Tuesday, July 22, 2008

အဖြေ မလိုတဲ့ ပုစ္ဆာ

ကျမ ဘာလဲ?
ကျမ ဘယ်လဲ?
ကျမ ဘာဖြစ်နေတာလဲ?

မကြည်လင်ချိန်များတွင် ထွက်ပေါ်လာတတ်သော မေးခွန်းများဖြစ်သည်။
မကြည်လင်ချိန်ဖြစ်၍ အဖြေနှင့် အလှမ်းဝေးလှသည်။
ဘယ်သူကူလို့ အဖြေ ပေးနိုင်မလဲ လိုက်ရှာမိတော့ မယုံကြည်မှု သံသယတွေနဲ့

ကျမသည် လူတစ်မျိုးဖြစ်သည်။
ရှင်သန်ခြင်းတွင် အဖြေရှာမရသော ထိုသို့သောအခါများတွင် သေဆုံးခြင်းကို သွားကြည့်နေမိသူဖြစ်သည်။
ကျမ အဖြေရှာနေသည်။

"ဟိုးရှေးရှေးတုန်းက ဂရိဆိုတဲ့ တိုင်းပြည်မှာ ကျမလို မင်းသမီးလေးတစ်ပါးရှိလို့ ယခုခေတ်လူတွေ Algebra သင်နေရတာ" ဟု သူကဆိုသည်။

သူ့ အဆိုသည် ကျမအတွက် အဖြေ မဟုတ်သော်လည်း...

သူလည်း ဟိုတစ်ချိန်က မင်းသမီးလေးနှင့်အတူတူ ကောင်းကင်ပေါ်ကို မော့ကြည့်ခဲ့ကြသည့် မင်းသားလေး တစ်ပါးဖြစ်မည် ဟု ကျမ ယုံကြည်သည်။
ထိုသောအခါ ကြည်လင်မှုသည် ကျမ၌ တည်၏။
ရလဒ်မှာ မိစ္ဆာမေးခွန်းများ ရပ်တန့်သွားခြင်း ဖြစ်သည်။

(တစ်ယောက်က လက်တွေ့ ဘ၀ထဲ မှာနေသည်။ တစ်ဦးက အတွေးတွေထဲမှာ နေသည်။
ပေါင်းကူးပေးရန် အလို့ငှာ ဤ Post ကို ရေးပါသည်။)



4 comments:

tg.nwai said...

ကျေးဇူးပါ သီတာ။
အဖြေမလိုတဲ့ ပုစ္ဆာအတွက် အဖြေထွက်သွားတာကိုလေ..။ တခါတလေတော့လည်း ဖြေရှင်းလို့မ၇တဲ့ ပုစ္ဆာတွေ ရှိနေတတ်တယ်လေ။ ကျောင်းတုန်းကလိုဆိုရင်တော့ ဆက်ရှင်းလို.မရရင် ရောက်တဲ့နေရာ ရပ်ထားခဲ့ပြီး နောက်တပုဒ်ဆက်တွက်တာပေါ့။ ဟဲဟဲ။ တခါတလေတော့လည်း စကားပြောလာမယ့် အချိန်ဆိုတာကြီးကို စောင့်နေရပြန်ပါတယ်။

တန်ခူး said...

ဒီpostလေးဖတ်ပြီး မဟော်သဓာနဲ့  အမရာကို သွားသတိရမိတယ်….

မေအောင် said...

သင်္ချာကြောက်တယ်
ခေါင်းစဉ်ဖတ်ရုံနဲ့ခေါင်းမူးသွားလို့
သံပုရာရေဖိုးပို့လိုက်ပါ
အဖြေရောတစ်ခါတည်းထည့်ပေးလိုက်

Anonymous said...

Dear Ma Ma Thidar,
I like your writing and sense because some questions have asked myself. People, sometimes when they are in real time and in successful condition, they will feel like that they are in real condition. But sometimes they feel themselves that why are they becoming people in this world and where are they coming from and they don't know the real state. That's why Philosophy occurs in the world. Philosophers are thinking all the time and spent their life by counting themselves. It is very difficult and more and more far away from reality. But some results are very useful for the people in the world. I think and feel myself I should do well for me, for my family,for my relatives, for my friends and for all people. But sometimes I tram out from my way because I am not an Ariar Thudaw Sin.
These are my opinion.
Lastly, I like my nephews' thinking. The elder one is considering for other and the younger one is thinking Philosophy in that age. I noticed that every photo of those brothers, the younger one is very clear mind on his face and smiling every time and the elder one is a little bit silent on his face. I am worried about Chris nature. But it is on my view only.
I am sorry you will be confused.
With best wishes,
TMAye