ပိုက်လိုင်းကနေ သေးငယ်တဲ့ ရေလုံးနဲ့ ထွက်ကျလာတဲ့ ရေက ခံထားတဲ့ ဇလုံကိုပြည့်ဖို့ အချိန်အတန်ကြာစောင့်ရတယ်။ ဇလုံထဲရေပြည့်လုပြီဆိုတော့ ရေပုံးထဲကိုခပ်ထည့်။ ရေပုံးထဲရေပြည့်တော့ ရေပုံးကို အားနဲ့မြှောက် ဘေးနားက တိုင်ကီထဲသွန်ထည့်။ ဇလုံထဲရေပြည့်ဖို့ အချိန်အတန်ကြာစောင့်ရပြန်တယ်။ ရေပုံးထဲကရေတွေ သွန်ချလိုက်စဉ်က တိုင်ကီထဲရှိနေတဲ့ရေတွေ ဘောင်ဘင်ခတ်သွားခြင်း၊ ရေမှုံရေမွှားတွေ ရိုက်ခတ်ခြင်းကြောင့် အနက်ရောင် တိုင်ကီရဲ့ အတွင်းနံရံမှာ ထင်သွားတဲ့ အရုပ်တွေ… ဒါက ဘုရင်ကြီး ဆင်ကြီးကို စီးလို့၊ ဘေးကမှ စစ်သည်ဗိုလ်ပါတွေ ခြံရံလို့။ ဒီဟာကတော့ စစ်သူကြီးဖြစ်ရမယ်။ ဒီလိုဦးထုပ်မျိုးက စစ်သူကြီးတွေမှ ဆောင်းတာ။ ဓားတွေ လှံတွေ တလွင့်လွင့်နဲ့ သူတို့ ဘယ်ကိုများ သွားတိုက်ကြမှာပါလိမ့်။ နိုင်ရော နိုင်လာကြမှာလား။ နိုင်လာစေဦးတော့ ဒီအထဲက ဘယ်သူတွေများသေ ကျန်ခဲ့လေမလဲ…။ ဟောဟော ဇလုံထဲမှာရေပြည့်ပြန်ပြီ။ လျှံမကျခင် ရေပုံးထဲအမြန် ခပ်ထည့်မှ တိုင်ကီထဲမှာ အရုပ်တစ်မျိုးရဦးတော့မယ်။ အခုန အရုပ်နဲ့တော့ ဘယ်နည်းနဲ့မှတူမှမဟုတ်တော့ဘူး။ ဒီတစ်ခါတော့ စစ်တိုက်တဲ့ပုံ မလိုချင်ပါဘူး…။ (((ဘွမ်း))) ဟင်ဒီတစ်ခါလည်း စစ်တိုက်တဲ့ ပုံကြီးပဲရပြန်ပြီ…။ တောင်တန်းလေးမှာ နေရောင်ခြည်လေးတွေ ယှက်ဖြာလို့ ငှက်ကလေးတွေ ပျံဝဲနေတဲ့ပုံမျိုးရအောင် ရေကို ဘယ်လိုလောင်းထည့်ရပါ့။ ငါ့နှယ်ရော ရူးလိုက်တာ.. မဖြစ်နိုင်တဲ့ အရာ… ဒါဆို တိုင်ကီထဲက ရေတွေကို လက်ချောင်းလေးနဲ့တို့ တိုင်ကီနံရံမှာ ငါလိုချင်တဲ့ပုံ ဆွဲတယ်ကွာ။ ဟောဟော ဇလုံထဲမှာ ရေပြည့်ပြန်ပြီ...။ (((ဘွမ်း))) အမလေး ငါဆွဲထားတဲ့ ပုံလေး ပျက်ပါပြီတော်...
Sunday, December 28, 2008
စိတ်ကူးယဉ် အမျှင်တန်းကို...
