ဘလော့ဂ်အသစ်တခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်
လွန်ခဲ့တဲ့ 2013 BLOG DAY အမှတ်တရရေးတုန်းကအထိ ဘလော့ဂ်တွေနဲ့ မိတ်ဆက်ပေးတဲ့ ကောင်းမွန်တဲ့ အလေ့တထကို တခါဘူးမှ မလုပ်ဖူးတဲ့နောင်တကို ပြင်ဆင်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဟောဒီမှာပါ...ဘလော့ပိုင်ရှင်က သူစိမ်းတော့မဟုတ်ဘူး... တခါက ရှိခဲ့ဖူးတဲ့ ဘလော့ဂ်လေး ပျောက်ဆုံးသွားလို့ အသစ်တဖန်မွေးဖွားတဲ့ ဘလော့လေးရဲ့ ပထမဦးဆုံးပို့စ်က စာရေးချင်တယ် ... တဲ့
ဘလော့ဂ်ပိုင်ရှင်ဟာ ဘယ်လိုလူပါလိမ့်လို့ စဉ်းစားရင်းတွေးရင်း အတွေးအမြင်တွေ ဖလှယ်ကြပါစို့
တဆက်တည်းပဲ ခွင့်တိုင်ရဦးမယ်... တလလောက် ပျောက်မယ်လို့...

3 comments:
မရေ ကျေးဇူးပါနော်
မြန်မာပြည်ခရီးစဉ် ပျော်ရွှင်စရာ အတိဖြစ်ပါစေ
ချစ်တဲ့ ညီမ တဦး....
ဘလော့ဒေးနေ့တုန်းကပဲ အနှီဘလော့ဘက် ရောက်ဖြစ်သေးတယ်...ရေးထားတာမှ တစ်ပုဒ်ဆို တကယ့်ကို တစ်ပုဒ်ထဲ...ဒါပေမယ့် စကားပြေအသုံးအနှုန်းနဲ့ အချိတ်အဆက် ပြေပြစ်လွန်းလို့ သဘောတော်တော် ကျသွားတာ..
ခွင့်တောင်းတာတော့ သေးသေးလေးနဲ့ ရေးထားတော့ မမြင်ချင်ယောင်ဆောင်ထားတယ်။ ဒါပဲ။
အမ ခင်မင်းဇော်
Post a Comment