်ရောက်ပီလဲဟင်..

မီယာ said...

ပုံလေးတွေ သိမ်းထားမှာလား။ တော်လိုက်တဲ့ ကလေးတွေ။ အနုပညာ ပါရမီ ရှိကြပါပေတယ်။ မီယာတော့ ပုံတွေ အရမ်းဆွဲတတ်ချင်ပေမယ့် မလုပ်နိုင်ဘူး။ ခံစားပြီး ကြည်နူးနေတတ်တယ်။

ThuHninSee said...

ရေချမ်းရဲ့ အိမ်လေးကို သဘောကျတယ်။ သူလဲ စိတ်ကူးယဉ်တတ်မယ့် ပုံပဲနော်။ မြက်ခင်းစိမ်းနဲ့ အိမ်လေးတစ်လုံး၊ ကောင်းကင်ကြီးက ပြာလို့။

ရေစင်က ဘယ်ကုလားမလေးကို ကြည့်ပြီး ဆွဲ
ွဲသလဲမသိ။

sonata-cantata said...

မယုဝရီ ဒီကလည်း တွေ့ရတာ ၀မ်းသာလိုက်တာ။

ပေါက်ရေ သူတို့ဆွဲရင် တောင်ခြစ်မြောက်ခြစ်၊ color လည်း ကောင်းကောင်းမချယ်ဘူး။ ချန်းချန်းရဲ့ သပ်သပ်ရပ်ရပ်ပုံလေးပြလိုက်တော့မှ ဒီလောက်ထွက်လာတာ။

tg ရေ ပဂျော်ဂျီတွေရဲ့ လက်ရာတွေ သိမ်းထားရမယ်လား။ အဖိုးကြီး အဖွားကြီး ဖြစ်တော့ ထုတ်ရောင်းစားရတာပေါ့ကွာ။

Crton ရေ ရေချမ်းက ၁၁နှစ်တောင်ရှိပြီ သားသားအရပ်ကို ကျော်တော့မယ်။ စ, တာနော်။ သူ့အရွယ်နဲ့ဆို သူဆွဲတဲ့ ပုံက ရယ်စရာ..ကလေးကိုကွယ်ရာမှာ အတင်းပြောနေတာ ရော့ အမေ ဆွဲပါလားဆိုရင် အင်း..အဲ လုပ်တော့မှာ..လူကြီးတွေ ဒီလိုပဲ။

မီယာရေ အစ်မလည်းတူတူပဲ ..တို့မှာ ခံစားတတ်တဲ့ အသည်း နှလုံးတော့ ရှိပါတယ်ကွာ နော့။ (ကြုံတုန်း ကြော်ငြာဝင်ထားဦးမှ)

မွန်ရေ ရေချမ်းက စိတ်ကူးလည်းယဉ်တယ်။ ရယ်စရာလည်း ကောင်းတယ်။ အခုသူက အဖေနဲ့ အမေကြားဝင်တတ်နေပြီ... (အားကျစေချင် လွန်းလို့)
ရေစင့်ပုံက ကျောင်းက ဆွဲလာတာ.. သူ့ ဆရာမက ကုလားမလေး လေ...

CBox မှကူးယူသည်။

14 Jan 09, 23:31
ပေါက်: ပုံလေးတွေ ချစ်စရာ..နောက်ရက်မှ ချန်းကိုပြမယ်နော့..
14 Jan 09, 23:33
ယုဝရီ: ဟလို..ဟလို
14 Jan 09, 23:54
kom: ကုလားမလေးက လှတယ်။တို့နဲ့တူတယ်။
15 Jan 09, 03:17
mm:
15 Jan 09, 07:39
myatnoe:
15 Jan 09, 07:40
myatnoe: အငယ်လေးက ကုလားမလေးကိုဆွဲတယ် သူငယ်ချင်းကိုဆွဲတယ်ထင်ပ
15 Jan 09, 07:42
myatnoe: အကြီးလေးရဲ့ မိုးကုပ်စက်ဝိုင်းနဲ့ ငှက်ကလေး တွေဆွဲထားတာ .မိုက်တယ်
15 Jan 09, 08:52
Republic: ပုံလေးတွေက မိုက်တယ်

မဇနိ said...

ပုံလေးတွေက ချစ်စရာလေးတွေ။
သူတို့ပုံဆွဲချင်စိတ်ရှိတာကိုက ချစ်ဖို့ကောင်းတယ်နော်။

မဇနိ said...

ပုံလေးတွေက ချစ်စရာလေးတွေ။
ပုံဆွဲချင်တဲ့သူတို့စိတ်ကိုက ချစ်ဖို့ကောင်းနေတာ။

တန်ခူး said...

မ ရေ… သူတို့ လက်ရာလေးတွေက သူတို့ နှလုံးသားလေးတွေလို ဖြူစင်ရိုးသားလို့ …
ပန်းချီလေးတွေက ချစ်စရာကောင်းလိုက်တာ…

မေအောင် said...

မီးမီးလည်း ကလေးနှစ်ယောက်ရရင်
အဲလိုတော်အောင် သင်ပေးဦးမှာ.....။