Thursday, January 6, 2011

ချစ်ပွဲဝင်

လူ့ဘောင်လောကကြီး ကြီးပွားစည်ပင်စိမ့်သောငှာ
ဖိုနဲ့မ သဘာဝ လူသားနှစ်ဦး ပေါင်းသင်းနေထိုင်ကြရာက စ
မိသားစုတွေ ပေါက်ဖွားလာကြရာမှာ … အဟမ်း အဟမ်း

ဝါကျွတ်ကာလက စလို့ အလျှိုအလျှို ပေါ်လာကြတဲ့ ဟိုကဒီက မင်္ဂလာဆောင်များအတွက် မင်္ဂလာလက်ဖွဲ့ ပို့စ်လေးပါ။ အထူးအားဖြင့် မသီတာရဲ့ တူတယောက်၊ တူမတဦး၊ သူငယ်ချင်း Kမမ၊ TZA တို့အတွက် ရည်ရွယ်ပါတယ်။

❤♫ အချိန်တန် အရွယ်ရောက်ကာ ♪ လူလားမြောက်ရင် ချစ်သူနဲ့ တွဲနှင်♪ ဘုရားသွားကျောင်းတက် နေ့စဉ် မောင်နဲ့ခင်♪
❤♫ ပျော်ပျော်ရွှင်ရွှင် …
...
...
❤♫ မေတ္တာတွေ သက်ဝင် ♪ ကရုဏာတွေ သက်ဝင် ...

ချစ်ပွဲဝင်


တေးရေး- သဟာယ ဆရာတင်
မူလ အဆိုရှင် - မေရှင်

သံသရာ၌ ကျင်လည်ရသည်ရှိသော်
ဖြစ်လေရာ ဘ၀မှာ ကိုယ်ချစ်တဲ့သူနဲ့ ပေါင်းဆုံခွင့်ရချင်ရင်…
သစ္စာရှိကြပါ။

17 comments:

သက်ဝေ said...

မင်္ဂလာ လက်ဖွဲ့အတွက် သီတာ့ စိတ်ကူးလေး ကောင်းလိုက်တာ... သီချင်းလေးကလဲ ချစ်စရာ...သို့သော် သီတာ ကိုယ်တိုင်ဆိုရင် ပိုကောင်းမှာနော်...

မင်္ဂလာရှိသော နှစ်သစ် ၂၀၁၁ ပါ..
မနေ့က သီတာ့ မေးလ်ကို ပြန်ပို့ထားယ်နော်...

An Asian Tour Operator said...

"မိသားစုတွေ ပေါက်ဖွားလာကြရာမှာ … အဟမ်း အဟမ်း"
အစ်မသီတာ.. ကျနော့်ကိုများ စောင်းဆိုလေသလားး :P
ဒီလ ကုန်ခါနီး လောက် နောက်တစ်ယောက် မွေးမယ် ဗျိုး။ :))

Sonata Cantata said...

စိုးစန္ဒာထွန်း ဆိုတာပါ ကိုAATOရယ်...
ခင့်ကို အရေးယူ ဂရုစိုက် အလိုလိုက် လို့
အင်မတန် ကျေးဇူးတင်
Hi 5! Sandra! ;)

ShwunMi- said...

:) အစ်မသီတာကလည်း ချစ်ဖို့ကောင်းပါတယ်..

မိုးယံ said...

အဟမ်း အဟမ်း... ဘာမှမဖြစ်သေးသူမို့ သူများတွေကိုပဲ လာပြီး မုဒိတာပွားရတာပေါ့ဗျာ..


ငြိမ်းချမ်းပါစေ

said...

ကျေးဇူး သယ်ချင်းရေ ...............

An Asian Tour Operator said...

ကျေးဇူးပါ အစ်မ သီတာ နဲ့ အစ်ကို ဧရာ ။ ခင် က လဲဘာလီကို မိသားစုနဲ့ လာလည်ပါဦးးး တဲ့။

ဇွန်မိုးစက် said...

း))

ဒီဆန်ဒေးမှာ တွေ့ကြမယ်နော်။
ချစ်မကို မေးစရာတွေ ရှိနေတယ်။ ;)

Anonymous said...

သဘောကျတယ်...
အားလုံးကို ရာသက်ပံ ဖြစ်စေချင်ပါတယ်။

ဒါပေမဲ့ ..ရေခဲမုန့်နဲ့ မင်္ဂလာဆောင်ပြီ
ဒံပေါက်နဲ့ ကွာရှင်းကြမှာ စိုးမိတယ်..

ရာသက်ပံ

Anonymous said...

မKမမလက်ထပ်ပြီလား...ပျော်ရွှင်သောဘ၀ကို ပိုင်ဆိုင်နိုင်ပါစေလို့ အထူးဆုတောင်းပေးလိုက်ပါတယ်။
mm

TZA said...

ဟာ.. ကျနော့်ကော်မန့် တက်မလာဘူး.. ပြန်ရေးမယ်ဗျာ..

ကျေးဇူးအထူးတင်ပါတယ် မသီတာနဲ့ကိုဧရာ၊ အတွေးလေးက သိပ်ကောင်းတာပဲ။ An Asian Tour Operator လို ဆက်တိုက်မွေးနိုင်အောင် ကြိုးစားပါ့မယ် :D

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆောင်ကြနှင်းကြ ၊ ဆောင်ပြီး မြန်းပြီးသူများအားလုံး ရာသက်ပန် အကြောင်းဆက်လို့ ပျော်ရွှင်စွာ ပေါင်းဖက်နိုင်ကြပါစေရှင်..

Anonymous said...

မင်္ဂလာသတင်းပိုစ့်လေးပဲ
ချစ်သူတိုင်းတွဲလက်မြဲလို့ သာယာချမ်းမြေ့တဲ့ဘဝကိုပိုင်နိုင်ကြပါစေရှင်း
မိုး

ဆူးသစ် said...

အရင်ပို့စ်မှာ သာဓုခေါ်ခဲ့တယ်။ ဒီပို့စ်ကတော့ ကျွန်တော်ဘာပြောရမလဲ မသိဘူး။ နောက်ဆုံးစာကြောင်းလေးတော့ ကြိုက်တယ် အစ်မရေ။

Anonymous said...

INSERT

Anonymous said...

❤♫ အချိန်တန် အရွယ်ရောက်ကာ ♪ လူလားမြောက်ရင် ချစ်သူနဲ့ တွဲနှင်♪ ဘုရားသွားကျောင်းတက် နေ့စဉ် မောင်နဲ့ခင်♪
❤♫ ပျော်ပျော်ရွှင်ရွှင် …

(မေရှင့်အသံလေးကြားချင်...)

TZA said...

မင်္ဂလာပါ ကိုဧရာနဲ့မသီတာ

http://www.degolar.info/2011/01/wild-wild-wed-11.html