“ဟုတ်ကဲ့ အန်တီမြ မနေ့ကမှ ချိုချိုပြောလို့ သိပါတယ်။” (ချိုချိုက အန်တီမြ သမီး ကျမ သူငယ်ချင်း)
“အဲ့ဒါသမီးတို့ လမ်းထဲက ဘဘတယောက်ကို စာရင်းထည့်ပေးဖို့ သမီးတို့ လမ်းထဲကပဲ မမအိက စာရင်းလှမ်းပေးတယ်။”
“အေး သမီးရယ် အဲ့ဒါ အန်တီတို့က မနေ့ကပဲ ၁၅ယောက်နဲ့ စာရင်းပိတ်လိုက်လို့ မပါနိုင်တော့ဘူးလို့ အဲ့ဒီ ဘဘ ကို ပြောပေးပါနော်။”
(ဟမ်…အန်တီမြကလည်း စာရင်းပေးတဲ့ မမအိကတဆင့်တော့ အကြောင်းမပြန်ခိုင်းပဲနဲ့ ဘာလို့ ငါ့လာ အကြောင်းပြန်ခိုင်းနေပါလိမ့် အော် သူ့သမီးသူငယ်ချင်းဆိုတော့ ငါကို ပြောမနာ ဆိုမနာ သဘောထားလို့ နေမှာပေါ့လေ နောက်ပြီး ဘဘဦးကလည်း ငါတို့ခေါင်းရင်းအိမ်က မဟုတ်လား လို့ စိတ်ထဲက တွေးရင်း) နှုတ်ကတော့…
“ဘာဖြစ်လို့လဲ အန်တီမြရဲ့ သမီးမေးပါရစေနော် ၁၆ယောက်ဖြစ်လို့ရော မရဘူးလား။”
“အန်တီမြတို့က ၁၅ရယ် ၁၆ရယ် မဟုတ်ပါဘူး သမီးရယ် နေရာအခက်အခဲနဲ့ အခြားစီစဉ်စရာတွေနဲ့ အားလုံး စဉ်းစားပြီး လုပ်ရတာမို့ပါ…အေးပါ သမီးရယ် အန်တီ အဖွဲ့ကို ပြန်ပြောကြည့်ပါဦးမယ်။”
“ဟုတ်ကဲ့ပါ အန်တီမြ။ ဒါနဲ့ အန်တီမြတို့ လမ်းထဲက လူငယ်တွေ ယိမ်းအကလေးတွေ ထွက်ကြမယ်လို့လည်း သမီးသိထားပါတယ်။ အဲ့ဒါ သမီးတို့ လမ်း အဖွဲ့ကလည်း ဧည့်သည်တော်အဖြစ်ပါလို့ မရဘူးလားဟင်။”
“ကောင်းတာပေါ့အေ။ သမီးတို့ လမ်းက လူငယ်တွေက ညီလည်း ညီတယ်။ သွက်သွက်လက်လက် ချက်ချက်ချာချာလည်း ရှိကြတယ်။ အန်တီတို့ လမ်းက ကလေးတွေက ငယ်ကြသေးတော့ သိပ်မသွက်ကြသေးဘူး။ အန်တီလည်း ရိုးရာ အမွေအနှစ်ကလေးတွေ မပျောက်ပျက်အောင် ကလေးတွေကို လက်ဆင့်ကမ်းတဲ့ သဘောနဲ့ ကြိုးစားလုပ်ကြည့်တာပဲ၊ သက်ကြီးပူဇော်ပွဲကတော့ ဂါရဝတရားကို နားလည်တန်ဖိုးထားတတ်အောင် ကန်တော့ခံ လူကြီးတွေ အနေနဲ့လည်း ပီတိဖြစ်ရအောင်ပေါ့ကွယ်။”
