Real urbane person of Mandalay from mdymedia on Vimeo.
စာညွှန်း
http://veda.wikidot.com/malay-words-sanskrit-origin
http://en.wikipedia.org/wiki/Malay_language
မန္တလေးအနုပညာပုံရိပ်ပွဲတော် DVD ခွေ
Tuesday, February 16, 2010
မန္တလေးသားစစ်စစ်နှင့် မလကာထန်းလျက်
နေ့လည်ဖက် ရုံးအပြင်ထွက်၍ ထမင်းစားသွားချိန်တွင် မလေးရှားနိုင်ငံထုတ် Proton ပရိုတွန်ကားတစ်စီးက ရှေ့က ဖြတ်ကျော်သွားသည်။ ကား၏ မော်ဒယ်လ်က Wira ... ။ စင်္ကာပူနိုင်ငံသားတစ်ဦးက နံဘေးမှ မလေးရှားနိုင်ငံသားအား “Wira ဆိုတာဘာလဲလို့” ကောက်မေးရာ ကျောင်းသားဘ၀ မြန်မာစာသင်ခန်းစာမှ “ဝီရရသ” ကိုပြေးသတိရသည်။ မလေးရှားနိုင်ငံသား တရုတ်က စဉ်းစားနေခိုက် “ရဲရင့်ခြင်းဖြစ်မယ် ထင်တယ်” ဟုမှတ်ချက်ချလိုက်ရာ သူက “အင်း…ဟုတ်တယ် သူရဲကောင်းကိုပြောတာ” တဲ့။
ထမင်းစားအပြီး ထောပတ်သီးဖျော်ရည် သောက်ကြပြန်ရာ ဖျော်ရည်၏ အရသာမှာ အဆန်းဖြစ်နေသည်။ ယခင်သောက်ဖူးသော နို့ဆီ, သကြားတို့၏ အနံ့အရသာမျိုးမဟုတ်။ မိမိနှင့်တော့ အတော်ရင်းနှီးနေသည်။ မြန်မာပြည်မှ ထန်းလျက်၏ အနံ့အရသာမျိုး…။ မေးကြည့်တော့ “Gula Melaka” ဟုပြောသည်။ “မလကာပြည်နယ်က ထွက်တဲ့သကြားတစ်မျိုးပေါ့” လို့ အဓိပ္ပါယ်ပြန်ပေးကြသည်။ အိမ်ပြန်ရောက်မှ အဘိဓာန်တွင်ရှာကြည့်တော့ ပါဠိစကား “ဂုဠ” သည် “ကြံသကာခဲ, ထန်းလျက်” ဟုတွေ့ရသည်။
မလေးဝေါဟာရအချို့သည် ပါဠိစကားလုံး, သက္ကတစကားလုံများနှင့် အတော်လေးနီးစပ်ပါသည်။ စင်္ကာပူဟူသော အမည်သည်ပင် ခြင်္သေ့မြို့တော်ဟု အဓိပ္ပါယ်ရသော သက္ကတအမည်ဖြစ်သည်။ ရထားဘူတာရုံများတွင် Bahaya (အန္တရာယ်ရှိသည်) ဟူသော မလေးစကားသည်လည်း ပါဠိ သက္ကတ “ဘယ” မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ဘာသာစကားကိုလည်း မလေးလို Bahasa ဟုခေါ်သည်။ ပါဠိ, သက္ကတမှ S သံကို မြန်မာတို့က သ-သံထွက်ဖတ်သည်။
တချိန်က သုဝဏ္ဏဘူမိခေါ် ဆုမတြာကျွန်းဆွယ်သည် အိန္ဒိယယဉ်ကျေးမှု, ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုတို့ လွမ်းမိုးခဲ့သည့်ဒေသများဖြစ်၍ ရှေးဟောင်းခေတ် မလေးဘာသာစကား (Old Malay)ကို သက္ကတ ဘာသာစကားက လွမ်းမိုးထားသည်မှာ သိပ်တော့မဆန်း။ The World is Flat စာအုပ်တွင် Thomas Firedman က ကိုလံဘတ် ရွက်လွင့်ခဲ့သော ၁၄၉၂-ခုနှစ်မှာ Globalization ပထမခေတ် စသည်ဟု ဆိုသည်။ အရှေ့-အနောက် ကမ္ဘာနှစ်ခြမ်းကို မဆက်မိသေးသည့်တိုင် ကိုလံဘတ်မတိုင်မီကပင် Globalozation က အရှေ့တောင်အာရှတခွင်တော့ ရောက်ခဲ့ပြီဖြစ်သည်။ မြန်မာ, ယိုဒယား, ကမ္ဘောဒီယာနှင့် အင်ဒိုနီးရှားတို့တွင် ရာမလက္ခဏယဉ်ကျေးမှုက ယခုခေတ် ဟစ်ဟော့တေးတွေလို ကူးစက်ခဲ့ဖူးသည်။ သို့သော်လည်း ဖြစ်ပြန်, ပျက်ပြန် လောကဓံဆိုသလို