Saturday, November 1, 2008

များများကြီးတော့ လွဲနေတယ်...

ကိုယ်ချင်းစာသည် ဆိုသည်မှာ သူ့နေရာ၌ ကိုယ်ဝင်ကြည့်ခြင်းဆိုသည့် အဆင့်လောက်တော့ မကြာခဏဆိုသလို လေ့ကျင့်မိပါသည်။

သားနှစ်ယောက်မိခင် ဖြစ်သောကျမမှာ သမီးရှင်ဟူသော ခံစားချက်ကို မှတ်မှတ်ရရ ဖြစ်စေသော တစ်ချိန်တစ်ခါတော့ ရှိခဲ့ဖူးသည်။ သားငယ်ကို မွေးပြီးစ အချိန်ကဖြစ်သည်။ “သားလေးမွေးကြောင်း” အမေဆီဖုန်းဆက် အကြောင်းကြားတော့ တဖက်က အမေက “သမီးလေးရတာပေါ့” ဟု ပြန်ပြောလေသည်။ ကျမက အမေ အသက်ကြီးပြီဖြစ်၍ နားကြားများလွဲလေသလား ဟူသော အထင်ဖြင့် “မဟုတ်ဘူး… အမေ။ သားလေးမွေးတာ၊ သား” ဟု ထပ်ပြောမိသည်။ အမေက “အေးလေ သားလေး မွေးတယ်ဆိုတော့လည်း နောက် သမီးလေးပါရတာပေါ့”ဟု ပြန်ပြောသောအခါမှ အမေ ဘာကိုရည်ရွယ်ကြောင်း ကျမ အတွေးပေါက်၏။

အနုပညာ သမားတွေကို ကျမ ကောင်းကောင်း နားမလည်ပါသော်လည်း အနုပညာကို တန်ဖိုးထားသူဖြစ်ပါ၍ သူတို့ကို အထင်မသေးပါ။ သူတို့ ဖန်တီးသော အနုပညာကို ကျမမှာရှိသော sensor များဖြင့် တတ်နိုင်သမျှ အစွမ်းကုန် ခံစားတတ်ပါသဖြင့် ကြီးတောင်ကြီးမားထိ သီချင်းတွေက ငါ့ကိုများစောင်းဆိုနေတာလား ဆိုတာမျိုး ။ ဇာတ်လမ်းထဲက မင်းသမီး က ကိုယ်လိုလိုနှင့် သူများနေရာ ၀င်၍ ကိုယ်ချင်းစာတတ်သေးသည်။


ဒီ သီချင်းကြည့်ပြီး ကျမ သမီးရှင်၏နေရာ၌ ခဏတောင် ၀င်ပြီး ကိုယ်ချင်းစာ မကြည့်ချင်တော့ပါ။
ထွင်သူကလည်း ထွင်သည်။
ပါဝင်သူကလည်း ပါဝင်သည်။
အားပေးသူကလည်း အားပေးသည်။

ပရိသတ်ထဲမှ သမီးလုပ်သူ ကို ပခုံးအထက်ထမ်း၍ သမီးလေးကို အလိုလိုက်ရှာသည့်အဖေ။ အဖေ့ပခုံးထက်မှ concert ကြည့်ရင်း သမီးလေးမှာ ကျမလို (stage ပေါ်မှ မင်းသမီးလေးနေရာ ၀င်ပြီး) ကိုယ်ချင်းမစာ တတ်ရန်လည်း ထပ်ခါထပ်ခါ ဆုတောင်းလိုက်ပါသည် အရပ်ကတို့…

13 comments:

Kay said...

မသီတာရေ-
ရင်ထဲမှာ ဘယ်လိုကြီးဖြစ်သွားမှန်းတောင်မသိဘူး။ ဘာတွေဖြစ်ကုန်ကြပြီလည်း။ ကျမ လည်း..အဲဒီ ကောင်လေး တွေ နဲ့ပတ်သတ်ပြီး..အမျိုးမျိုး ..လှည့်ပတ်တွေးကြည့်ပြီးပြီ။ ကျမ တို့က.. နားမလည်နိုင်တာလား။ ခေတ်က..ကွာဟာတာလား။ သူတို့က..တမျိုးဆန်းသစ်လွန်းနေလား။ အဖြေကိုမထွက်ဘူး။