“ဟုတ်ကဲ့ နားလည်ပါတယ် အန်တီမြ” ဟု ကျမ မြန်မြန်ဆန်ဆန် နှစ်နှစ်ကာကာ ပင် ဖြေလိုက်နိုင်ပါသည်။ (ကျမတို့ လမ်းမှ လူကြီးတွေကလည်း ထိုကဲ့သို့ပင် ဆုံးမသွန်သင်ထားသဖြင့် အန်တီမြကတောင် ကျမတို့ လမ်းက လူငယ်တွေတော်ကြောင်း ချီးမွမ်းလိုက်သည် မဟုတ်ပါလား)
“အေးအေး သမီးတို့ လမ်းက လူကြီးတွေဆီ ခွင့်တောင်းပြီး အကြောင်းပြန်ပေါ့ကွယ် အန်တီမြတို့တော့ တီးဝိုင်းအဖွဲ့နဲ့ ဒီလာမဲ့ စနေ အစမ်းတိုက်ကြမယ်။”
“ဟာ ဟုတ်လား အန်တီမြ ဒါဆို သမီးတို့ အဖွဲ့ ပါရမယ်ဆို သမီးတို့ အစီအစဉ်နဲ့ သမီးတို့ လာပါ့မယ်။ တီးဝိုင်းအဖွဲ့နဲ့ တိုက်ဖို့တော့ မမှီလောက်တော့ဘူး။”
ကျမက အားပါးတရ တက်ကြွစွာပြောနေမိသည်။ အန်တီမြကတော့…
“အေးပါကွယ် မမကြည်တို့ကို သာ သေချာခွင့်တောင်းပြီး ရတယ်ဆို လာခဲ့ကြပေါ့” ဟုသာ ပြောနေသည်။
“သမီးတို့ပါရရင် ပွဲမတိုင်ခင်တော့ အန်တီမြတို့ကို အယင်လာ ကပြပါမယ်” ဟု ပြောခဲ့လိုက်သည်။
“ငါလည်း မမကြည်ကို ငါတို့ ပါချင်တာပါ ပြောရင် ခွင့်မပြုမှာ စိုးလို့ … ဟိုဘက်လမ်းက ကျမတို့ကို ဖိတ်ပါတယ်လို့ ပြောတာပေါ့။ ဒီတော့ မမကြည်က … ဟေ့ အားလုံးက ကိုယ့်အကျိုးအတွက် ကိုယ်လုပ်နေကြတာ ညီးတို့က သွားကြတော့ ဘာအကျိုးရမှာ မလို့လဲ။ ရန်ပုံငွေ ကောက်ရသမျှကို သူတို့လမ်းအတွက်ပဲ သုံးမှာ ညီးတို့ သွားတော့ ကိုယ့်လမ်းအတွက် ဖလားခံလို့ ရမှာမလို့လား။ ညီးတို့က သွားနေကြတော့ ကိုယ့်လမ်းထဲမှာ ဘယ်သူတွေ လုပ်ကြမှာတုန်း။ ငြင်းလို့ရရင် ငြင်းလိုက်အေ။ ငြင်းမရလို့ သွားရရင်လည်း ညီးတို့ အဖွဲ့ဟာ နွယ်သာကီကို ကိုယ်စားပြုတယ်ဆိုတာတော့ လူသိခဲ့ပစေ... လို့ ပြောလိုက်တယ်။”
“နွယ်နွယ်ရယ် ဒါဆို ဘယ်လိုကြီးလဲ... ကျမက လွယ်လွယ်လေးထင်ခဲ့တာ” ဆိုတော့ နွယ်နွယ်ကလည်း…
“မလွယ်ဘူး... လွယ်တော့ မလွယ်ဘူး နေဦး” လို့ဆိုနေတုန်း…
“ဟာ အမေကလည်း ဒါဆို သမီးတို့က မလုပ် မရှုပ် မပြုတ် လမ်းစဉ်ထဲဝင်သွားမှာပေါ့။”
အမေက ဆက်ပြောသည်။
