အတ္ထိပစ္စည်း
အတ္ထိပစ္စယောတိ -
၁။ စတ္တာရော ခန္ဓာ အရူပိနော အညမညံ အတ္ထိပစ္စယေန ပစ္စယော။
၂။ စတ္တာရော မဟာဘူတာ အညမညံ အတ္ထိပစ္စယေန ပစ္စယော။
၃။ သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ အတ္ထိပစ္စယေန ပစ္စယော။
၎။ စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။
၅။ မဟာဘူတာ ဥပါဒါရူပါနံ အတ္ထိပစ္စယေန ပစ္စယော။
၆။ စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
၇။ သောတာယတနံ သောတ၀ိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
၈။ ဃာနာယတနံ ဃာန၀ိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
၉။ ဇိဝှါယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
၁၀။ ကာယာယတနံ ကာယ၀ိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
၁၁။ ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
၁၂။ သဒ္ဒါယတနံ သောတ၀ိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
၁၃။ ဂန္ဓာယတနံ ဃာန၀ိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
၁၄။ ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
၁၅။ ဖောဋ္ဌဗ္ဗာယတနံ ကာယ၀ိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
၁၆။ ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
၁၇။ ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ၀တ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
အတ္ထိဟူသည် “ရှိခြင်း”ဟု အဓိပ္ပါယ်ရ၏။ ပစ္စုပ္ပန်သဘောအားဖြင့် ထင်ရှားရှိနေသော အကြောင်းတရားတို့က အကျိုးတရားအား ဖြစ်စေရန်၊ တည်တံ့စေရန် ထောက်ပံ့ ကျေးဇူးပြုခြင်းအား အတ္ထိပစ္စည်းဟု ခေါ်သည်။
အတ္ထိပစ္စည်း ၀ါကျအမှတ် ၁ မှ ၅ အထိ ၅-မျိုးသည် သဟဇာတပစ္စည်း အမှတ် ၁ မှ ၅ နှင့် တူသဖြင့် သဟဇာတတ္ထိ ပစ္စည်းဟု ခေါ်သည်။
၁။ စတ္တာရောခန္ဓာ အရူပိနော- ရုပ်မဟုတ်သော (နာမ်)ခန္ဓာလေးပါးတို့သည်၊
အညမညံ- အချင်းချင်း၊
အတ္ထိပစ္စယေန ပစ္စယော - ထင်ရှားရှိသည်ဖြစ်၍ (အတ္ထိစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၂။ စတ္တာရော မဟာဘူတာ- မဟာဘုတ် လေးပါးတို့သည်၊
အညမညံ- အချင်းချင်း၊
အတ္ထိပစ္စယေန ပစ္စယော - ထင်ရှားရှိသည်ဖြစ်၍ (အတ္ထိစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၃။ သြက္ကန္တိက္ခဏေ နာမရူပံ - အမိဝမ်းသို့ သက်ဝင်ခိုက် (ပဋိသန္ဓေခဏ) တွင် နာမ်နှင့် ရုပ်တို့သည်၊
အညမညံ- အချင်းချင်း၊
အတ္ထိပစ္စယေန ပစ္စယော - ထင်ရှားရှိသည်ဖြစ်၍ (အတ္ထိစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၎။ စိတ္တစေတသိကာ ဓမ္မာ - စိတ်စေတသိက်တရားတို့သည်၊
စိတ္တသမုဋ္ဌာနာနံ ရူပါနံ - စိတ်ကြောင့်ဖြစ်သော ရုပ်တရားတို့အား၊
အတ္ထိပစ္စယေန ပစ္စယော - ထင်ရှားရှိသည်ဖြစ်၍ (အတ္ထိစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၅။ မဟာဘူတာ - မဟာဘုတ်တို့သည်၊
ဥပါဒါရူပါနံ - ဥပါဒါရုပ်တို့အား၊
အတ္ထိပစ္စယေန ပစ္စယော - ထင်ရှားရှိသည်ဖြစ်၍ (အတ္ထိစ္စည်းဖြင့်) ကျေးဇူးပြုသည်။
ဝါကျ အမှတ် ၆ မှ ၁၆ အထိ ၁၁-မျိုးသည် ပုရေဇာတပစ္စည်း အမှတ် ၁ မှ ၁၁ ထိ နှင့် တူသဖြင့် ပုရေဇာတတ္ထိ ပစ္စည်း ဟုခေါ်သည်။
၆။ စက္ခာယတနံ - မျက်စိအကြည်ဟူသော ဖြစ်တည်ရာသည်
စက္ခုဝိညာဏဓာတုယာ - မြင်သိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုမြင်သိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
အတ္ထိပစ္စယေန ပစ္စယော - ထင်ရှားရှိသည်ဖြစ်၍ (အတ္ထိစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၇။သောတာယတနံ - နားအကြည်ဟူသော ဖြစ်တည်ရာသည်၊
သောတ၀ိညာဏဓာတုယာ - ကြားသိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုကြားသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊

၈။ ဃာနာယတနံ - နှာခေါင်းအကြည်ဟူသော ဖြစ်တည်ရာသည်
ဃာန၀ိညာဏဓာတုယာ - နံသိစိတ်အား၎င်း၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုနံသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊

၉။ ဇိဝှါယတနံ - လျှာအကြည်ဟူသော ဖြစ်တည်ရာသည်
ဇိဝှါဝိညာဏဓာတုယာ - အရသာသိစိတ်အား၎င်း၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုအရသာသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊

၁၀။ ကာယာယတနံ - ကိုယ်အကြည်ဟူသော ဖြစ်တည်ရာသည်၊
ကာယ၀ိညာဏဓာတုယာ - အရသာသိစိတ်အား၎င်း၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုတွေ့ထိသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊

၁၁။ ရူပါယတနံ - အဆင်းအာရုံသည်၊

၁၂။ သဒ္ဒါယတနံ - အသံအာရုံသည်၊

၁၃။ဂန္ဓာယတနံ - အနံ့အာရုံသည်၊

၁၄။ရသာယတနံ - ရသာအာရုံသည်၊

၁၅။ဖောဋ္ဌာဗ္ဗာယတနံ - အတွေ့အာရုံသည်၊

၁၆။ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ - အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ထိအာရုံတို့သည်၊
မနောဓာတုယာ - မနောဓာတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုမနောဓာတ်နှင့် ယှဉ်၍ဖြစ်သော တရားတို့အား၎င်း၊

ဝါကျ အမှတ် ၁၇ သည် နိဿယပစ္စည်း ၀ါကျအမှတ် ၁၁ နှင့်တူ၏။ ဟဒယ၀တ္ထုရုပ်သည် ပဋိသန္ဓေအခိုက်တွင် သဟဇာတနိဿယ ပစ္စည်း၊ ပ၀တ္ထိအခိုက်မှာ ၀တ္ထုပုရေဇာတနိဿယ ပစ္စည်းဖြင့် ကျေးဇူးပြုကြ၍၊ ပစ္စုပ္ပန်တွင် ထင်ရှားရှိသော ၀တ္ထုရုပ်က မနောဓာတ်၊ မနောဝိညာဏဓာတ်တို့အား ကျေးဇူးပြုခြင်း ဖြစ်၍ အတ္ထိပစ္စည်းဖြင့် ကျေးဇူးပြုသည်လည်း မည်၏။
၁၇။ ယံ ရူပံ နိဿာယ - အကြင် (ဟဒယ၀တ္ထု) ရုပ်ကို မှီ၍၊
မနောဓာတု စ - မနောဓာတ်သည်၎င်း၊
မနောဝိညာဏဓာတု စ - မနောဝိညာဏ်ဓာတ်သည်၎င်း၊
ဝတ္တန္တိ - ဖြစ်ကြကုန်၏။
တံ ရူပံ - ထို (ဟဒယ၀တ္ထု) ရုပ်သည်၊
မနောဓာတုယာ စ - မနောဓာတ်အား၎င်း၊
မနောဝိညာဏဓာတုယာ စ - မနောဝိညာဏ်ဓာတ်အား၎င်း၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုမနောဓာတ်၊ မနောဝိညာဏ်ဓာတ်တို့နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
အတ္ထိပစ္စယေန ပစ္စယော - ထင်ရှားရှိသည်ဖြစ်၍ (အတ္ထိစ္စည်းဖြင့်) ကျေးဇူးပြုသည်။
ပစ္စယနိဒ္ဒေသတွင် အတ္ထိပစ္စည်းအား ဤမျှသာ ထုတ်ပြထားသော်လည်း ပဋ္ဌာန်း ပဥှာဝါရပိုင်းတွင် (၁) သဟဇာတတ္တိ၊ (၂) ပုရေဇာတတ္ထိ၊ (၃) ပစ္ဆာဇာတတ္ထိ (၄) အာဟာရတ္ထိ၊ (၅) ဣန္ဒြိယတ္ထိ ဟူ၍ အတ္တိပစ္စည်း ၅-မျိုးကို ဟောကြားထားသည်။ ဤတွင်လည်း အာဟာရတ္ထိ ပစ္စည်းနှင့် ဣန္ဒြိယတ္ထိ ၂-မျိုးအား ပရိယာယ်အားဖြင့် သဟဇာတအုပ်စုတွင် ထည့်သွင်းလေ့ရှိသည်။ (မည်သည့်အတွက်ကြောင့် သဟဇာတအုပ်စုတွင် ထည့်ရကြောင်းကို အာဟာရပစ္စည်းနှင့် ဣန္ဒြိယ ပစ္စည်း အပိုင်းတွင် ဖော်ပြသွားပါမည်။)
ဆက်ရန်...

1 comments:
ပဌာန်းဒေသနာတော်နဲ့ပတ်သက်ပြီး အနက်ဖွင့်ဆိုချက် တစ်စိတ်တစ်ဒေသကို ဖတ်မိတိုင်း ပို့စ်တင်ချင်စိတ်ပေါ်ပေါ်လာတယ် S-C ရေ။
ဆက်ရန်လေးကိုစောင့်ဖတ်နေတယ် ကျေးဇူးပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment