Wednesday, March 30, 2011

လျှာနဲ့သွား

နောက်ပိုင်းမင်းသားကြီး ကိုဧရာ မထွက်ခင်မှာ ရှေ့ထွက်မင်းသမီးကြီး မသီတာ ကပဲ ပရိသတ်ကြီးကို အသုံးတော်ခံရပါဦးမယ်။ နောက်ပိုင်းမင်းသားတို့ သဘာဝအတိုင်း ဇာတ်စာတွေ ကျက်နေတာ မကျေသေးလို့ သူ့ခမျာ ထွက်ချင်ရက်နဲ့ မထွက်နိုင်သေးပဲ အထွက်ခက်နေရှာပါတယ်။ လင်နဲ့ မယား ဖြစ်နေတော့လည်း ပွဲမလန့်ရ ပွဲမဆူရလေအောင် အခြေအနေကို ထိန်းဖို့ မသီတာပဲ ပြောင်သလင်းခါနေတဲ့ မျက်နှာကို မျက်နှာချေတွေ ဖို့သိပ် နယ်စောင့်ပြီး ထွက်လာရပြန်ပေါ့…:D
*****
မြရဲ့လ… ဆရာမဂျူး ၀တ္ထုကို ထူးအိမ်သင်က အသံနဲ့ ဇတ်လမ်းဖတ်ပြတာ ပို့စ်အဖြစ် တင်လိုက်မိပါတယ်။ ဒီမှာပဲ ထူးအိမ်သင်ကို အူထဲ အသည်းထဲက စွဲနေတဲ့ ကိုဧရာတယောက်… ထူးအိမ်သင်ချီးမွမ်းခန်း မနားတမ်း လွှင့်ပါတော့တယ်။ သားကြီးကို ခေါ်ပြီး နားထောင်ခိုင်းပါတယ်။ သား ဘယ်လိုနေလဲ ကောင်းတယ်နော် သူ့အသံက… လို့ အစဖော်ပေးတော့ သားဖြစ်သူကလည်း အင်း ကောင်းတယ်… သူ့အသံက လူငယ်လေး အသံမျိုး... ချိုချို အေးအေးလို့ ပြန်ပြော။ နောက်သားအဖ နှစ်ယောက် အပြောတင်မကဘူး၊ အလုပ်ပါ ပါလာကြရော။ အသံသွင်းကြတာတဲ့ အဲ့ဒီ မြရဲ့လ ကိုပဲ ဖအေလုပ်သူက သူ့အသံကြီးနဲ့ ဖတ်၊ ဖအေတလှည့်နားတော့ သားလုပ်သူက youtube ကနေ မေဆွိရဲ့ မောင်၊ မနဲ့မောင် သီချင်းတွေ ဖွင့်ပြီး အသံသွင်းသတဲ့။ အပေါက်အလမ်း မတည့်လိုက်ပုံများ…။ ညဥ့်တော်တော်နက်လာမှ သားတော်မောင်က တစခန်းရပ်ပြီး သူတို့အခန်းပြန်တယ်။ အရှိန်မသေသေးတဲ့ ကိုဧရာ ကွန်ပြူတာရှေ့ထိုင်ပြီး အသံသွင်းလိုက်တဲ့ အခါမှာတော့ အိပ်ယာပေါ် ဆန့်ဆန့်ကြီး ဇိမ်ယူနေပြီ ဖြစ်တဲ့ မသီတာ ကမန်းကတန်းထပြီး အဲ့လူကြီး ပါးစပ်ထပိတ်ရတယ်။ မသီတာကို အဲ့ဒီလောက် တုန်လှုပ်ချောက်ခြားသွားစေရလောက်အောင် ကိုဧရာ ဟဲလိုက်တာက
အချစ်ဆိုတာ ကိုင်တွယ် ပြလို့မရပေမဲ့၊ ခံစားသိလို့ ရတဲ့အရာမို့ စိတ္တဇနာမ်အုပ်စုထဲ သွတ်သွင်း သတ်မှတ်လိုက်ပါတယ်…
မသီတာရေးတဲ့ အချစ်အကြောင်း ပြောရအောင် ပို့စ်ကို အသံသွင်းတာတဲ့လေ… ဘလော့ဂ်ရှေ့ထွက် မင်းသမီးကြီးက ဘလော့ဂ်ပေါ်သာ ဟန်တလုံး ပန်တလုံး လုပ်နေပေမဲ့၊ အိမ်မှာတော့ ရှက်တယ်တော့ မျက်နှာမပြောင်ရဲဘူး။

တယောက်က အချစ်အကြောင်းပြောလို့ တယောက်က ကာတွန်းပုံဆွဲပေးရ၊ အသံသွင်းရနဲ့ ပျာယာခပ်နေလို့ ဒီနှစ်ယောက် သိပ်အဆင်ပြေနေကြတယ် ထင်ရင်တော့ မှားပါလိမ့်မယ်။ လင်နဲ့ မယား ဆိုတာကတော့ လျှာနဲ့သွားပါပဲ။ ဒီလောက် နီးကပ်နေမှတော့ ငြိတာမဆန်းပါဘူး။ အသက်လေးတွေ ရလာတော့ ပြောတဲ့သူက ပြော၊ ကြားတဲ့သူက ကြားချင်ရာကြား။ တို့များ ဘလော့ဂ်မှာ တခါတုန်းက တဂ်ပို့စ်အဖြစ် ရေးခဲ့ကြတဲ့ တခါတုန်းက အလွဲ၊ အခုတော့ အမှတ်တရ ဆိုတာနဲ့ ပြောင်းပြန်… ဟိုတုန်းက အမှတ်တရ၊ အခုတော့ အလွဲ ဆိုတာမျိုး ဖြစ်မှဖြစ်ပဲ။ လောလောလတ်လတ် လွဲပုံလေး ရေးပြဦးမယ်။ ကြင်စဦးတွေ အတုခိုး မမှားကြပါနဲ့။ Don’t try this at home ပေါ့။
*****
ကိုဧရာနဲ့ မသီတာတို့ shopping center ကြီးတခုထဲ ရောက်နေစေ
Sale တွေလည်း ချနေစေ
မသီတာ။ ။ ရှင် အင်္ကျီ၊ ဘောင်းဘီလေး ၀ယ်ချင် ၀ယ်ဦးလေ
ကိုဧရာ။ ။ နောက်မှ နောက်မှ
ချက်ချင်းဆိုသလိုပဲ ဆက်ပြော…
ကို ဘောင်းဘီတော့ လိုချင်တယ်… ကို့ ဘောင်းဘီတွေက မကောင်းတော့ဘူး
မသီတာ။ ။ အင်း..၀ယ်လေ…
ဘောင်းဘီတွေနားရောက်သွား…
ကိုဧရာ။ ။ သီတာ ကို့ခါး ဘယ်လောက်လဲ
မသီတာ။ ။ မသိဘူးလေ (အခုတလော ကိုဧရာ တော်တော်ဝ လာပြီး ဗိုက်ကြီးတလုံးနဲ့ဖြစ်နေတော့၊ မသီတာလည်း အယင် အတိုင်းအတာ အဟောင်းကို ပြန်စဉ်းစားမနေတော့ပဲ လွယ်လွယ်ပဲ ပြောလိုက်ပါတယ်။)
ကိုဧရာ။ ။ ဒါဆိုလည်း မ၀ယ်တော့ဘူး နောက်မှပဲ
မသီတာ။ ။ ရှင့်ခါး ပါမလာဘူးလား)))
(ဟုတ်တယ် တခွန်းပဲ ပြောပလိုက်တော့တယ်။ တယ်စိတ်မရှည်ချင်ဘူး။)
*****
ကြင်စဦးတုန်းက လွဲပုံ

မသီတာ အတွက် ရန်ကုန်မှ ပါးလိုက်သော လူကြုံကို မသီတာ့ သူငယ်ချင်းထံ ကိုဧရာ ရုံးမှ အပြန် ၀င်ယူစေ
မသီတာ အိမ်၌ ရှိနေစေ
ကလင် ကလင် .. အိမ်ဖုန်းမြည်လာ
မသီတာ။ ။ ဟယ်လို… ကို လား ပြော
ကိုဧရာ။ ။သီတာ့ သူငယ်ချင်း အိမ် ဖုန်းဆက်လို့လည်း မရဘူး။ ကို့ ဖုန်းကလည်း ဘက်ထရီကုန်နေလို့ အခု ဘူတာက ဖုန်းနဲ့ ဆက်နေတာ
မသီတာ။ ။ အင်း ကိုတို့ကတော့ ဖြစ်ရမယ်။ အဲ့ဒါ ဘယ်လိုလုပ်မလဲ။
ကိုဧရာ။ ။ ပြန်လာတော့မယ်။ သူတို့ဆီလည်း မဆက်တော့ဘူး။ xx မရှိဘူး။
မသီတာ။ ။ ဘာပြောတယ်))) မိန်းမအတွက် လုပ်ပေးရတာကို ဆန္ဒ မရှိဘူးလေး ဘာလေးနဲ့
တဖက်မှ ကိုဧရာကလည်း ကုန်းအော်စေ
ကိုဧရာ။ ။ ဘယ်မှာ ဆန္ဒမရှိဘူး ပြောလို့လဲ။ ဆယ်ပြား မရှိတော့ဘူး ပြောတာ။ ဖုန်းဆက်ဖို့ ဆယ်ပြားစေ့

25 comments:

Sunny said...

ဖတ်ပြီး ပြုံးသွားတယ်.. :)

ညီလင်းသစ် said...

"ရှင့်ခါး ပါမလာဘူးလား" ဆိုတာကိုတော့ ကြိုက်သွားပြီ မသီတာရေ့...၊ တခွန်းတည်း၊ ဒါပေမယ့် ဒါရိုက်ဟစ်..၊လှတောသူ များလား မှတ်ရ...။း)

pN said...

ကြင်စဦးတုန်းက ဆယ်ပြား မရှိပေမယ့်.. အခုတော့ ဆယ်ပြားတွေ အများကြီး.. ရှိလောက်ပါပြီ။ :D

ပွင့်မြုးဇင် said...

ရယ်လိုက်ရတာမမရယ်.. တယောက်တည်းဖတ်ပြီးရယ်နေလို့ ဘော့စ်ကလှမ်းမေးနေတယ်.. What's wrong with you? တဲ့.. :)

kay said...

ဟား..ဟား..
အော်ရီ သွား မိပြီ.. မသီတာရေ...

အဲဒါ..ဖြစ်စဉ် တခု ထဲ မှာ ရှိနေတာပါ...။
သက်ရင့်အချစ်ကျောက်များ..အသွင်ပြောင်းလဲခြင်း တဲ့..
Love metamorphism ပါ...
အချစ်က.. ရင့်ကျက်အသွင်ပြောင်းလာတာလေ..

crystal said...

ပုတ်သင်ညိုတွေ အရောင်ပြောင်းတာ သဘာဝမဟုတ်လား :P

Mon Petit Avatar said...

အလွဲအမှတ်တရတွေကိုဖတ်ရတာ မပြုံးဘဲနဲ့ရယ်သွားတယ်မမ။

Maung Myo said...

း)

ဂျစ်ကန်ကန်လေးတွေနဲ့ ချစ်စရာစုံတွဲပဲ ။

ဘလော့ဂ်ရှေ့ထွက် မင်းသမီးကြီးက ဘလော့ဂ်ပေါ်သာ ဟန်တလုံး ပန်တလုံး လုပ်နေပေမဲ့၊ အိမ်မှာတော့ ရှက်တယ်တော့ မျက်နှာမပြောင်ရဲဘူး။

အဲ့တာကိုတော့ လက်ခံတယ် ရုံးကသူတွေ ကျနော့် ဘလော့ကြီးဖွင့်ဖတ်နေတာတွေ့ရင် “ ဟားး...မဖတ်နဲ့ဗျာ ပေါက်ကရတွေ ပိတ်ပိတ် ” အဲ့လိုအတင်းလိုက်ပြောရတယ် ။ သိပ်မခင်တဲ့ သူတစ်ယောက်က ရုံးက အစ်ကိုကို “မင်းတို့ရုံးမှာ မောင်မျိုး ဆိုတာ ရှိလား စာတွေဘာတွေရေးတယ်ဆို ” အဲ့တာပြန်ကြားတုန်းက စိတ်ပဲတိုသလိုလို မနေပဲ မနေတတ်တော့သလိုလိုနဲ့ ဒွတ်ခတွေရောက်နေတာ ။

may kyin said...

သိပ်၇ယ်၇တာဘဲ

အင်ကြင်းသန့် said...

ဟားဟားဟား....ရီလိုက်ရတာ မမသီတာရယ်...ဒါတောင်ရုံးမှာ မို့လို့ မနည်းထိန်းထားရသေးတာ :D


ဂျင်း

မိုးခါး said...

ဟားဟားဟား .. ရီလိုက်ရတာ .. :D

ချော(အစိမ်းရောင်လွင်ပြင်) said...