“သမီးကလည်းကွယ် မနှစ်က တို့လမ်းက ရေပက်မဏ္ဍပ် လုပ်ပေးတုန်းက ပျော်ပျော်ရွှင်ရွှင် စည်စည်ကားကားဖြစ်အောင် လုပ်ပေးခဲ့တာပဲ မဟုတ်လား။ ရေပက်တဲ့သူတွေအားလုံး ဝတ်စုံဆင်တူ၊ လမ်းထဲက အုန်းလက်တွေခုတ်ပြီး အုန်းရွက် ခမောက်လေးတွေတောင်ပါလိုက်သေး။ နားတဲ့ အချိန်မှာလည်း စားစရာ သောက်စရာ မလစ်လပ်စေရအောင်နဲ့ ကိုယ့်လမ်းက သမီးပျိုတွေကို ဣန္ဒြေရရ ရေကစားနိုင်ဖို့ ထောင့်စေ့အောင် လုပ်ခဲ့တာပဲ။ ညီးတို့တွေ နားချင်မှ အခြားလမ်းက ကစားချင်သူတွေ အလှည့်ပေးခဲ့တာ မဟုတ်လား။ ညီးတို့တွေ သူများလမ်း သွားရတော့လည်း မျက်နှာများ အောက်ချရမလားလို့ လူကြီးတွေက တွေးချင်တွေးမပေါ့အေ။ သူတို့က ရေပက်မဏ္ဍပ်တော့ မဟုတ်ဘူးနော်။ ငါ့အထင်တော့ ဒီနှစ် သူတို့အားကျမခံ ထလုပ်တာဖြစ်မယ်။ ထည့်စဉ်းစားစရာတွေက အများကြီးပါအေ…” တဲ့ (လူကြီးတွေ စဉ်းစားပုံက ကျမတို့နှင့်တော့ မတူ)။
“သမီးတို့ အဖွဲ့ ဘယ်လိုတုန်း” လို့ မေးလာတော့…
“လူကြီးတွေကို ပြောထားပါပြီ အန်တီမြ အဲ့ဒါ ပြောပေးတဲ့ အမနဲ့လေ စကားမပြတ်ခင် သူအလုပ်ပေါ်လို့ လာမည့် တနင်္ဂနွေတော့ သမီး အတိအကျ အကြောင်းပြန်ပါမယ်နော်…” ဟုသာ မယုတ်မလွန် ဆိုရပါသည်။ အမှိုက်ကစ ပြဿဒ်မီးလောင် တတ်ပါသေးသဖြင့် ဆရာမှတ်ရဲ့ နွယ်နီနှင့် နွယ်သာကီ ကပ်လျက်နေရင်း စစ်မဖြစ်အောင် ကျမ အစစမှာ သတိထားရပါမည်။
Wednesday, April 1, 2009
Blood is thicker than Water
သင်္ကြန်ပွဲ နီးလာပြီ ဆိုတော့ ဟိုဘက်လမ်းက လမ်းထိပ်မှာ မဏ္ဍပ်ထွက်မယ် အသံကြားတယ်။ တို့လမ်းကရော ဘာတွေများလုပ်ကြမှာပါလိမ့်… လုပ်တော့ လုပ်မှာပါလေ နှစ်တိုင်းလုပ်နေကျပဲဟာ။ နွယ်နီနဲ့ နွယ်သာကီက ဆရာမှတ်ရပ်ကွက်က ကပ်လျက်လမ်းလေးနှစ်ခု။
နွယ်နီက အန်တီမြက ရပ်ရေးရွာရေး လူမှုရေးမှာ တော်တော်လေး တက်တက်ကြွကြွ ရှိတယ်။ သနပ်ခါးလုပ်ငန်း ပိုင်ရှင်လည်းဖြစ်လို့ ငွေရေးကြေးရေးမှာလည်း တောင့်တင်းသလို လမ်းထဲမှာလည်း သြဇာညောင်းတယ်။ နွယ်နီလမ်းက မဏ္ဍပ်ထွက်မယ် ဆိုတာကိုတော့ အဲ့ဒီလမ်းထဲနေတဲ့ ကျမ သူငယ်ချင်းမီမီက သတင်းပေးတာ၊ သူကတော့ စိတ်မဝင်စားလို့ မပါ,ပါတဲ့။
