Friday, February 10, 2012

မန္တလေးသားနဲ့ ရန်ကုန်သူ

ရန်ကုန်သားနဲ့ မန္တလေးသူ ဆိုတဲ့ သီချင်းလေးက အတော်နာမည်ကြီးပြီး လူတိုင်းလည်းကြားဖူးကြပါလိမ့်မယ်။
အခု မန္တလေးက အဆိုတော် အောင်ချမ်း ကိုယ်တိုင်ရေးပြီး၊ ကိုယ်တိုင်သီဆိုထားတဲ့ မန္တလေးသားနဲ့ ရန်ကုန်သူ ဆိုတဲ့ သီချင်းလေးကိုလည်း ခံစားနားဆင်ကြည့်ကြပါဦး...


မန္တလေးသားနဲ့ ရန်ကုန်သူ စုံတွဲတွေဖြစ်ကြတဲ့ ကိုရေချမ်းနဲ့ မရွှေစု
ကိုပန်းသီးနဲ့ မချစ်ကြည်အေး..နောက်
ဘယ်သူတွေများရှိကြသေးပါလိမ့်??? ... ဒီ Question Markတွေဒီပို့စ်မှာလည်း တွေ့ဖူးသလိုပဲ
အသည်းလေးပေးပြီး ချစ်တတ်သူတဲ့..မန်းလေးသားတွေ အပြောကောင်းတယ်နော့..သတိသာထားကြတော့

ပုံ။
ဒေါ်ချင့်ယုံ


12 comments:

PAUK said...

ဒေါ် ချင့်ယုံ ပေလို့ပဲ..။
မ ချင့်ယုံ ခဲ့ရင်....
မတွေးရဲစရာပဲ..။

ပုံ။
မန်းလေးချစ်သူ တဥ

PAUK said...

စောက သီချင်း နားမထောင်သွားလို့
ထပ်တခါ လာနားထောင်ပါတယ်..။
အစ်ကို့ကို ကင်မရာကြီးနဲ့တွေ့လိုက်တယ်..။

ဇွန်မိုးစက် said...

ပို့စ်ခေါင်းစဉ်က စိတ်ဝင်စားစရာမို့ အိပ်ရာမ၀င်ခင် အပြေးလေး လာဖတ်တာ။ မမသီတာနဲ့ ကိုဧရာအကြောင်း ရေးထားတယ်ထင်လို့။ :D မနက်ဖြန်မှပဲ သီချင်းနားထောင်ကြည့်တော့မယ်။

ပုံ/
မန္တလေးသားနှင့် တစ်ခါမှမဆုံဖူးသူ

mstint said...

မန္တလေးသားနဲ့မြို့ရန်ကုန်သူ နားဆင်သွားတယ်
သီတာရေ။ မန္တလေးကစကား ရန်ကုန်ကအကြွားတဲ့ :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Rita said...

ဇွန့်လိုပဲ ထင်လို့ လာဖတ်တာ

ချစ်ကြည်အေး said...

ချင့်ယုံဆိုတာ အိမ်ကလူနာမည်ပဲ မှတ်တာ။။။။ သီတာကလည်း ဒေါ်ချင့်ယုံပဲကိုးးးး ဟဟဟ။
သီချင်းက တီးလုံးမပြီးသေးခင် တိကနဲ ရပ်ပစ်လိုက်တာလားးး

စုချစ် said...

ဓါတ်ပုံထဲ မန်းလေးသားတော့ပါပြီး ရွှေဂုန်သူ မတွေ့ပါလား...အစ်မ....း)

မန်းလေးသား အပြောကောင်းပုံများတော့ ဘ၀နဲ့ ချီပြီး သိလိုက်ပါဘီ.... စကားတတ်တာများ တခါ တခါ အပြောခံလိုက်ရရင် အင့်ကနဲ...ပဲ.... ဟီးဟီး ...း)

rose of sharon said...

မန္တလေးသားတွေ အပြောကောင်းတယ်တဲ့လား... မသိဘူးတော့ တကယ်...အညာသားစကားအကြွားဆိုလားဘဲ ကြားခဲ့ဘူးတာ...

Anonymous said...

ပေါက်ပေါက်ရှာရှာ ဘယ်ကအညာသားစကားအကြွားရမှာလဲ

မန္တလေးက စကား
မော်လမြိုင် အစား
ရန်ကုန်က အကြွား ပါတဲ့

အညာသားတဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

အညာသားတွေ အပြောကောင်းတယ်ဆိုတာ ယုံတယ် ယုံတယ်
ဘာလို့ဆိုတော့ အစ်မချစ်ကြည်အေးကြီး ကြွေသွားတာလည်း ဒီအပြောကောင်းလို့ဘဲ ဖြစ်မှာနော်။
ဒါပေမဲ့ ကြည့်ရတာ အညာသားတွေက ချစ်လည်း ချစ်တတ်ပုံရတယ်။း)

သက်ဝေ said...

မန္တလေးက စကားလို့ ပြောကြတယ်... မန္တလေးသား သူငယ်ချင်းတယောက်တော့ ရှိတယ်... ပြန်စဉ်းစားကြည့်တော့မှ သူလည်း တော်တော်လေး အပြောကောင်းမှန်း သတိရသွားတယ်... :P

အဆိုတော် အသံက ကိုင်ဇာနဲ့ ဆင်တယ်... အသံချိုချို သီချင်းချိုချို...း)

Sonata Cantata said...

ပေါက်ရေ
ဒေါ်ချင့်ယုံမို့သာပဲနော်..မဟုတ်ရင်
ရေးတော့ပါဘူး..း)

ဇွန်နဲ့ ရီတာ အတွေးတူနေတယ်..း)

ချစ်ကြည်ရေ..ဟုတ်တယ် သီချင်းက မဆုံးသေးဘူး..နောက်တကျော့ပြန်တာ..ထည့်စရာဓာတ်ပုံမရှိတော့လို့ ..တိကနဲ ရပ်ပြစ်လိုက်တယ်...စိုးတဲ့ ဘလော့ဂါ

စုချစ်ရေ..
သီချင်းကို တင်ချင်တာလေ.. ဗွီဒီယိုဖိုင်လုပ်ရမှာမို့ ပုံတွေမနည်းလိုက်ရှာရင်း..ချစ်တတ်တဲ့ မန်းလေးသားပုံ ထည့်ပေးလိုက်တယ်.. ချစ်ချင်တဲ့သူကို ချစ်လို့ရအောင် ရွှေဂုံသူကို
variable ထားပေးလိုက်တော့ ပုံထည့်လို့မရဘူးလို့ ... မန်းလေးသားကြီးကို ပေးလိုက်တဲ့ဆင်ခြေနဲ့
ကော်မန့်ပြန်လိုက်ပါတယ်..း)

ရို့စ်ရေ.. အိမ်က မန်းလေးသားကတော့ သိပ်အပြောမကောင်းရှာပါဘူး..း)

အညာသားတဦးရေ..
အဲ့လို ဆိုရိုးစကား ကြားဖူးပါတယ်


ချောရေ
ကိုယ်တွေကပဲ ချစ်တတ်သူလို့ ထင်တဲ့အထင်က အမျိုးသမီးတိုင်းလက်စွဲပဲ ထင်ပါရဲ့

သက်ဝေရေ
ဒီတခေါက်ပြန်တော့ ခွေပါးအောင်မဟုတ်ပဲ CD အရစ်ထပ်အောင် ဖွင့်ခဲ့တဲ့ အခွေလေ..း)