ထမင်း ဝိုင်းမှာ ထိုင်ခုံက လေးခုံသာရှိတယ်။ ဖွားဖွားရယ်၊ ဖေဖေရယ်၊ မေမေရယ်၊ ကိုကိုရယ် ထိုင်ပြီးပြီဆိုတော့ သားငယ်ထိုင်စရာ ခုံမရှိတော့လို့ အော်နေတာ “သားသားလည်း ထိုင်စေချင်၊ ထိုင်စေချင်တယ်” တဲ့
ခုံတစ်ခု ထိုးပေးလိုက်ပြီး နေရာကျသွားပြန်တော့ ပူဆာပြန်တယ်။ “မေမေ အာလူးကြော် စားချင်တယ်” တဲ့။ အာလူးမရှိဘူး ကုန်နေပြီ သားရဲ့ဆိုတော့ Sauce ပုလင်းကို လက်ညှိုးထိုးပြပြီး “ဒါဆိုသားက ဒါချည်းဘဲ စားရမှာလား” တဲ့
ည အိပ်ယာဝင်ခါနီး မိုင်လိုကို နို့ဗူးနဲ့ သောက်တယ်။ နို့သီးခေါင်း အဖုံးကို သေသေချာချာ အံဝင်ခွင်ကျအောင် မပိတ်ပေးမိလို့ ဘေးကနေ စိမ့်ထွက်လာတဲ့ မိုင်လိုတွေကြောင့် အလန့်တကြား အော်လိုက်တာက “မိုင်လို မျက်ရည်၊ မိုင်လို မျက်ရည်” တဲ့
ဒီနေ့ ၅နှစ်ပြည့်တဲ့ သားငယ် အတွက် အမှတ်တရ ခေါင်းစဉ်ကို ချစ်တဲ့ ဒေါ်ဒေါ်တွေ ပေးတဲ့ နာမည်လေးတပ်လိုက်တယ်
ဓါတ်ပုံရိုက်ချင်လို့ ခဏထိုင်ခိုင်းထာတဲ့ ပုံပါ။

19 comments:
သားငယ်လေးတောင် ငါးနှစ်ပြည့်ပြီလား။ ပျော်ရွှင်လိမ်မာ ချစ်စရာကောင်းတဲ့ သားငယ်လေးရေ..Happy Birthday!
ဦးဦးငယ်..အန်တီဂီ မိသားစု
Happy Birthday ပါညီလေး...
မွေးနေ့မှာ နွေးထွေးတဲ့ မိသားစုနဲ့ အတူ သိုက်သိုက်ဝန်းဝန်း ပျော်ရွှင်နိုင်ပါစေနော်။
http://winzaw-mdy.blogspot.com/
ကလေးလေးက တရားထိုင်နေတယ်ပေါ့ ...
ကောင်းတယ်...
သီတာရေစင်လေးပေါ့-
မိသားစုအားလုံး..ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
ချစ်စရာ
အမသားလေးက
ချစ်ဖို့ကောင်းပြီး တော်လိုက်တာ
မိသားစုနဲ့ ရာသက်ပန်
ပျော်ရွှင်ပါစေ ဆုတောင်းပေးပါတယ်။
အမသားလေးက
ချစ်ဖို့ကောင်းပြီး တော်လိုက်တာ
မိသားစုနဲ့ ရာသက်ပန်
ပျော်ရွှင်ပါစေ ဆုတောင်းပေးပါတယ်။
ငယ်ငယ်လေးနဲ့ တရားထိုင်တတ်နေပြီထင်တယ်နော်။ မြင်ရတာအေးချမ်းလှပါတယ်။ ပျော်ရွှင်ဖွယ်မွေးနေ့ မှ
သည် နောင်နှစ်ပေါင်းများစွာတိုင် အေးချမ်းပျော်ရွှင်ဖွယ်မိသားစုလေး အခုလိုပဲ ချမ်းမြေ့ကြပါစေရှင်။
Happy Birthday ပါ သီတာ ရေစင်လေးရေ....
Happy Birthday သားသားရေစင်။ သိတတ်တဲ့ သားသားအလိမ္မာလေး ဖြစ်ပါစေ လို့။
တမိသားစုလုံးနံမည်လေးတွေက
အေးချမ်းလိုက်တာနော် ..။
မ ရေ… သားလေးက လိမ္မာလိုက်တာ… ခဏထိုင်တာကိုက အတော် လိမ္မာနေပြီ…
ရေစင်ဆိုတဲ့ နာမည်လေးက ငြိမ်းချမ်းအေးမြလိုက်တာ…
ရေစင်လေးရဲ့ ၅နှစ်မြောက်မွေးနေ့ မှသည် နောင်နှစ်ပေါင်း ရာကျော်တိုင်အောင် ပျော်ရွှင်ချမ်းမြေ့ ဖွယ် မွေးနေ့ ပေါင်းများစွာကို ဖြတ်သန်းနိုင်ပါစေလို့ ….
CBox မှကူးယူထားသည်။
2 Dec 08, 13:53
mm: တရားထိုင်တယ်။ လိမ်မာလိုက်တာ
2 Dec 08, 13:54
S-C: for show, mm
2 Dec 08, 13:58
mm: မွန်ဆို..အဲလိုတောင် မလုပ်နိုင်ဘူး. ဟီးဟီး
2 Dec 08, 14:05
tg: သားငယ်လေးရေ.. ပျော်ရွှင်သော မွေးနေ.ဖြစ်ပါစေ... သည်နေ့လိုနေ့မျိုးဆို အကုန်လုံး လိုချင်တာ မေမေ့ကို ပူဆာနော်..ဟဲဟဲ
2 Dec 08, 14:07
Welcome: Happy birthday ဖြစ်ပါစေ ညီလေး ရေစင်..
2 Dec 08, 18:17
MayMoe: ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေးဖြစ်ပါစေ ရေစင်လေးရေ
2 Dec 08, 23:15
S-C: မွေးနေ့ဆုတောင်းပေးကြတဲ့ ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ ညီလေး၊ ညီမလေးများ အားလုံး
2 Dec 08, 23:16
S-C: ကျန်းမာ ချမ်းသာ စေကြောင်း ရေစင် ကိုယ်စား ပို့သမေတ္တာ တုံ့ပြန်ပါသည်။
2 Dec 08, 23:17
S-C: ဧရာသီတာရေချမ်းရေစင်
3 Dec
နောက်တောင်ကျသွားပြီလားမသိ ...
ချစ်စရာ သားငယ်လေး ...
မွေးနေ့မှစပြီး ချမ်းမြေ့ ပျော်ရွှင်ဖွယ် ရက်များသာ ပိုင်ဆိုင်ရပါစေ ... ။
ယဉ်ကျေး လိမ္မာသော သားကောင်း ရတနာလေး တဦးဖြစ်ပါစေ ... လို့ ။
ရေစင်ဆိုတဲ့ နာမည်လေးကို ပထဆုံး ဖတ်ဖတ်ချင်း သဘောကျနှစ်ခြိုက်မိပါတယ် မမရေ။ မောင်လေးရေစင် ဘ၀မှာ ပျော်ရွှင်စိတ်ချမ်းမြေ့စွာဖြင့် အောင်မြင်မှုသရဖူပေါင်းများစွာကို ထာဝရပိုင်ဆိုင်နိုင်ပါစေ :)
သားလေး ရေစင်
မွေးနေ့မှာပျော်ရွှင်ပါစေ..
မသီတာ..
ရေစင်လေးက ၅နှစ်သားနဲ့မတူဘူးနော်..
တရားထိုင်နေလို့လားမသိ..
လူကြီးလေးဆန်နေတယ်
မိုင်လို မျက်ရည် ဆိုလို့ ...
ဟိုနေ့ က ကြားရတဲ့ မေးခွန်း တစ်ခုက...
မေမေက ခြေထောက်ကို ဘာလို့  နှုတ်ခမ်းနီ ဆိုးနေရတာလဲတဲ့...
ကဲ.. ဖြေစမ်း... ဖြေစမ်း လို့ ...
သက်ဝေ မေးခွန်းပြန်ဖြေတာ။
သားကြီး ငယ်ငယ်က..သူ့ကို နင့်အဒေါ်ဘာလုပ်နေလဲဆိုတော့ "အန်တီကေ ဆေးသုတ်နေတယ်မေမေ" တဲ့
(ခြေသည်းနီ ဆိုးနေတာကို..)
ရေစင် အတွက် မွေးနေ့ ဆုမွန်ကောင်းတောင်းပေးကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။
Post a Comment