ကျမတို့ နွယ်သာကီမှာလည်း လမ်းထဲက အဒေါ်ကြီးတွေ ရှိပါတယ်နော်။ ဟိုတနှစ်ကတော့ မမကြည် ဦးစီးပြီး လမ်းထိပ်မှာ ရေပက်မဏ္ဍပ် လုပ်ပေးတယ်လေ...။ ဒီနှစ်တော့ မမကြည်ပဲ ခရီးထွက်နေလို့လား ဘာသံမှကို မကြားရသေး။ နှစ်တိုင်းလုပ်နေကျ အိမ်တအိမ်ရှေ့မှာစုပြီး မုံ့လုံးရေပေါ်တွေလုံး တလမ်းလုံး စတုဒီသာ ကျွေးတာတို့၊ ခေါင်းလျော်ရေ ဝေတာတို့၊ နှစ်ဆန်းတရက်နေ့ ပရိတ်တရားနာတာတို့တော့ မပျက်မကွပ်လုပ်ကြမှာပါလေ။ ကျမ စိတ်ဝင်စားနေတာက နွယ်နီလမ်းက လုပ်မယ်ဆိုတဲ့ အက အလှ သဘာ၀ မဏ္ဍပ်။ အန်တီမြကိုတွေ့မှ မေးကြည့်ရဦးမယ်။
“အော် သိပြီ သမီးတို့ခေါင်းရင်းအိမ်က ဘဘဦးကို ပြောတာထင်တယ်။ ဟုတ်တယ် သူက အသက် ၇၄နှစ်ရှိပြီ။ မနက်ကပဲ အိမ်ရှေ့ ရေဖျန်းနေတုန်း ဘဘအမျိုးသမီး ကြီးကြီးဝင်းကတောင် အဲ့ဒီအကြောင်း လှမ်းပြောသေးတယ် သူလည်း ဖြစ်မြောက်ရေးအတွက် အလှူငွေ ထည့်ချင်လို့တဲ့။”
အန်တီမြရဲ့ ခွင့်တောင်း… ခွင့်တောင်းဆိုတဲ့ စကားက ကျမနားထဲ ဆန်းဆန်းကြီး စွဲထင်ကျန်ခဲ့လို့ မမကြည်နဲ့ အန်တီမြတို့ အကြောင်း ဆက်ပြီးစဉ်းစားနေမိတယ်။ အယင်က ရွာကြီးတရွာဖြစ်ခဲ့ပြီး ဆရာမှတ်လို့ အမည်ရလာတဲ့ ဒီရပ်ကွက်ထဲမှာ မမကြည်က နွယ်သာကီလမ်းမှာ ငယ်ကတည်းက ကြီးတာ၊ အန်တီမြကလည်း နွယ်နီလမ်းမှာ ကြီးတာ၊ ကျမ မိဘတွေက ကျမမွေးပြီးမှ နွယ်သာကီလမ်းထဲ ပြောင်းလာတာ၊ ကျမ ခန့်မှန်းသိရသလောက်တော့ မမကြည်က အန်တီမြထက်အသက် လည်း ကြီးတယ်။ ဗိုလ်ချုပ်ဈေးထဲမှာ ဆိုင်ခန်းနှစ်ခန်းတွဲလား သုံးခန်းတွဲလား ဖွင့်လာတာ ရှေးပဝေသဏီ ခြောက်ထပ် ကတည်းက။ အန်တီမြတို့ကတော့ အယင်က အန်တီမြ ယောကျ်ားက ဝန်ထမ်း၊ နောက်မှ အန်တီမြ သနပ်ခါးလုပ်ငန်းလုပ်မှ ဗိုလ်ချုပ်ဈေးသစ်ထဲ ဆိုင်ခန်းဖွင့်တာ။ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ် မျက်နှာချင်းဆိုင်နေကြပြီး တန်းတာတော့ ခပ်တန်းတန်းပဲ…ဟူ၍သာ…။