မလေးရှား, အင်ဒိုနီးရှားဒေသသို့ အာရပ်ယဉ်ကျေးမှု, အစ္စလာန်ယဉ်ကျေးမှုလှိုင်း ရိုက်လိုက်သောအခါ ဘာလီလို နေရာမျိုးတွင်သာ ရာမလက္ခဏကျန်ခဲ့သည်။ Borobudur လို ဘာသာရေး အဆောက်အအုံကြီးများလည်း တိမ်မြုတ်သွားသည်။ မလေးဘာသာစကားလည်း တစ်မျိုးတမည် ပြောင်းလဲသွားသည်။ ရှေးဟောင်းခေတ် မလေးဘာသာစကား (Old Malay)ကို ယခုခေတ်မလေးစကားပြောသူတို့ နားမလည်နိုင်ကြတော့။
**** ***** ****
မန္တလေး အနှစ် ၁၅၀-ပြည့် အထိမ်းအမှတ် ကျင်းပသော “မန္တလေးအနုပညာပုံရိပ်ပွဲတော်” DVDခွေ ကြည့်ဖြစ်သည်။ မန္တလေးမှ လူရွှင်တော်များဖြစ်သော ချစ်စရာ, ဒီပါတို့၏ “မန္တလေးသား စစ်စစ်ကြီးပါဗျ” ဟူသော တစ်ခန်းရပ် ဟာသပြဇာတ်ပါသည်။ နယ်မှ မန္တလေးသို့ လာလည်ရင်း လမ်းပျောက်နေသော အဖွဲ့အား ချစ်စရာက မန္တလေးမြို့အကြောင်းကို တရုတ်သံခပ်ဝဲ၀ဲဖြင့် ရှင်းပြသည်။ ဘုန်းတော်ကြီးကျောင်းများ, ဘုရားများ, လမ်းများ, ဈေးများအကြောင်းကို သမိုင်းချီ၍ အသေးစိတ်ပြောပြတော့… နယ်မှ ဧည့်သည်များက လူမျိုးခြားဖြစ်လျှက် မန္တလေးမြို့အကြောင်း ယခုလို ဂဃဏန ရှင်းပြပေး၍ ကျေးဇူးတင်ကြောင်း ဆိုကြသည်။ ထိုအခါ ချစ်စရာက လူမျိုးခြား မဟုတ်ကြောင်း မန္တလေးသားဖြစ်ကြောင်း ပျာပျာသလဲ ပြော၍ု မှတ်ပုံတင်ပါထုတ်ပြသည်ကိုပင် မယုံကြ။ ဒါဆို ဘာကြောင့် စကားသံ ဒီလောက်ဝဲနေရသလဲ ဆိုလာတော့ ချစ်စရာက “ရေများရေ… မီးများ မီး ပေါ့ဗျာ။ တစ်မြို့တည်းမှာ သူတို့နဲ့ အတူတူနေရတယ်။ စီးပွားရေး အတုခိုးရ.. ဇာတ်လမ်းတွဲတွေ ကြိုက်ရနဲ့… နောက်ဆုံးတော့ ကျုပ်တို့လိုကောင်တွေ မဝဲ ခံနိုင် မလား။ နန်းတော်တိုင် ဖက်မွေးလာတဲ့ မန္တလေးသားစစ်စစ်ပါဗျ…” ဟု အော်ငိုကာ တစ်ခန်းရပ်လိုက်ပေသည်။
Globalization ဟုဆိုလျှင် ဈေးကွက်စီးပွားရေး, ကမ္ဘာကုန်သွယ်ရေးအဖွဲ့အစည်းနှင့် အမေရိကန်ယဉ်ကျေးမှုတို့ကိုသာ ပြေး မြင်တတ်ကြသည်။ ယနေ့ခေတ်တွင် တရုတ်နှင့် အိန္ဒိယနိုင်ငံ၏ စီးပွားရေးက တဟုန်ထိုး တိုးတက်လာသည်။ Globalization ကသယ်ဆောင်လာမည့် ယဉ်ကျေးမှုများသည် အနောက်တိုင်း ယဉ်ကျေးမှုများကိုသာ ထည့်တွက်၍ မရတော့။ ထိုလှိုင်းလုံးကြီးများသည် တားဆီး၍ ရမည်လည်း မဟုတ်။ လှိုင်းနှင့်အတူ တွင် ရေးခဲ့ဖူးသလို မည်သို့သော ယဉ်ကျေးမှုကို စားသုံး၍ မည်သို့သော ယဉ်ကျေးမှုအား ထွေးအံရမည် ဆိုသည့် “ယဉ်ကျေးမှုစားသုံးခြင်း အတတ်ပညာ” ကို သတိရှိရှိကျင့်သုံးကြဖို့ လိုသည်။ သို့မဟုတ်ပါက ချစ်စရာပြောသလို “မဝဲ ခံနိုင်ရိုးလားဗျာ” ဟုသာ မချိတင်ကဲ ဆိုရမည့်ကိန်း ဆိုက်ပေလိမ့်မည်။
Labels:
တရုတ်,
အတွေးအမြင်,
ဧရာ
Subscribe to:
Post Comments (Atom)
12 comments:
မင်းတုန်းမင်းပုံတောင် နှာအိုးပွပွနဲ့ ဝက်နှာခေါင်းပုံပြောင်းနေပေါ့
ကိုဧရာ...