ဘာဖြစ်လို့ဆို- တရက်က..မိတ်ဆွေတယောက်က..( ကိုယ့်အရွယ်တွေပါပဲ) သိပ်ကောင်းလွန်းလို့.. ကြည့်စမ်းပါ ဆိုလို့.. မျှော်စင်ကျွန်းက..မွေးနေ့ပွဲ အခွေ ကြည့်- ဘူးလိုက်တာ။ ပ၇ိသတ်ထဲကို..ဒီထဲမှာ..G-string နဲ့ဘယ်နှယ်ယောက်ပါလည်း ဟေ့ လို့ မေးလိုက်တာ..နားနဲ့ဆတ်ဆတ်ကြားပြီးထဲက.. မေ့ထားလိုက်တော့တယ်။

ဒါပေမဲ့..ခက်တာက..သူတို့က.. ဗမာပြည်က..ကလေးတွေရဲ့ အာရုံကို ဦးဆောင်နေတော့..မခက်လား။
ခုဟာကြီးကလည်း..တဆိတ် လွန်လွန်းပြီထင်။

khin oo may said...

2 Nov 08, 00:52
kom: ဒီအရွယ် စာဘဲ ဖတ်။ ကစားရဦးမဲ့အရွယ်ပါ။
2 Nov 08, 00:52
kom: ဖြစ်လည်း မဖြစ်သင့်ဘူးလေ။ခလေး က ကလေးဘဲ။ လူကြီးနေရာထည့်သင့်ဘူး။စိတ် က အလကားနေရင်း ကစားချင်ရင် ခက်မယ် ဒ
2 Nov 08, 00:51
kom: ကြည့်သွားတယ်။ ထွင်တယ်ခေါ်ရမှာပေါ့လေ။ လေးနက်စွားတော့မတွေးဘူးနဲ့ တူပါတယ်။ ဒါပေမဲ့လဲ မသင့်တော်ဘူးပေါ့ ဖြ

PAUK said...

အင်း
ကြည့်ပြီး မျက်ရည်ဝဲနေတယ်..
(ကျွန်တော့်မှာလဲ သမီးလေးရှိနေလို့)
မြန်မာပြည်မှာလည်းdisney channelလိုကလေးတွေကို ဖျော်ဖြေတဲ့ လမ်းကြောင်းလေးလိုအပ်နေပြီ...

May Moe said...

ကြည့်ရတာ စိတ်မသက်သာလိုက်တာ အမရယ် ။ အသက်သိပ်မကြီးသေးပေမဲ့ အဲဒီအဆိုတော်တွေကိုလုံးဝခံစားလို့မရဘူး ။အခုကတော့ တော်တော်လွန်တယ် ဘာကိုပြချင်မှန်းကိုမသိဘူး။ ကလေးမိဘတွေကလည်း ဒါကိုဘယ်လိုများလက်ခံပါလိမ့်နော်

အောင်သာငယ် said...

အင်း... ပြောရရင်တော့ စစ်အုပ်စုကိုပဲ လက်ညှိုးထိုးရ မှာပါပဲ....

ကောင်းမြတ်မှန်ကန်တဲ့ အသိစိတ်တွေကိုတော့
နည်းမျိုးစုံနဲ့ ချိုးဖဲ့ပြီး မကောင်းတာတွေပဲ ရှင်သန်အောင် နှစ်ပေါင်းများစွာ သူတို့ လုပ်ခဲ့တဲ့ အကျိုးဆက်တွေပါပဲ။

လူတွေဟာ မှန်မှန် ကန်ကန် မတွေးခေါ်နိုင်ကြတော့ဘူး...
မလုပ်သင့်တာတွေ လုပ်ပြီး
လုပ်သင့်တာတွေ မလုပ်တဲ့ ဘ၀ကို ရောက်နေကြပြီ။

ဝမ်းနည်းဖို့ ကောင်းတာကတော့ ဘာမှ မသိသေးတဲ့ ကလေးတွေက မကောင်းတာကို ကောင်းတယ် ထင်သွားကြတော့မှာကိုပါပဲ။

လင်းလက်ကြယ်စင် said...

တမျိုးပဲ။ တော်တော်ကြီးကို တမျိုးဖြစ်မိတယ်။ Cartoon Network & Disney Channel လိုမျိုးတွေ ကလေးတွေအတွက် ရှိသင့်ပါတယ်။

တက်လူငယ် said...

စီးပွားရေးဈေးကွက်တစ်ခုထဲကို အနုပညာဖန်တီးချက်လေး တစ်ခုရောက်နိုင်ဖို့အရေး တစ်ခေတ်ဆန်းသစ်ပြီး တီထွင်လိုက်တဲ့ ရှိုးပွဲတစ်ခုလိုပါပဲ။ ဒီနေ့ခေတ်မှာ လူတွေရဲ့အမြင်က တစ်မျိုးဆန်းသစ်လေ ပိုပြီးစိတ်ဝင်စားလေပဲဗျ။ ဒါကတစ်မျိုးပိုပြီး ဆန်းသစ်အောင် တမင်တီထွင်ထားတာပဲလေ။ အားပေးနေတဲ့ ပရိတ်သတ်တွေကလည်း တပုံတပင်ကြီးဆိုတော့ အမြင်ကတော့ရှင်းပါတယ်။ ဆန်းသစ်တီထွင်မှုဆိုတာလေး....

ThuHninSee said...

ရဲလေးရည်ရွယ်ဆိုနေတာ အဲဒီကလေးမလေးကိုလား။
ဒီအရွယ်က အဲလိုသီချင်းအတွက် သရုပ်ပြစရာအရွယ်လား။
ဒုက္ခ။ သမီးလေး မွေးချင်တဲ့ ကျွန်မတောင် တွန့်သွားတယ်။
တက္ကသိုလ်ဒုတိယနှစ်တုန်းကကျွန်မသူငယ်ချင်း တစ်ယောက်က ၇တန်းကောင်မလေးတစ်ယောက်ကို လိုက်ကြိုက်တာတောင် လွန်လှပြီထင်တာ။
ကျွန်မလဲ အသက်ကြီးလာပြီထင်ပါရဲ့။ လိုက်မမီတော့ဘူး။

Welcome said...

အစ်မ
ခေတ်ရေစီးကြောင်းလို့ ပြောရမလား၊ ဒါမှမဟုတ် ပုံတူကူးချတယ်လို့ ပြောရမလားပဲ။ ဒီလို concert မျိုးကို နိုင်ငံခြား show တွေမှာ တွေ့မြင်နေကျ မို့ မျက်စိ အသားကျနေပေမယ့်၊ ကိုယ့်ဗမာ အချင်း၂ ကျတော့ မျက်စိနဲ့ သဟဇာတ မဖြစ် တာတော့ ၀န်ခံပါတယ်။ အထူးသဖြင့် ကလေးကို Model သုံးထားတဲ့အတွက်လည်း ပါပါတယ်။ ကလေးရဲ့ စိတ်ဆန္ဒထက် မိဘတွေရဲ့ မှားယွင်းတဲ့ တွန်းအားပေးမှုလို့ မြင်မိပါတယ်၊ ပညာပေးပို့စ်ကောင်းလေးပါ ...
လေးစားလျက်

http://winzaw-mdy.blogspot.com

သက်ဝေ said...

မသီတာရေ...
ခက်လိုက်ကြပုံများကတော့နော်..
ဘယ်လို နားလည်ရမှန်းတောင် မသိတော့ပါဘူး...
ဝှုးးးးး
ဘာဘဲဖြစ်ဖြစ် အခုလို မျှဝေပေးတာ ကျေးဇူးတင်ပါတယ်.. သူများတွေ ပြောလာခဲ့ရင် Out Dated သိပ်မဖြစ်ဖူးပေါ့... "အိုး... အဲဒီ MTV လား..ှSonata Cantata Blog မှာ ငါကြည့်ဖူးတာပေါ့.. " လို့  ပြန်ပြောစရာရှိတာပေါ့လေ...။

JulyDream said...

သိသလောက်တော့ နိုင်ငံခြားက အဆိုတော်တစ်ယောက် လုပ်တဲ့ပုံစံကို လိုက်လုပ်တာပါ။ ဘယ်အဆိုတော်လဲဆိုတာတော့ ကျွန်တော် မကြည့်ဖူးလို့ မသိပါဘူး။ အဲဒီမှာလည်း ကလေးမလေးကို ဆွဲကြိုး လက်ဆောင်ပေးတာမျိုး ပါတယ်လို့ ကြည့်ဖူးတဲ့ သူငယ်ချင်းတွေက ပြောပြပါတယ်။ ဒါပေမယ့် အခုပွဲမှာ ရဲလေး သရုပ်ဆောင် ထားသလောက်တော့ အခြေအနေ မဆိုးပါဘူး။

ခင်မင်းဇော် said...

