Monday, April 12, 2010

ရေးတော့မယ်ကွယ့် သင်္ကြန်အကြောင်း

တို့များငယ်ငယ်တုန်းက သင်္ကြန်ရက်မတိုင်မှီ ဟိုးမစွကပင် ပြင်ကြဆင်ကြရသည်။
*****
အမေ

အုန်းသီးတွေကတော့ အပင်ပေါ်က ချထားတာ ဆယ်လုံးလောက်ရှိသည်။
သာကူစေ့၊ ထန်းညက်ကတော့ ညောင်ပင်လေးဈေးက လဆန်းထဲက ဝယ်ထားပြီးသား...။
ကောက်ညှင်းတပြည် ဆန်သုံးပြည် ကြိုကြိတ်ထားရမည်။ ဆန်တွေ ရေစိမ်ထားပြီ။
နောက်ဖေးလမ်းက မုံ့ကြိတ်စက်က သင်္ကြန်တွင်း ပိတ်မလားမသိ။
အုန်းသီးခြစ်တဲ့ ဆိုင်ကိုလည်း သင်္ကြန်တွင်း ဖွင့်မှာလားလို့ သေချာအောင်တော့ မေးထားတာပဲ။
မုန့်လက်ဆောင်းဖက် က စမ်းချောင်းမှာ သွားဝယ်ရမှာ။ ဘယ်သူကို လွှတ်ရပါ့။
နှစ်ဆန်းတရက်နေ့ ခေါင်းလျှော်ရည်ဝေဖို့ ကင်ပွန်းသီးတော့ ကြိုပြုတ်ထားလိုက်တော့မည်။
ဟဲ့ ကလေးမတွေ လာ တရော်တွေ ထုထားကြတော့…
ဘုရားစင်အောက်က အတာအိုး ဆေးကြောထားလိုက်ဦး…


*****
အိမ်ကအကိုတွေ (လောင်ကိန်းချိ - ကိုကြီး၊ အိလေးဂွမ် - ကိုလတ်၊ ဘာဘူ - ကိုလေး)* နဲ့ လမ်းထဲက အကိုကြီးတွေ သင်္ကြန်လည်ရင် အင်္ကျီဆင်တူဝတ်ကြမည်။ ဘယ်ဒီဇိုင်းကို ဘယ်ပုံချုပ်မည် ဆိုတာကစလို့ အရောင်အသွေး ရွေးကြသေးသည်။
အရောင်…နွေနေပူမှာ ထင်းနေစေရမည်။ ဒီဇိုင်း…ဟော့နေရမည်။ ပိတ်စကတော့ ရေစိုစိုနဲ့ အီလက်စတစ်ပဲ ကောင်းမည်…။
ရွေးချယ်မှုများ အဆုံးသတ်လို့ နောက်ဆုံးအတည်ပြုချက်ရပြီဆိုရင် အဒေါ်လုပ်သူက တူ ၃ယောက်အတွက် ဒိုင်ခံချုပ်ရတော့သည်။ အလတ်ကောင် ချေးအထူဆုံး။ ပြန်ဖြေဦး ပြန်ချုပ်ဦးနဲ့။ ဒီလို...ဒီလို...

ငှားထားတဲ့ ဂျစ်စုတ်မှာလည်း စကောစကာစုတ်တွေ ချိတ်ကြသေးသည်။
*****
တို့များကလေးတွေ

ဟဲ့ ရေမလာရင်…ငါတို့ကို မော်တာ ဘယ်သူမောင်းပေးမှာလဲ…
ဇော်ဇော် ဟိုနေ့က ပူဖောင်းတွေ အထုတ်လိုက် နင့်ဆီမှာတွေ့တယ်နော်…နင်ရေပူဖောင်းနဲ့ ပေါက်မလို့ မဟုတ်လား။ ပေးပေး ငါ့ကို အကုန်ပေး။ နင့် အဲ့လိုလုပ်လို့ကတာ့ ရေမပက်ရအောင် လူကြီးတွေကို တိုင်ပလိုက်မယ် ဘာမှတ်လဲ။
ငါတို့ကို ခွက်စောင်းလာလာခုတ်တဲ့ အကောင်တွေ ဒီနှစ်လာရင် ဒင်းတို့ မလှုပ်နိုင်အောင် သူတို့ လမ်းထိပ်ရောက်ပြီ ဆိုကတည်းက ဝီဆယ်မှုတ်ပြီး အချက်ပေးရမယ်။ တို့လမ်းထဲက ကလေးအားလုံး ဝိုင်းလောင်းလွှတ်ရင် ဒင်းတို့ နောက်လာရဲမှာ မဟုတ်တော့ဘူး။
ရေခဲရေနဲ့ ပက်ချင်တယ်ဟာ…ရေခဲတုံးဝယ်ပေးအောင် ဘယ်သူ့ကို ပူဆာကြမှာလဲ
ငါတို့အိမ်က ရေပက်ခံ လိုက်ပို့ရင် နင်တို့လည်း လိုက်ခဲ့နော်.. သွားမယ်ဟေ့ဆို အကြာကြီး မစောင့်ရစေနဲ့ တဘက်တွေ အဆင်သင့်လုပ်ထား
ကားပျက်လို့ တွန်းရရင်လည်း တပြုံကြီး ပျော်စရာကြီးပေါ့...။
*****

*(ရှင်ဂွမ်းဂွိ၊ လောင်ကိန်းချိ၊ အိလေးဂွမ်၊ ဘာဘူ ၊ အာကျယ်၊ ဟိန၊ ကုလားမ ဟု မောင်နှမ ၇ယောက် ရှိလေသည်။)

10 comments:

အပြုံးပန်း said...

မသီတာက ဘယ်တစ်ယောက်လဲ၊ ဟီန၊ ကုလားမထဲက၊
ကိုဧရာကို ကွန်မန့် ကဗျာအတွက် ကျေးဇူးတင်ပါတယ်လို့။

PAUK said...

ဂျစ်ကားနဲ့လိုက်ခဲ့မယ်ဗျိုး..
နှစ်ယောက်စာ ကျန်သေးလားဗျိုးးး..
မုန်လုံးရေပေါ်(ငြုပ်သီးမပါတာရွေးပေးနော်)

မသီတာတို့မိသားစု နှစ်သစ်မှာပျော်ရွှင်ပါစေ..

Rita said...

အငွေ့အသက်တွေ ရလာတယ်။
သင်္ကြန်နံ့လေး မွှေးလိုက်တာ။

စုချစ် said...

မမသီတာ... ဘလော့ကို ၀င်လို့မရတာကြာပြီ...
ဘာလို့လဲ မသိဘူး...

ဒီနေ့တော့ ၀င်လို့ရသွားပြီတော့...
ခုမှပဲ လွတ်သွားတဲ့စာတွေ အားပါးတရ လိုက်ဖတ်ရတော့တယ်...
း-)

ဇွန်မိုးစက် said...

သူများတွေ ခံစားရအောင်၊ လွမ်းသွားရအောင် ရေးချလိုက်ပြန်ပြီကွာ တို့မမက ..

ငယ်ငယ်တုန်းက သင်္ကြန်ရက်တွေ ပျော်စရာကောင်းခဲ့ပါတယ် မမရေ။ ခုများတော့ ဘယ်လိုနေမလဲ မသိဘူး။ သင်္ကြန်နဲ့ဝေးခဲ့တာ ကြာလှပေါ့။

Anonymous said...

မသီတာက ဟိန..ပဲဖြစ်မယ်။း)
mm

အင်ကြင်းသန့် said...

ဖတ်ရင်းနဲ့ အပျော်တွေကူးသွားပီ မမရေ... :)))

မမတို့ မိသားစုပျော်နေကြပီလား...ဘာအစီအစဉ်တွေ လုပ်နေတုန်း...တစ်မိသားစုလုံးကို ရေလောင်းသွားတယ်...အငယ်ကောင်လေးကို အိုးမည်းပါသုတ်သွားတယ်.:D


ညီမလေး
အင်ကြင်း

သက်ဝေ said...

သီတာ ဘယ်သူလဲ.........
သီတာ ဘယ်မှာလဲ.........း))

ရေလောင်းသွားတယ်.....

sonata-cantata said...

အပြုံးရေ
ဒီက ဟိန ပါရှင့်
အဲ့ဒီနာမည် ကိုဧရာက အလွန်မကြိုက်လို့ သူ့ယောက်ဖတွေလည်း သူတို့နှမလေးကို ငယ်နာမည်လေးမေ့တေ့တေ့ ဖြစ်နေကြပြီ

ပေါက်)))
လာသွားမယ်
မုန့်လုံးရေပေါ် ပြန်လာမှစား

ရီတာရေ
တကယ်လား
ဒီက
ငါ့မြေမှာ မြေသင်းနံ့လေးတောင် ချစ်သူပါ။

စုချစ်
ဘလော့ဂ်က မသီတာလက်ဆော့ပြီး ပိတ်ထားတာ
စိတ်မဆိုးပါနဲ့နော်...
မသီတာ နာမည်ကို သကြားမင်းကြီးမှတ်သွားမှာ စိုးလို့ပါး)

ဇွန်ရေ
ဘလော့ဂ်ဂါဆိုသည်မှာ
ခံစားတတ်၊ လွမ်းတတ်သူပါတကား
ပုံ
မျက်မမြင် ပုဏ္ဏား

mm တော်ကြောင်း၊ ထပ်ကာလောင်း
(ဆိုင်ဆိုင်မဆိုင်ဆိုင်အေ...
ဒီအချိန်မှာ
လောင်းချင်တာပဲ သိတဲ့နောက်...)

အင်ကြင်းရေ
အစီအစဉ်ကတော့ သင်္ကြန်တွင်း တနေ့တပို့စ် တင်မလားလို့း)
သားငယ်လေးတော့ နဂိုက မဲရတဲ့အထဲ
အိုးမဲနဲ့ မဲပြောင်လေး ဖြစ်နေပြီ

သက်ဝေ
ငါတို့တွေ ဥပုသ်မစောင့်ပဲ
ကဲနေတာ သံချပ်ထဲ ထည့်မစပ်ပါနဲ့နော်
နော်သူငယ်ချင်း အကောင်းစားလေးနော်

KTM said...

'a tar oh' art by 'u maung maung thein' is my art teacher. it reminds me of our myanmar tradition of making the 'a tar oh' and welcoming the new year. may all beings be blessed with peace, happiness and health. ktm.