Sunday, September 1, 2013

ပိုးရာပါပစ္စည်းများ

သွားလေရာ သယ်ပိုးသွားတဲ့  ပိုးရာပါ သက်သေခံပစ္စည်းများ

ထီးတလက်… ပေါ့လည်းပေါ့တယ် ပါးလည်းပါးတယ်…။ နှင်းကာဖို့ ဆောင်းတာ ဆိုလား.. လက်ဆောင်ပေးတဲ့ အကိုကြီး ဂျပန်လေဆိပ်မှ ဝယ်လာပေးတာပါ… ဆောင်းလိုက်ရင် pinky … ကျေးဇူးပါ အကို သစ…။

မျက်မှန်အိတ်…။ အထဲမှာ bifocal နဲ့ အန်တီကြီးတယောက် တပ်တဲ့ ခပ်မိုက်မိုက် မျက်မှန်တလက်...:P

မှတ်ပုံတင်ကဒ်နဲ့ အခြား အနည်းငယ် အရေးကြီးသည်ဟု ထင်ရသော Cardအချို့ ထည့်သည့် ကိုဧရာဝယ်ပေးထားသော အိတ်ကလေး…။ အဲ့ဒီအိတ်ထဲမှာပဲ ဘုရားကျောင်းကန်သွားတိုင်း၊ ကောင်းမှုကုသိုလ် လုပ်တိုင်း ရင်ပေါ်လွှားတဲ့ ကိုယ်မြတ်နိုးသော ပုဝါပါးလေးတထည်…။ ကျေးဇူးပါ အမ တရ…။

ဘီးတချောင်း၊ ကရင်ပတ်တဗူး၊ နှုတ်ခမ်းခြောက်လို့ မဆိုးရမနေနိုင်တဲ့ lip gloss…။

မကြာခဏဆိုသလို ထုတ်သုံးရတဲ့ ကားရထားစီးတဲ့ card holder…။

နောက်ဆုံးတခုကတော့ အိတ်ထဲက အရေးပါဆုံး အိတ်ကလေးလို့ ပြောရမည့် လျှို့ဝှက်ချက်ရှိတဲ့ ထွင်းဖောက်မြင်သာသော အိတ်ကလေး…
အဲ့ဒီအိတ်ကလေးထဲမှာ… လျော့ပေါ့ပေးမည်ဟု သူတို့ကဆိုသော ဈေးဝယ်ရင် သုံးသော ကဒ်များ၊ ထိုးသိပ်ထည့်ထားတဲ့ ဈေးဝယ်ဖြတ်ပိုင်းများ…၊ အကြွေစေ့များ၊ အိမ်သော့ အစရှိသည့် သမရိုးကျ တိုလီမုတ်စအစုံ ပါဝင်ပါတယ်…။ အနည်းငယ် ဆန်းသလို ဖြစ်မည့် ပါဝင်ပစ္စည်းများကတော့ ယခု ၁၆နှစ်ရှိပြီ ဖြစ်တဲ့ သားကြီး အနှီးထုတ်လေးနဲ့ ထွေးရစဉ်အရွယ်က သုံးခဲ့တဲ့ ဆနွင်းစွန်းနေသည့် safety pin တွယ်ချိတ်ကြီးတခုနဲ့ mechanical pencil တွေ သုံးနေတဲ့ ခေတ်မှာ အင်ဂျင်နီယာ မဖြစ်သော ကွန်ပြူတာဖြင့် ပုံဆွဲသူတယောက်ရဲ့ ခဲတံချွန်စက်လေး တခုတို့ပဲ ဖြစ်ပါတော့တယ်ရှင်…

အဲ… နောက်ဆုံးရဲ့ နောက်တခုကတော့ အိမ်မှာ မကြာခဏ မေ့ကျန်နေတတ်သော… ဘတ်ထရီကုန်နေတတ်၍ ဆက်သွယ်၍မရနိုင်ပါသော… smart phone တခုပါ... (phone က ဘယ်လောက်ပဲ စမတ် စမတ်... ပိုင်ရှင်က မစမတ်လို့ အစွမ်းမပြရရှာတဲ့ သနားစရာ အမေ့ခံလေးတခု...ရလဲ့)

