“Google က အလကားတွေပေးပြီး အကုန်မှတ်ထားတာနော်… နောင်နှစ်လေးဆယ်လောက်ကျရင် အမှတ်မထင် ကိုယ်ရေးခဲ့တာတွေက ကိုယ့်ကို ပြန်ချောက်လှန့်မှာတဲ့…” ကိုဧရာက သတင်းနားထောင်ပြီး မသီတာကို တဆင့်လှမ်းပြောလိုက်ခြင်းပါ။
“အမလေး ချောက်ပါစေ လှန့်ပါစေတော်… ချောက်စေ လှန့်စေချင်လွန်းလို့ပါ” လို့ ပြန်ပြောလိုက်တော့
သူကလည်း “အေးလေ” တဲ့။
ဘလော့ဂ်လုပ်တာကို အားပေးပေမဲ့ မသီတာ စာရေးရင် ကိုယ်ရေးကိုယ်တာတွေချည်း ရေးတယ်ဆိုပြီး ကိုဧရာက သိပ်သဘောမကျချင်ပါဘူး။ သားတော်ကြီး ရေချမ်းကလည်း ပြောလာသေးတယ်။ “ဖေဖေတို့ မေမေတို့ စာရေးတယ် ဆိုရင်လည်း နာမည်ကျော် ပုဂ္ဂိုလ်ကြီးတွေရဲ့ အကြောင်းအရာတွေ ရေးမှပေါ့” … “ဒါမှပိုက်ဆံရမှာပေါ့” တဲ့။ တိန်)))
ဖအေလုပ်သူကတော့ “အဲ့လိုမျိုးတွေ ရေးတယ်ဆိုတာ လွယ်တာမဟုတ်ဘူးကွ” လို့ ပြန်ဖြေနေရှာသေးတယ်။
၂၀၀၄ခုနှစ်၊ ဧပြီလထုတ် ယဉ်ကျေးမှုမဂ္ဂဇင်း၊ မနုဿကျော်ဝင်း ရေးသားတဲ့ နှလုံးသည်းပွတ်ကို ထုတ်ယူခြင်း ဆောင်းပါးမှာ-
မောင်လင်းသည် ဦးသက်ဝင်းပေးသော မှတ်စုစာအုပ်ကလေးကို ဖွင့်လိုက်ရာ မှတ်စုအတိုအထွာကလေးများကို အောက်ပါအတိုင်း တွေ့ရှိရ၏။ ထိုမှတ်စုကလေးများ၏ အောက်ခြေ၌လည်း မည်သည့်စာအုပ်စာပေမှ ထုတ်နုတ်မှတ်သားထားကြောင်း မှတ်ချက်ဖြင့် ရေးသားဖော်ပြထားသည်ကို စိတ်ဝင်စားဖွယ် တွေ့ရှိရလေသည်။
…
စာဖတ်ခြင်းကား ပြည့်ဝစေ၏။ ဆွေးနွေးခြင်းကား ဖျတ်လတ်တက်ကြွစေ၏။ ရေးသားခြင်းကား တိကျစေ၏။
(………)
ဆိုတာလေး အမှတ်မထင် ဖတ်လိုက်ရတော့ ကိုယ်ပိုင်ဘလော့ဂ်ထောင်ပြီး လုပ်နေတဲ့ ဘလော့ဂ်ပို့စ်များ ဖတ်ခြင်း၊ ကော်မန့်များ ရေးခြင်း၊ ကိုယ်တိုင် ဘလော့ဂ်ပို့စ်များ ရေးသားခြင်း၏ ရည်ရွယ်ချက်၊ အနှစ်သာရနှင့် အကျိုးတရားတို့ကို မီးမောင်းထိုးပြလိုက်သလို ဖြစ်ရပါတယ်။
"Reading makes a full man; conference a ready man; and writing an exact man."
18 comments:
ကြိုက်သွားပြီ။
၀၀ လေး ဖတ်မယ်..
ကြွကြွလေး ဆွေးနွေးမယ်..
ပြီးတော့..ကျကျ လေး လည်း ဆက်ရေးအုံးမယ်..
ရေးကို ရေးအုံးမှာ..
း)
မသီတာ လည်း..ရေးကို ရေးအုံး..
CBox မှ
5 Jun 11, 16:29
mm: :)
6 Jun 11, 09:16
သက်ဝေ: တနေ့ ၂ပုဒ် ၃ပုဒ်တင်ပေးမယ်ဆို... ဒီနေ့ အသစ်တင်နော်...း))
6 Jun 11, 09:44
S-C: စနေ တနင်္ဂနွေ S-C ဘလော့ဂ်တိုက်မှ ပို့စ်တင်တဲ့ဌာန နားပါတယ်ကွယ်... ဘလော့ဂ်ဖတ်ခြင်း ကော်မန့်ရေးခြင်း ဌာနများကတော့ ပုံမှန်လည်ပတ်ပါတယ်
6 Jun 11, 09:48
S-C: သက်ဝေ>>ဘယ်ရ မလဲ နာ့မလည်း အလုပ်ရှိတယ်... ဟော်လီဒေးတွေဘာတွေ ကိုယ့်ဖာသာ ပေးပလိုက်တယ်... :P
6 Jun 11, 21:24
K: :exercise ပြီးတော့..အိပ်ထ မတင် လေးပါ လုပ်အုံးမှ..း)
6 Jun 11, 21:32
S-C: ကေနဲ့အတူတူ (တအူအူ မဟုတ်ဘူးနော် သေချာဖတ်) :exercise
ဒီနေ့မှ စာပြန်ရေးတဲ့ သူကိုများ ပို့စ် တပုဒ်လုံးနဲ့ အားပေးထားလေသလားလို့ .. အဟဲ ...