နောက်တခုက ကျမတို့ လမ်းထဲက လူငယ်တွေ အရည်အချင်းရှိတာလည်း အမှန်။ နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီလမှာ ကျင်းပတဲ့ ဆွမ်းကြီးလောင်းပွဲတော်ခေါ်တဲ့ ဆွမ်းသိမ်းပွဲမှာတော့ ဆရာမှတ်ရပ်ကွက်က ပန်းအမည်ကိုယ်စီနဲ့ လမ်းတိုင်းမှာ ဆိုင်း၊ ရုပ်ရှင်၊ အငြိမ့် စသဖြင့် ဖျော်ဖြေရေးတွေသာ လှိုင်လှိုင်ထည့်ကြသည်။ ဒီနှစ်မှာတော့ နွယ်သာကီလမ်းက လူငယ်တွေက ထူးထူးခြားခြား ဖျော်ဖြေရေးတွေ အစား ပွဲတော်နှင့်လည်း လိုက်ဖတ်ညီစွာ နိဗ္ဗာန်ရောက်ကြောင်း တရားပွဲတွေကို သုံးညတိုင်တိုင် အောင်အောင်မြင်မြင် စီစဉ်နိုင်ခဲ့သည်။ ဆရာမှတ်တလွှားမှာတော့ နွယ်သာကီဟေ့ ရယ်လို့ ရေပန်းစားခဲ့ရသည်။ ထိုကဲ့သို့ စည်းလုံးပြီးသား ညီညွတ်ပြီးသား ခွန်အားရှိပြီးသာ ကျမတို့ နွယ်သာကီလူစုကို ဒီဧပရယ် သင်္ကြန်ပွဲမှာလည်း တနည်းတဖုန် ပွဲထုတ်ချင်မိသည်။ ကျမ အမြင် ပွဲလေးတွေက စိတ်နေပါမှ လက်ရေးသွေးနေပါမှ သွေးမအေးမှာလည်း ဖြစ်သည်။ သူများပွဲမှာ လူတတ် လူစွာကျယ်လုပ်ဖို့လည်း လားလားမှ စိတ်မကူးပါ။ ဖေးဖေးမမနှင့် လက်တွဲကူကြမည်သာ ဖြစ်ပါသည်။
အင်း လမ်းထဲကလူကြီးတွေကို ပြောပြ ခွင့်တောင်းရမယ်။ အိမ်ချင်းမျက်နှာချင်းဆိုင်နေပေမဲ့ မျက်နှာထားတည်တဲ့ မမကြည်ကို ငယ်ငယ်ကတည်းက ဖြုံတာတော့အမှန်။ အင်း ဟုတ်ပြီ နွယ်နွယ့်ကို ပြောခိုင်းရမယ် သူက မမကြည်နဲ့ ပိုနီးစပ်တယ်။ နှုတ်ခမ်းပေါ်မှာ မှဲ့ကလေးပါတဲ့ ကျမအမရဲ့သူငယ်ချင်း နွယ်နွယ်က လူကြီးနဲ့ ပြောရမလား၊ လူငယ်နဲ့ ပြောရမလား၊ နှုတ်စ အာစကတာ့ ထက်တယ်။ ဟန်ကျတာပဲ မမကြည်လည်း မနေ့ကပဲ ခရီးကနေ ပြန်ရောက်လာတယ်။ နွယ်နွယ်ကလည်း ပြောပေးမယ်တဲ့ သူတောင်ပါလို့ မရဘူးလားလို့ နောက်သေးတယ်။ ကျမလည်း စင်ပေါ် မတက်ပါဘူး။ အဖြစ်မရှိဘူး နောက်ကပဲ ဇတ်လမ်းရေးပေးမှာ။ ကျမတို့ အဖြစ်မရှိတာကလည်း ငယ်ငယ်က ဖြစ်ဖြစ်မြောက်မြောက် လုပ်ခွင့်မသာခဲ့ဘူးလေ။ ဒါကြောင့် နောက်တက်လေးတွေကိုတော့ လုပ်စေချင်တယ်။ လုပ်ဖြစ်အောင်က ကျမတို့က စီစဉ် ပံ့ပိုးပေးရမှာ။ ဒါကြောင့်လည်း ကိုယ့်လမ်းက မလုပ်ဖြစ်တောင် သူများလမ်းမှာ ပူးပေါင်းတာပေါ့။ အချိန်၊ လိုအပ်လျှင် ငွေပါ စိုက်ထုတ်မည့် ကျမရဲ့ စေတနာထက် ပူးပေါင်းပါဝင်ကြမည့် လူငယ်တွေရဲ့ ရှည်လျားစွာလျှောက်ရဦးမည့် အနာဂတ်လမ်းက များစွာပိုလို့ အရေးကြီးပါတယ်။
အဲ့ဒီညက ကျမ အိပ်မပျော်နိုင်။ ပါခွင့်ရပါ့မလား။ ပါရရင်ရော ဘာတွေ ဘယ်လို တင်ဆက်ကြမလဲ တွေးကာတွေးရင်း ရင်တွေပူပြီး လူးကာလိမ့်ကာနဲ့။
နောက်တနေ့ည ၇နာရီခွဲလောက် နွယ်နွယ်တောင် ညနေစာ ထမင်းစားပြီးမပြီးမသိ သူ့အိမ်ရှေ့ကနေ သွားခေါ်ပြီး ဘယ်လိုလဲ မေးတော့၊ နွယ်နွယ်က…
“သမီးရေ နွယ်နွယ် ထမင်းပြင်တော့ဟေ့” လို့ အိမ်ပေါ်က လှမ်းခေါ်လိုက်သံကြောင့် နောက်မှ တွေ့မယ်ဆိုပြီး စကားဖြတ်ခဲ့ရတယ်။
အတွေ့အကြုံ ရင့်ကျက်လှပါသော မမကြည် ပြောတာတွေက ဟုတ်သလိုလို မဟုတ်သလိုလို ခိုးလို့ခုလုနဲ့ အိမ်ပြန်လာပြီး ညစာစားနေတဲ့ အမေကို ဖြစ်ကြောင်းရယ်ကုန်စင် ပြောပြတော့ အေးအေးနေတတ်တဲ့ အမေက…
“ဒါဆိုလည်း ဟိုဘက်လမ်းကို အချိန်လည်း သိပ်ကပ်နေပြီမို့ စီစဉ်ဖို့ မဖြစ်နိုင်တော့ကြောင်း ကြည့်ကောင်းအောင်သာ ပြောလိုက်ပါတော့ သမီးရယ်” တဲ့…။နောက်တနေ့ ဈေးသွားတော့ အန်တီမြနှင့် ဆုံပြန်ပါသည်။ ကိုယ့်ဖက်က ဘာမှမရေရာသေးသဖြင့် ရွံ့တွံ့တွံ့ဖြစ်နေတုန်း “သမီးရေ အန်တီမြ လမ်းထဲက အဖွဲ့တွေနဲ့ ပြန်တိုင်ပင်ပြီး ကန်တော့ခံလူကြီး ၂၀လောက် အထိ တိုးဖို့ ဆုံးဖြတ်လိုက်တယ်။ ဘဘဦးကို အန်တီမြ ဖိတ်စာပို့လိုက်မယ်လို့ ပြောလိုက်ပါနော် သမီး” တဲ့။
“ဟုတ်ကဲ့ ဟုတ်ကဲ့ အန်တီမြ” လို့ ခေါင်းငုံ ဆိုနေတုန်း အန်တီမြကကျမက နွယ်သာကီသူမို့ နွယ်သာကီအမွှန်းတင်နေခြင်း မဟုတ်ပါ။ တကျောင်းတဂါထာ တရွာတပုဒ်ဆန်း ဆိုသလို ဆရာမှတ်၏ ပန်းအမည်နဲ့ လမ်းကလေးတွေမှာ နေထိုင်သူတွေကလည်း သူ့အလှနှင့်သူ အလှကိုယ်စီရှိကြပါသည်။ နွယ်နီက ကျမသူငယ်ချင်း မီမီ၊ သူ့လမ်းက လုပ်တာ စိတ်မဝင်စားဘူး ပြောနေသူက မသိရင် ညစ်ကျယ်ကျယ် ပုံပေါက်နေပေမဲ့ သူများထက် အနစ်နာခံတတ်သူ တယောက်ဖြစ်သည်။ ပွဲသွားနေကြလို့ ကျမတို့လမ်း မုံ့လုံးရေပေါ် လုံးမဲ့သူ နည်းနေလို့ဟေ့ ဆိုပြီး သူ့သွားခေါ်ကြည့်... ဘယ်သူ့မျက်နှာမှ မကြည့်ပဲ မဆိုင်းမတွ လာမည့်သူ ဖြစ်သည်။ သရဖီလမ်းထဲ နေသူများကလည်း သူ့လမ်းအမည်နှင့် လိုက်ဖက်စွာ ရိုးသားအေးဆေးကြသည်။ သရဖီလမ်းက ကျမသူငယ်ချင်း ခိုင်ခိုင်ကိုပဲကြည့် စာအတော်ကြီး မဟုတ်ပေမဲ့ ပြောတာဆိုတာ အပို အလို မရှိ၊ ဝတ်တာ စားတာ ရိုးရှင်းပြီး၊ စည်းစနစ်ကျသူ ဖြစ်သည်။ အာသဝတီလမ်းကလည်း တမျိုးလှပြန်သည်။ တော်ဝင်သည် လို့ပဲပြောရမလား။ လမ်းထဲမှာ သူကြွယ်ပေါသည်။ အဝေးက ကြည့်လျှင် ကိန်းကြီးခန်းကြီးဟန်တော့ ပေါက်ကောင်းပေါက်နေမည်။ အာသာဝတီက ကျမသူငယ်ချင်း မေ ကို အနီးကပ်ပေါင်းကြည့်မှ နုနယ် လှပနေတဲ့ မွေးရာပါကို မနာလို ဖြစ်စရာ အကြောင်း ကျမတို့မှာမရှိသလို အပြင်ပုံပန်း သဏ္ဍာန်နှင့် လိုက်ဖက်စွာ နူးညံ့ဖြူဖွေးသည့် စိတ်ထား မေ့မှာရှိတာသိရသည်။
ကျမလမ်းထဲက လူငယ်တွေ ခေါ်ပြီး နွယ်နီက မဏ္ဍပ်ကို သွားဖို့ မနိုင်မနင်းဖြစ်နေပါရင် ကျောင်းဆရာမမို့ ကလေးတွေကို နိုင်နင်းတဲ့ ခိုင်ခိုင်က ကလေးထိန်းလိုက်ပေးမည်ပင်။ စင်ပေါ်တက်ကြရမှာမို့ မိတ်ကပ်ချယ်ဖို့ ဝတ်တာစားတာ စတိုင်ကျဖို့ မေကလည်း ကူညီမည်ပင်။