်ခုမှဝင်ကြည့်မိပြီး လန့်တောင်သွားတယ်။
ဘယ်လိုမှတောင် တွေးမကြည့်သင့်တဲ့ အဖြစ်အပျက်။
စင်ပေါ်ထိရောက်နေတယ်.. ဘယ်လိုဖြစ်နေကြပြီလဲနော်..
(အမ ခဏခဏ၀င်ဖတ်ဖြစ်တယ်။ ကောမန့်သာ မပွတ်ဖြစ်တာပါ)

sonata-cantata said...

ကြည့်နေမိရင်း သူက “ဒီသူချင်းကို ကျနော်ကြိုက်တဲ့ ကောင်မလေးရှေ့မှာ ဆိုပြချင်ပါတယ”် ဆိုတော့ မင်းသမီးလေးကို မျှော်နေမိတာပေါ့။ ကလေးလေးထွက်လာတော့လည်း မင်းသမီးကို မျှော်နေမိတုန်းပဲ။ ကလေးပုခုံးမှာတင်ထားတဲ့ ပုဝါလေးကို ယူလိုက်တော့ ကလေး မျက်လုံးကို အ၀တ်စီးပြီး ဘုတ်တလုပ်တောက်တဲ့ ကစားသလိုမျိုး သရုပ်ဆောင်မယ်ထင်တာ မဟုတ်ပြန်ဘူး။ ကလေးကို မင်းသမီးလေးကို ခေါ်ပေးဖို့အတွက် cupid များ လုပ်ခိုင်းလေမှာလားလို့ ဆက်ကြည့်တယ် မဟုတ်ပြန်ဘူး။ တဖြေးဖြေးနဲ့ မဟုတ်တာတွေ ထပ်လာတော့၊ မကြည့်ချင်တော့ဘူး ပိတ်ပစ်လိုက်ချင်ပြီ။ ကိုယ့်ကိုယ်ကို အားပေးရတယ် ကြည့်ရမယ် ကြည့်ရမယ် ဆုံးအောင်ကြည့်ရမယ် ဆိုပြီး…နောက် ခေါင်းထဲက မူးဝေေ၀နောက်ကျိကျိဖြစ်လာလို့ ထမင်းကို ကင်ပွန်းရွက်ချဉ်ရည်ဟင်း၊ ငြုပ်သီးမုန့်တွေနဲ့ အပျင်းစား တွယ်လိုက်ပြီး ဒီပို့စ်ကို ရေးလိုက်ပါတယ်။

CBox မှကူးယူထားသည်။

2 Nov 08, 07:28
မြတ်နီုး: ဟုတ်ပ အမရယ် ဘာတွေမှန်းမသိဘူးနော်..
2 Nov 08, 07:28
မြတ်နီုး: ကလေးလေးကို စောစောစီးစီး မဟုတ်တာလုပ်ချင်လာအောင် သင်ပေးနေသလိုပဲ

2 Nov 08, 12:07
sin dan lar: များများကြီးလွဲနေတာကိုကြည့်ပြီး စိတ်မသက်မသာဖြစ်ရပါကြောင်း
2 Nov 08, 13:31
S-C: sin dan lar ရေ မသက်သာလိုက်တာမှ အော်သလီဆန်သလိုကြီး

2 Nov 08, 20:34
kom: ထပ်ပြီးလာပြီးတွေးသွားသည်။

2 Nov 08, 22:25
MayMoe: ဒီလိုအဆိုတော် ပိန်းပိန်း တွေနဲ့တော့ခက်ပါတယ်

4 Nov 08, 20:41
ဒေါ်မမ: ဟားဟား... သီတာရေ လွဲတာမှ အကုန်လွဲတာပါပဲလား။ ငါလဲ ခံစားလို့မရပါဘူး တို့တတွေ အသက်ကြီးသွားပြီလို့ပဲ တွေ
4 Nov 08, 20:43
ဒေါ်မမ:းလိုက်ပါတယ်၊

5 Nov 08, 12:05
saund: တကယ်ဘဲ ကလေးရဲ့မိဘကို (ဆောင့်ကန်) ပစ်ချင်တယ်။ ဒီလောက်တောင် ဦးဏှောက် မရှိဘူးလားလို့။ ဒါမိဘလား

11 Nov 08, 20:48
SMNTL: မင်္ဂလာပါ မသီတာရေ.. စာကြွေးတွေ လာဖတ်တယ်.. များများကြီး လွဲနေတာကို ကြည့်ပြီး စိတ်မသက်မသာ ဖြစ်သွားတယ်..အဆင်ပြေချမ်းမြေ့ပါစေ