မချို (ပန်းခရမ်းပြာ)
နားလည်ဘူး.။နားလည်ဘူး။
ပုံ။
ရေးချင်ရာ ရေးသူ
မောက်ချောပိ
ပန်းခရမ်းပြာရဲ့ စာမရေးဖြစ်တဲ့အကြောင်း ပို့စ်ကို S-C မှ direct hit-->
မိချောပေါက်
ကောက်ညှင်းထုတ်ကို ထုတ်ပြရုံနဲ့
နားလည်ဘူး... နားလည်ဘူး
ဖွားတာ မေ့တတ်တယ်ဆိုတာ ယုံကြပြီလား ပြောတော့ တနေ့တပုဒ်ဆိုပြီးတော့ ဟွင်း အခုတခါ လုပ်ပြန်ပြီ ဘလော့တိုက်ပိတ်ရက်တဲ့ စစတို့ဆို ပိတ်ရက်မရှိ လည်နိုင်တယ်နော
ဘလော့ပိုင်ရှင်ကြီးများကျေးဇူးပြုပြီး ဘလော့တိုက်များကို ပိတ်ရက်မရှိ ဖွင့်ကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။။
ကောင်းလေစွ ကောင်းလေစွ များများဖတ်နိုင်သောသူ ဖြစ်ရပါလိုဧ။်
ဘာဘဲဖြစ်ဖြစ် တိကျတဲ့ မှတ်တမ်းလေးတစ်ခု ဖြစ်နေတာကိုက ကျေနပ်ဖွယ် မဟုတ်လားရှင်.. :)
ဖေ့စ်ဘုတ် ကတော့ ခုတည်းက စတင်ခြောက်လှန့်နေပြီ။
လွန်ခဲ့တဲ့ တစ်နှစ်နှစ်နှစ်က စတေးတပ်မက်ဆေ့ခ်ျ အဟောင်းတွေကို ပြန်ပြန်ဖွနေလို့... ရီလည်းရီရတယ်။
ရေချမ်းတော့ အိုက်ဒီယာကို ပေးတင့်ယူထားရတော့မှာပဲ.. =)
တော်ပြီ မဟုတ်တာတွေ မရေးတော့ဘူး ဟိဟိ
ကြိုက်သွားပီ မသီတာရေ....ဒီစာလေး ကူးယူထားပြီး ကိုယ့်ကိုကိုယ်ပြန်ပြန်အားပေးဦးမှ။း)
ကြိုက်သွားပြီ သီတာ...
ဆက်လက် ဖတ်ရှု ဆွေးနွေး ရေးသားကြပါစို့...း))
ဒါလေးနဲ့တင် စာရေးရတာ တန်နေပြီထင်တယ်နော့် ဆက်ရေးအုံးမှား)
မသီတာ ရဲ့ ပိုစ် လေးဖတ်ပြီး အားတွေရှိသွားတယ်ဗျာ
အစ်မသီတာ့ပို့စ်လေးဖတ်ရတာ ဗီတာမင် အေတူဇာတ်
သောက်လိုက်ရသလိုပဲ...:)။ဟုတ်တယ်...နောက်အနှစ်
လေးဆယ်လောက်မှာ ဖော်ကောင်လုပ်ရင်လည်း လုပ်စမ်း
ပါစေဗျာ....။ရေးဦးမှာ.....:)))
ဒါဆို.. ပြည့်ဝအောင် စာ အရင် ဖတ်လိုက်ဦးမှ..။
အားတက်သွားတယ်း))
စာမရေးတာကြာတော့ မတိမကျဖြစ်နေတာကြာပြီပေါ့ မ ရယ်... ဟုတ်ပ... စိတ်ထဲချချရေးပြီး စိတ်ကြီးလေးလေးလံလံနဲ့  အရာအားလုံး ၀ိုးတ၀ါး...
မတိကျတဲ့ လူတွေထဲ ကျွန်တော် ပါနေတာ လအတန် ကြာပါပြီလေ။ အခု ဘလော့ဂ်မှာ နာမည်ကြီးတဲ့ ကိုဧရာတို့ မသီတာတို့ အကြောင်း ရေးနေတယ်လို့ သားကြီးကို ပြန်ဖြေလိုက်လေ။ =)
Post a Comment