ကျမတို့အားလုံးသည် ဆရာမှတ်၏ သားသမီးများပင် ဖြစ်ကြသည်။ အကယ်၍များ ကျမတို့ မပါဝင်တော့ပါဘူး ဆိုလျှင် မီမီ၊ ခိုင်ခိုင်၊ မေတို့လည်း ကိုယ်စီအိမ်မှာ ဟိုက ဒီက ပေးလာသည့် သင်္ကြန်မုန့်တွေကို ပျင်းရိစွာစားရင်း အခြားရက်များလိုပင် နှစ်သစ်ကို ကူးမှန်းမသိ ကူးသွားကြပေမည်။ သူတို့ လမ်းထဲက လူကြီးတွေကတော့ ညည်းတို့ သင်္ကြန်ကလည်းအေ... တို့တွေ ငယ်ငယ်တုန်းကနဲ့များတော့ ကွာပါ့ ဟု ပြောကောင်း ပြောနေပေလိမ့်မည်။ နွယ်နီလမ်းက ချိုချိုတယောက်ကတော့ ဘယ်လိုနေမယ်မသိ။ သူကတော့ အမေကို ကူညီညာခွင့်ရှိနေသည်။ သင်္ကြန်ပြီးသွားရင်တော့ ချိုချိုတယောက် ကျမတို့ကို စိမ်းမလား၊ ရှိန်းမလား၊ တိမ်းမလား မပြောတတ်။ နောင်သော အခါ နွယ်နီက မျိုးဆက်သစ် ချိုချို တယောက် ဆရာမှတ်ကို ဘယ်ပုံဘယ်နည်း ချယ်လှယ်လာမလဲဆိုတာ ကျမတို့၏ ကံကြမ္မာမဟုတ်ပါ။
(နိုင်ငံရေး၊ လူမှုရေး၊ သာသာရေးစသဖြင့် ခေါင်းစဉ်အမျိုးမျိုး တပ်ထားသော လုပ်ငန်းများတွင် အင်အားကို သွေးစည်းခြင်းဖြင့်ရယူစေလိုသော ဆန္ဒဖြင့် ကြီးပြင်းခဲ့သည့် ရပ်ကွက်လေးကို နောက်ခံထား၍ ဇာတ်လမ်းဆင် ရေးသားပါသည်။)
Subscribe to:
Post Comments (Atom)
6 comments:
ဘယ်သူက ခိုင်ခိုင် လဲ?ဘယ်သူက မေ လဲ?
ခန့်မှန်းကြည့်ရမလား?
မီမီကိုတော့ သိသွားပြီ..။ ပျော်စရာကောင်းတဲ့ အချိန်လေးတွေပါပဲ..။ တို့များ မသီတာက နှိုးဆော်ရေးမှူးပေါ့..။ ကောင်းလေစွ..။
ရင်းနှီး ခင်မင်တတ်တဲ့.. ရပ်ကွက်ဓလေ့ လေးတွေရယ်..သင်္ကြန် အငွေ့အသက်တွေရယ်ကို မိမိ ရရပဲ။
ခုတော့..သင်္ကြန် ဆိုတာလည်း.. လူမူရေး- စီးပွားရေး- နိုင်ငံရေးတွေ ကြောင့် အရောင်တွေရော..အနံ့တွေရော..အငွေ့တွေရော..ပြောင်းလဲ နေခဲ့ပြီ ထင်ပါတယ်..မသီတာရယ်။
ဖတ်တာနဲ့တင် ပျော်နေပြီ။
ကေ . ပြောတာ အမှန်ပါပဲ.. မသီတာရေ..
သရုပိပျက် ယဉ်ကျေးမှုတွေနဲ့... နိုငှ်ု့ရေး နဲ့ စီပွားရေးသမားတွေ ရဲ့ သားကောင်းဖြစ်သွားရတဲ့.. မြန်မာ့ သင်္ကြန်က တကယ့် လွမ်းစရာပါ
I am from Artharwadi :D
Post a Comment