
ချယ်ရီတဲ့လား
ရိုးရှင်းတဲ့ မင်းအလှ
ယဉ်စစလေးပါလားကွယ်
စိတ်တော့ မရှိနဲ့နော်
ဟိုလေ…ဟို…
အေးစက်လွန်းနေသလား လို့

လှရက်ပါပေ့ ကျူးလစ်ရယ်
ကျော့ရှင်းနေလိုက်ပုံများ
တောင့်ပါပေ့ ဖြောင့်ပါပေ့
ခက်နေတာက
ကိုလေ…မင်းကို
မယဉ်ပါးလို့ပါ
Sorry ကွာ

Hello အော့ခစ်
တမျိုးချစ်စရာလေးပါလား
မင်းအလှတွေနဲ့ ဖမ်းစား
မြင်သူ ရူးလောက်ရဲ့ကွာ
ဒါပေမဲ့ ဟိုလေ…
မြင်နေတယ်
နောက်ကွယ်မှာ…
မာယာတွေလား လို့

မိပိတောက်ရေ
ငယ်ချစ်ဦး
နှုတ်ခမ်းစူမနေနဲ့ဦး
တို့သိပါတယ်ကွာ
တယောက်ကို တယောက်
မင်းကလည်း
မပြောင်းတဲ့ အစစ်တွေနဲ့…
ကိုယ်ကလည်း
မဟောင်းတဲ့ အချစ်တွေနဲ့…
ချယ်ရီ Japan, ကျူးလစ် Western, အော့ခစ် Singapore နဲ့ ပိတောက် မြန်မာ တို့ကို ခံစားသည်။
(ကျူးလစ်ပုံမှာ ကရေတွန်၏ ကျူးလစ် အစစ်တွေမှ ဖြစ်ပါသည်။ ကျန်ပုံများကို google search မှရယူပါသည်။)
16 comments:
တောင်ပေါ်သူမို့ အေးစက်တဲ့ချယ်ရီတွေနဲ့ ပဲ
ရင်းနှီးခဲ့တာ ခွင့်လွတ်ပါ...
ဟီးဟီး
မသီတာရေ...
ကဗျာလေးက ချစ်စရာ.. ပြီးတော့ သင်္ကြန်နဲ့ ပိတောက်ရဲ့ အလွမ်းတွေကိုလဲ ခံစားလို့ရနေတယ်...
အလွမ်းတွေကြားကပဲ ရယ်စရာ ကဗျာလေးတစ်ပုဒ် ရေးပေးခဲ့ပါရစေ...
တယောက်ဆို တယောက်
ပိတောက်ဆို ပိတောက်
ပိတောက်ခြောက်မှ နောက်တယောက် တဲ့...
သင်္ကြန်နားနီးတော့ တယောက်ဆို တယောက် ပိတောက်ဆို ပိတောက် သတိရနေတာလား မသီတာရယ်..ဟဲဟဲ။
ပေါက်ပြောတာလည်းမှန်တာပဲ..တောင်ပေါ်သူမို့ ချယ်ရီကိုသာ ပန်ကာ ကျေနပ်ကွယ်..။
တို့ကတော့ ပိတောက်ရနံ့သင်းတဲ့ အတာမှ အတာပီသတယ်လို့ ထင်ပေမယ့် ကြွေလွယ်ပြီး ရနံ့ပြောင်းသွားတတ်တဲ့ ပန်းမို့သိပ်မကြိုက်လှဘူး..။
အတွေးလေးတွေနဲ့ တင်ပြပုံလေးကို သဘောကျသွာါးပါတယ်.မသီတာ..
ကဗျာဖတ်ပြီး စိတ်ချမ်းသာတယ်..
ဒီနေ့ကော မသီတာ စိတ်ကြည်တယ်နော် :P
ခင်မင်လျှက်..
မလေး
အစ်မသက်ဝေရေးတဲ့ကဗျာကို နောက်ဗားရှင်းတစ်မျိုးကဒီလိုပါတဲ့..
“တစ်ယောက်ဆို တစ်ယောက်
ပိတောက်ဆိုပိတောက်
အခြောက် ဆိုအခြောက်ပဲ” တဲ့။ ဟိဟိ
ပျော်ရွှင်ပါစေ မသီတာ။ ပန်းတွေလှတယ်။
ပိတောက်ပွင့်တွေကို ဝေနေလည်း ချစ်၊ ကြွေနေလည်း ချစ်တယ်။ မွှေးပျံ့ချိုအီတဲ့ ပိတောက်နံ့ကို အချစ်ဆုံးပဲ။
ကဗျာလေးအတွက် ကျေးဇူးပါ။
တွေးထားပုံလေးက သဘောကျစရာ
ပိတောက်က နှုတ်ခမ်းစူတတ်သလား :)
ပန်းတွေနဲ့ တင်ပြသွားတာလေးကောင်းတယ်
အိုင်ဒီယာလေး အတုယူသွားတယ်။
ပန်းတွေအားလုံးကို ကြိုက်တဲ့သူပါ။
အဟား- မသီတာ ကဗျာလေးက..အမိုက်စား..ချစ်စရာလေး။
ဒါမဲ့ မိပိတောက်က.. တနှစ်မှ တခါဆိုတော့လည်း..ကြားကား ဆွဲ သင့် ဆွဲရ အုံးမယ်လေ။း)
ပုံလေးတွေနဲ့ ကဗျာလေးက ချစ်စရာ
တခုပဲ
နှုတ်ခမ်းက စူတာပါ မသီတာရဲ့.. မဆူနဲ့ လေ..
မမက သူများစာလုံးပေါင်းအမှားဆို အင်မတန်မြင်..း)
ကိုယ့်စာ အမှားတွေ ဆို မသိချင်ယောင် ဆောင်တတ်တာ..း)
very good presentation! မမ
ပန်းပိတောက်ကို ချစ်တယ်.... အစ်မ...
တယောက်ကို တယောက်
မင်းကလည်း
ကိုယ်ကလည်း
ပိတောက်တခုထဲကိုသာရည်ရွယ်သည်မထင်
စိတ်ကူးလှလှ
အတွေးလှလှနဲ့ တို့အစ်မတော့
သင်္ကြန်ကို လွမ်းတယ်ထင်ပါတယ်။
လေးစားလျက်
Very beautiful poem!!!!! Feel that it has a deeper meaning.
BRAVO!
ခံစားချက်ခြင်းတူလိုက်တာ မ ရယ်…
ချယ်ရီက အပြင်မှာ တခါမှ မမြင်ဘူးတော့ စိတ်ထဲ သိပ်မရင်းနှီးသလိုပဲ
ကျူးလစ်ဆို ပိုတောင်အလှမ်းဝေးသေးတယ်…
သစ်ခွကိုတော့ တကယ်ကို ချစ်လို့ မရတာ မ ရေ…
မိပိတောက်ကို တယောက်ဆိုတယောက်ထဲတော့ မကဘူး…
မျက်နှာများတယ်ပြောပြော ကံ့ကော်၊စံပယ်၊ခရေ၊ဇီဇ၀ါ၊ယုဇန၊သနပ်ခါး… အင်းးး ကေပြောသလို ကြားကားတွေများနေပြီလား မသိ….
Post a Comment