စီးပွားဥစ္စာ ကြွယ်ဝခြင်းအား အကြောင်းပြု၍ ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်းအား ဗုဒ္ဓဒေသနာအရ သာယာဖွယ်အပိုင်း (အဿာဒ) ဟု ခေါ်၏။ အိမ်ယာထူထောင်သူ လောကီသားတို့သည် ဆင်းရဲချို့တဲ့စွာ မနေလိုသည့်အားလျှော်စွာ စီးပွားဥစ္စာ ပြည်စုံ ကြွယ်ဝစေရန် ရှာဖွေကြရသည်။ ထိုသို့ ရှာဖွေ အသက်မွေးရာတွင် မတရား အနိုင်ထက်မပြုဘဲ သမာအာဇီဝဖြစ်အောင် အားထုတ်ရ၏။ ရရှိလာသော စည်းစိမ်ဥစ္စာတို့ကို အသုံးချရာတွင်လည်း မိမိအတွက် သာမက မိမိနှင့်တကွ မိမိ၏ ပတ်ဝန်းကျင် ကောင်းစားရေးကို ရှေးရှုရသည်။ ဤနည်းအားဖြင့် ဘဝ၏ သာယာဖွယ်ကို ရှာမှီးရာတွင် ဗုဒ္ဓအဆုံးအမနှင့် အညီ ဖြစ်စေနိုင်သည်။
သို့သော် လောကသားတို့သည် ထိုသာယာဖွယ်တွင် အနှောင်ဖွဲ့ခံရ တတ်၏။ ထိုသာယာဖွယ်၌ မိန်းမော ယစ်မူးသွားတတ်၏။ ထိုသာယာဖွယ်၏ အလွှမ်းမိုး ခံရတတ်၏။ ကုသိုလ်ကောင်းမှုပြုရန်, အများ အကျိုးအတွက် ဆောင်ရွက်ရန်ဟု ဦးတည်ချက်ထားကာ စီးပွားဥစ္စာ ရှာဖွေနေသူများပင်လျှင် ထိုစည်းစိမ်ဥစ္စာများ, လုပ်ငန်းများအပေါ် “ငါ့စီးပွား, ငါ့လုပ်ငန်း, ငါ့အလှူ” ဟူ၍ တဏှာ၏ လွှမ်းမိုးမှုကို ခံရတတ်၏။ ဤသို့ဖြစ်ရခြင်းသည် ထိုစည်းစိမ်ဥစ္စာတို့၏ သာယာဖွယ် (အဿဒ)ဟူသော ရှုထောင့် တစ်ခုတည်းကသာ ကြည့်မြင်ခြင်းကြောင့်ဖြစ်သည်။ ထိုစည်းစိမ်ဥစ္စာတို့၏ “မမြဲ, ဖောက်ပြန် ပျက်စီးတတ်သော သဘော” ဟူသည့် ချို့ယွင်းချက် (တနည်းအားဖြင့်) ငြီးငွေ့ဖွယ်အပိုင်း (အာဒီနဝ) ကိုလည်း နှလုံးသွင်း ဆင်ခြင်နိုင်ရန် လိုအပ်၏။ သို့မှသာလျှင် “ငါ့စီးပွား, ငါ့လုပ်ငန်း, ငါ့အလှူ” ဟူ၍ တဏှာ၏ လွှမ်းမိုးမှုမှ ထွတ်မြောက်သည့် (နိဿရဏ) အသိဉာဏ် ရရှိနိုင်မည် ဖြစ်သည်။
ချမ်းသာကြွယ်ဝခြင်းသည် လောက သဘောအရ ဂုဏ်ရှိပါ၏။ သို့သော် ဗုဒ္ဓ၏ အဆုံးအမဒေသနာအရ …
(၁) အနိုင်ထက်မပြုဘဲ တရားသဖြင့် စီးပွားရှာဖွေခြင်း ဟုတ်, မဟုတ်၊
(၂) ရရှိလာသော စည်းစိမ်ဥစ္စာဖြင့် မိမိကိုယ်ကို ချမ်းသာ နှစ်သက်စေခြင်း ရှိ, မရှိ၊
(၃) (ပတ်ဝန်းကျင် လူ့အဖွဲအစည်း အတွက်) မျှဝေသုံးစွဲ၍ ကောင်းမှုပြုခြင်း ရှိ, မရှိ၊
(၄) စည်းစိမ်ချမ်းသာအား မမိန်းမော, မယစ်မူး, အလွှမ်းမိုး မခံဘဲ၊ လွတ်မြောက်သည့် အသိဉာဏ် စိတ်ထားဖြင့် သုံးစွဲခြင်း ဟုတ်, မဟုတ် ဆန်းစစ် ဝေဖန်ရသည်။ ဤအချက် လေးချက်ပေါ် မူတည်ကာ စီးပွားရှာဖွေ သုံးစွဲကြသော လောကီသားတို့အား အဆင့်အတန်း အမျိုးမျိုး ခွဲခြားနိုင်၏။ အဆင့်အလိုက် ချီးမွမ်းခြင်း, ကဲ့ရဲ့ခြင်းကို ပြုနိုင်၏။
စာညွှန်း။
၁။ အံ-၁၀-၉၁၊ အင်္ဂုတ္တရနိကာယ်၊ ဒသကနိပါတ်၊ ဥပါလိဝဂ်၊ ကာမဘောဂီသုတ်
၂။ အံ-၃-၁၀၄။ အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ သမ္ဗောဓဝဂ်၊ ပုဗ္ဗေဝသမ္ဗောဓသုတ်