ရှန်… လျှို့ဝှက်ချက်… ပြောမသွားသေးဘူး… ဟုတ်ကဲ့…ဟုတ်ကဲ့
ဈေးဝယ်လို့ ပိုက်ဆံရှင်းကာနီး… ကားပေါ်တက်လို့ ကားခဖြတ်ကာနီးတို့လို အရေးပေါ် အချိန်ကျမှ ဟိုနှိုက်ဒီနှိုက် ရုပ်ပျက်ဆင်းပျက်နှိုက်ရသော ကျမတို့လို အန်တီများ အတွက် အတွင်းကို ထွင်းဖောက်မြင်သာသော အိတ်ကလေးများသည် ချွေးထွက် အနည်းငယ် သက်သာစေသည်ဆိုသည့် လျှို့ဝှက်ချက်ကြီးပါ…:D

လက်ကိုင်အိတ်လေးတွေ လက်ဆောင်ပေးဖူးသော ငယ်ငယ်တုန်းက သူငယ်ချင်း၊ တခန်းထဲ အတူနေခဲ့တဲ့ သူငယ်ချင်း၊ ဘလော့ပေါ်က သူငယ်ချင်း၊ YIT က သူငယ်ချင်း၊ Geologist သူငယ်ချင်းများကို ချစ်ခင်စွာဖြင့် သက်ဝေ    ‌ရှေ့မှောက် အစစ်ခံသည်... ဟမ်...:)

10 comments:

rose of sharon said...

ထီးလေးလှတယ်မသီတာ... ထီးပန်းရောင်လေးအောက်က အမချောချောတစ်ယောက်ကို မျက်စေ့ထဲမြင်ယောင်ကြည့်လိုက်တယ်....

Anonymous said...

ဟယ်လို မမ..

အိတ်လေးထဲမှာ သွားလေရာပါမယ့် သက်သေခံတွေပေါ့နော်း)

ဘီးဇီးပြီး ဘီးဇီးဖြစ်နေတာနဲ့ မရောက်တာကြာပြီ။ သူများတွေက ဘလော့ဂါဒေး ပြောမှ သတိရလာပြီး လာနှုတ်ဆက်တာ။ စာရေးကောင်းတဲ့ မမတို့ကို အရမ်း သတိရနေပါတယ်။

Sonata Cantata said...

နော်ဖောရေ... ချစ်သော မျက်စိဖြင့် ကြည့်တာခြင်း တူနေကြပြီ <3 <3

အမလည်း အလုပ်တွေကြားကနေ လသာညဆီ တခါတခါ လာချောင်းဖြစ်တယ်သိလား... ခြေရာ မချန် တိတ်တိတ်ပြန်ခဲ့လို့သာ...<3<3

သက်ဝေ said...

စိတ်ရှင်း လက်ရှင်းနဲ့ အေးအေးချမ်းချမ်း အိတ်ကလေးပေါ့... ကိုယ်တွေလို ပေါက်ကရပေါင်းစုံ မသယ်ပိုးရတဲ့ အိတ်ကလေးပေါ့... အိတ်ပိုင်ရှင်လေးလိုပါပဲ... <3

Sonata Cantata said...

ဒေါ်သက်ဝေ
သူများက ကျောရိုးမခိုင်တာ သူသိသားနဲ့ ဟွင့်
<3 <3



Khine Mye Thu said...

ဟုတ်တယ်နော်. အိတ်ကလေးကသပ်ရပ်နေတာပဲ. ထီးလေးကလဲချစ်စရာ. Safety pin ကလဲပြုံးစရာ.

တန်ခူး said...

PC ပြန်ကောင်းသွားပြီလားမ. အိတ်ကလေးက သပ်ရပ်နေတာပဲ. ထီးလေးကလဲချစ်စရာ. Safety pin လေးကလဲပြုံးစရာ

Sonata Cantata said...

PC နဲ့ Laptop ပေါင်းပြီး စာရိုက်တင်နေတာ တန်ခူးရေ...:)
အမအိတ်က မသပ်ရပ်ဘူး... အခုကတမင်စီချပြီး ရိုက်ထားတာမို့...ဟီးဟီး

MANORHARY said...

သူ့ပိုးရာပါပစ္စည်းတွေက ပေါ့ပေါ့ပါးပါးပဲ :)

Sonata Cantata said...

ပေါ့ရမယ်..ပါးရမယ် မနော်ရေ... ခါးက စောင်း... လက်ပြင်ကငေါ... ကိုယ့်ကုသိုလ်နဲ့ ကိုယ်မို့ပါ... ခင်သေးတယ် ဟုတ်? :)