မလေးရှားမှာ Bumiputra bank ဆိုတာ ရှိသေးတယ်နော်။
ဟုတ်တယ်ဗျ..။ ကျွန်တော်လည်း တော်တော်များများ သတိထားမိတယ်.. မလေးစကားမှာ သက္ကတ (သို့) ပါဠိ စကား တွေ အများကြီးပဲ..။ Gaja = ဆင် ၊ မုခ = မျက်နှာ စသဖြင့် ပေါ့လေ..။
ဟုတ်ပဗျာ ... မန္တလေးသားစစ်စစ် ပေါက်ဖော်ကြီးတွေပေါ့ဗျာ
မလေးစကားက ပါဠိနဲ့ နီးစပ်တယ်လို့ မလေးရှားမှာ အလုပ်လုပ်နေတဲ့ ကျမတို့ မိသားစုဆရာဝန်က ပြောပြဖူးတယ်။ ကျမ မှတ်မိသလောက် ဥတ္တရက မြောက်အရပ်ကို ပြောတာတဲ့။ နောက်ပြီး ဦးခေါင်းနဲ့ အုန်းသီး အခေါ်အဝေါ်ချင်းကလဲ ခပ်ဆင်ဆင် ဆိုလား။
ဟုတ်တယ် မလေးတွေလည်း dragon ကို နဂါးလို့ ခေါ် ကြတယ်။
အဲလို စကားလုံးအဓိပ္ပါယ် ဆင်တူလေးတွေကို သတိထားမိတယ်၊ ဒါပေမဲ့ အကို့လို စာတပုဒ်ဖြစ်အောင် ရေးဖို့ လုံလောက်တဲ့ ဗဟုသုတ ဖတ်အား မရှိဘူးဗျ...
ဇွန့်အတွက်တော့ မှတ်သားစရာပါပဲ ကိုဧရာ။ မလေးတွေနဲ့ သိပ်မပေါင်းဘူးလို့လား မသိဘူး၊ မလေးစာက သက္ကတစကားနဲ့ဆင်တယ်ဆိုတာ ခုမှသိတော့တယ်။ ဇွန်မိုးစက်တို့ ညံ့ချက်။း(
ဆရာ့ဒီပို့ စ်လေးဖတ်ပြီး ကိုယ့်အသံကို ပြန်ဆန်းစစ်ကြည့်နေမိတယ်… အသံတွေဝဲများနေသလားလို့ … သားက အသံဝဲတယ်ဆရာ… မြန်မာစကားကို ခပ်ဝဲ၀ဲပြောသံကြားရရင် စိတ်ထဲတကယ်မကောင်းဘူး…
Ola, what's up amigos? :)
Hope to get some help from you if I will have any quesitons.
Thanks in advance and good luck! :)
ကိုဧရာ
နေကောင်းရဲ့လား။ ပို့အသစ်တက်တာ မတွေ့မိလို့။ ကျန်းမာရွှင်လန်းပါစေ။
မသီတာရေ ဆီတွေ ဈေးတက်လာလို့ ဘလော့ထဲက ဆီဘောက်ဖြုတ်သိမ်းထား သလားလို့ အဟဲ
ကျောက်ကပ် ကျောက်တည်တာ သံသေရွက်ပြုတ် သောက်ရတယ် ပြောတယ် သကြားမကိုက်ရွက်ဆိုတာ မကြားဖူးဘူး။ သံသေရွက်ကိုဘဲအခေါ်ပြောင်းခေါ်လား ထင်မိတယ်နော်
Post a Comment