Craton ေရ စိတ်ကူးယဉ်ရမယ် ဆိုရင်…
အသက်အရွယ်အရ ကဗျာက သိပ်ဆန်လို့မရတော့ဘူး။
အိမ်မက်ရင်တောင် ချောက်ခြားစရာတွေသာ ရွေးမက်နေတော့သလားလို့ တွေးရမဲ့ အခြေအနေမှာ
အလှဆုံးဖြစ်အောင်တော့ ယဉ်လိုက်ချင်စမ်းတော့တယ်…
ယဉ်ယဉ်လေးရူးတော့မယ်…။
ငယ်ငယ်တုန်းက ရေဖြည့်ရင်း စိတ်ကူးယဉ်ခဲ့တဲ့ အကြောင်းလေးကိုပဲ ပြန်ရေးရင်း ငယ်မူပြန်လိုက်ပါတော့တယ်။
(tg ကိုတက်ဂ်မလို့ Craton တက်ဂ်ပြီးသားမို့ ပြန်တက်ဂ်ရမဲ့လူ ရှာတွေ့သေးဘူး။)
Subscribe to:
Post Comments (Atom)
9 comments:
ကွိကွိ.. အဟီး.. မိုက်လှချည်လား.. ရေတိုင်ကီဘေးနားမှာ ရေဖြည့်တာကနည်းနည်း တိုင်ကီထဲငုံ့ငုံ့ကြည့်ပြီး ဆော့နေတာကများတဲ့ ကလေးလေးတစ်ယောက်ကို သူ့အမေက ဆူနေတာမြင်ယောင်နေသား။းD
(ဟုတ်တယ်ဗျို့။ မtgကြီးကို အတင်းရေးခိုင်းပါ။ မရေးပါက နှစ်သစ်တွင် အကြွေးနှင့်စတော့မည်ဖြစ်ကြောင်း)
ကျနော်ကတော့...
ဘယ်အသက်ရွယ်ရောက်ရောက်
စိတ်ကူးတွေနဲ့ပဲ...
ပို့စ်လေးဖတ်ပြီး
.....စိတ်ကူးယဉ်အမျှင်တန်းမိသွားပါကြောင်း
ဲမြို့ပြင် ရေပေါသော နေရာမှာ နေခဲ့ပုံမရဘူး။ အစ်မရဲ့ စိတ်ကူးအိပ်မက်က
ရေပေါ်ဆွဲတဲ့ ပန်းချီတွေပေါ့နော်။
အလုပ်လုပ်ရင်း..စိတ်ကူးယဉ်တာဆိုတော့..အချိန်မကုန်ဘူး။ ကောင်းတယ်။း)
ဟုတ်ပါတယ် Craton ရေ..
တိုင်ကီအ၀ ဘောင်လေး မေးတင်ပြီး တိုင်ကီထဲငုံ့ကြည့် စိတ်ကူးတွေယဉ်နေတတ်ခဲ့ပါတယ်
ပေါက်ရေ မှန်ပါတယ်ကွယ်
ဘယ်အသက်ရွယ်ရောက်ရောက်
စိတ်ကူးတွေနဲ့ပဲ...
မေအောင်ရေ
စိတ်ကူးယဉ် အမျှင်တန်းကို ရှင်ခန်းဘယ်သူဖြတ်နိုင်မလဲနော်
သုနှင်းဆီရေ အဲ့ဒီတုန်းကတော့ အနက်ရောင်တိုင်ကီ အတွင်းနံရံကင်းဗတ်ပေါ်မှာ ထရန်ပန်ဆီရေဆေးနဲ့ ဆွဲတာ။ တကယ်တော့
ရေပေါ်၊ လေပေါ်ပဲ ပန်းချီ ဆွဲတတ်ပါတယ်ကွယ်။
ဘာလုပ်ရင်း၊ ကုန်ထုတ်။ ကုန်ထုတ်ရင်း၊ ဘာလုပ် ဆိုလား
အဲ့သလိုပေါ့ ကေရယ်
ကွိကွိ.. သားသားကျေးဇူးအရမ်းတင်တယ်။း)
စိတ်ကူးယဉ်အမျှင်တန်းကို ရှင်ခန်းဘယ်သူဖြတ်နိုင်ပါ့။
မဖြတ်နိုင်တဲ့ အမျှင်တန်းတွေ အကောင်အထည်ပေါ်လာပါစေလို့ နော်။
စိတ်ကူးယဉ်တယ်ဆိုတာက ဖြစ်ချင်တာတွေကို စဉ်းစားတာမဟုတ်လား... တခါတလေလည်း တကယ် ဖြစ်လာ တတ်တာပဲလေ... ဆက်လက် စိတ်ကူးယဉ်နိုင်ပါစေ...း)
Post a Comment