မသီတာ စာရေးပုံလေး သဘောကျတယ်
စကားပြောရင် ရှင်းရှင်း ပွင့်ပွင့် ပြောတတ်မဲ့ပုံရတယ်။
ပျော်စရာကြီး ဟိဟိ
ပြုံးစိစိနဲ့ဖတ်နေမိတယ်

ShwunMi- said...

ဟိ.. (တိုးတိုးလေး လာရီသွားပါသည်)

ကိုပေါ said...

ဖတ်ရင်းနဲ့ ရယ်လိုက်ရတာ။ အစ်မရေ... ကိုဧရာရဲ့ အနုပညာဗီဇလေးကို မပိတ်ပင် မတားဆီးပါနဲ့။ ကြီးထွားခွင့်ပေးလိုက်ပါ။ အသံထွက်ပို့စ်ကလေးတွေကို စောင့်မျှော်လျက်....း-)

Moe Cho Thinn said...

ကိုဧရာ မြရဲ့လ ကို အသံသွင်းနေပြီ ဆိုတော့ အင်မတန် မျက်လုံးပြူးသွားတယ်။
ဘုရား ဘုရားးး

သက်ဝေ said...

သီတာရယ်...
ဖတ်ပြီး ဘာပြောရမှန်းတောင်မသိ.. ရယ်လိုက်ရတာ...
(ဟိုလေ.. ကိုဧရာကို ရယ်ရတယ်လို့ ပြောတာ ဟုတ်ဖူးနော်...) အဖြစ်အပျက်တွေကို ရယ်တာပါ...
သားကလည်း သီချင်းတွေ အသံသွင်းတယ်လား... သားအဖတတွေ မိုက်နေကြတယ်ပေါ့လေ.. ပျော်စရာ...

"တဖက်မှ ကိုဧရာကလည်း ကုန်းအော်စေ
ကိုဧရာ။ ။ ဘယ်မှာ ဆန္ဒမရှိဘူး ပြောလို့လဲ။ ဆယ်ပြား မရှိတော့ဘူး ပြောတာ။ ဖုန်းဆက်ဖို့ ဆယ်ပြားစေ့..."

ရုံးမှာ အသံထွက်မှာစိုးလို့ ကြိတ်ရယ်ရတာ မောလိုက်တာ သီတာရယ်...

အိမ်ကျမှ တခေါက် ပြန်ဖတ်ပြီး ပြန်ရယ်ပါအုံးမယ်...း))

အချစ်အကြောင်းပြောရအောင် အသံထွက်ဇာတ်လမ်းလေး တင်ပေးပါအုံး...

အိမ့်ချမ်းမြေ့ said...

ကြည်နူးစရာလေးတွေ..

rose of sharon said...

အမရယ်...ရီလိုက်ရတာ... အဲဒါလေးတွေကလဲ တချိန်ချိန်မှာ အမှတ်တရတွေ ဖြစ်လာဦးမှာဘဲလေ...

ThuHninSee said...

ဒီမှာတော့..ဆယ်ပြားရှိပါတယ်.. ဟိဟိ

T T Sweet said...

ရယ်လိုက်ရတာ အစ်မရယ်...ရှင့်ခါးပါမလာဘူးလား ဆိုတော့လေ ... အိမ်မှာ တစ်ယောက်ထဲမှို့ အော်ရယ်ပလိုက်တာ။ အစ်မပို့စ်လေးဖတ်ရတာ ဘ၀အမောတွေတောင် ခဏပြေသွားတယ်။

ဇွန်မိုးစက် said...

တစ်နေ့ကပဲ ညိုလေးနဲ့ပြောဖြစ်သေးတာ... ကိုဧရာနဲ့ မမသီတာတို့စုံတွဲကို ကြည့်လိုက်ရင် အေးချမ်းကြည်နူးစရာကောင်းတယ်လို့။
လွဲပုံလေးတွေကလည်း ချစ်ဖို့ကောင်းနေပြန်တား)

Anonymous said...

may i share your link in facebook.

Anonymous said...

ကိုယ့်ရယ်သံကိုတောင်
ပြန်းကြားလိုက်ရတယ်၊
ဟိ ဟိလည်း မဟုတ်၊ ခွိခွိလည်း မဟုတ်၊
ရင်ထဲက ထွက်လာတဲ့အသံ၊
တကယ်ရယ်မောမိလိုက်တယ်။

ဝေလေး said...

:D
ရယ်လိုက်ရတာ....

Anonymous said...

အရမ်းရယ်ရတယ်။ လွတ်ကောင်းတာပဲ

ခွေဖြူ