တချို့များ သိပ်ချစ်တတ်ကြတယ်။ တိရစ္ဆာန်လေးတွေကိုတောင် ဘယ်လို ချစ်ခင် ကြင်နာ ယုယတယ် ဆိုတဲ့ အကြောင်းလေးတွေ ဖတ်ရတော့ ဒီက မိန်းမကြမ်းကြီး မသီတာ သတိသံဝေဂ ဖြစ်မိပါတယ်။ ဒီက အဖို့မှာတော့ ဘယ်ခွေးတကောင်၊ ကြောင်တမြီးကိုမျှ မချစ်ခဲ့ဖူးပါဘူး။ တိရစ္ဆာန်မပြောပါနဲ့၊ ကိုယ်မွေးထားတဲ့ လူလေးနှစ်ကောင် ရေချမ်းနဲ့ ရေစင်ကိုတောင် မနည်း ကြိုးစားချစ်နေရသူပါ။ အကြင်နာတရား ခေါင်းပါးလိုက်ပုံများတော့ …
*****
မအေ။ ။ဟယ် ခေါင်းတွေလည်း စိုလို့… ခေါင်းက လျှော်မှာလား …
သား။ ။အင်း
*****
ကျောက်ပြင်ချ သနပ်ခါးသွေးနေတုန်း
သား။ ။မေမေကလည်း သနပ်ခါး မလိမ်းချင်ပါဘူးဆို
မအေ။ ။ဘာပြောတယ်
သား။ ။ကိုယ်လုံးပဲ လိမ်းမှာမဟုတ်လား မျက်နှာ မလိမ်းဘူးနော်…
မအေ။ ။စကားမရှည်နဲ့ ငါ မျက်နှာပါ လိမ်းထည့်လိုက်ရ
သား။ ။ဒါက မြန်မာစတိုင်
... ... ...
*****
ပြောပြရဦးမည့် အဖြစ်တွေ…
လျှော်ထားတဲ့ အဝတ်တွေ လှန်းနေတုန်း၊ ရေချမ်း ကျောင်းက ပြန်လာစေ
မအေ။ ။ကြည့်စမ်းဟယ်… ချွေးတွေ သံတွေနဲ့ ညစ်ပတ် နံစော်နေတာပဲ… သွား သွား … ရေချိုး။ အင်္ကျီချွတ်… လျှော်မည့်ထဲ ထည့် … ရေချိုးခန်းထဲ တခါထဲဝင်… ရေစွတ် ချေးနှူးထား… ငါ လာခဲ့မယ်သား။ ။ (အင်္ကျီကို လေးတွဲစွာ ချွတ်ရင်း ဟိုလျှောက် ဒီလျှောက် လုပ်နေရာမှ ရယ်ကျဲကျဲဖြင့် ပြော)
ဂျာမန် စခန်းကို ရောက်သွားပြီ… ပိုလန်တွေ ဂျူးတွေကို နှိပ်စက်တော့မယ်
*****မအေ။ ။ဟယ် ခေါင်းတွေလည်း စိုလို့… ခေါင်းက လျှော်မှာလား …
သား။ ။အင်း
Shampoo တွေ လက်ထဲထည့်ပြီး ရေချမ်းခေါင်းကို တဗျင်းဗျင်းကုတ်
ရေပန်းကို ဂိတ်ဆုံးဖွင့်
ကြမ်းပြင်ပေါ် ဖင်ချထိုင်ခိုင်းထားလို့ ထိုင်နေသူအပေါ် ရေတွေ ဖျန်းတော့
သား။ ။ဒါက ဂျပန်… မေးခွန်းတွေ မေး၊ မဖြေလို့ ရေပိုက်ကြီးနဲ့ ထိုးနေတာ*****
နည်းနည်းတော့ ရယ်ချင်သွားတယ်… မအေကို ကင်ပေတိုင် လို့ ဆိုလိုတာပေါ့လေ … မရယ်အားဘူး
ကိုယ့်ဖာသာကိုယ် ဆက်ချိုး ဆို ထားခဲ့ပြီး
*****ကျောက်ပြင်ချ သနပ်ခါးသွေးနေတုန်း
သား။ ။မေမေကလည်း သနပ်ခါး မလိမ်းချင်ပါဘူးဆို
မအေ။ ။ဘာပြောတယ်
သား။ ။ကိုယ်လုံးပဲ လိမ်းမှာမဟုတ်လား မျက်နှာ မလိမ်းဘူးနော်…
မအေ။ ။စကားမရှည်နဲ့ ငါ မျက်နှာပါ လိမ်းထည့်လိုက်ရ
သား။ ။ဒါက မြန်မာစတိုင်
... ... ...
... ... ...
... ... ... *****
ရေစင်က မအေရဲ့ စိတ်နှလုံးကို ကြည်မွေ့စေသလောက်
ရေချမ်းကတော့ အဲ့သလို...
ကျမ သိပ်သဘောကျတယ်...
*****
တချို့ အမျိုးသမီးလေးများ အမူအယာက ညင်သာ၊ အပြောအဆိုက ချိုသာ… တို့များဖြင့်…
သာယာ ညှင်းပျောင်းကို မရှိဘူး...
ပိသာလေးနဲ့ နံဘေးပစ်...
*****ဒီအရောင် နဲ့ ရေးထားတာလေးတွေက မသီတာ အမေ ပြောတတ်တဲ့ အသုံးအနှုန်းလေးတွေ...
(အမေက သမီးကို ချစ်သလို သမီးကလည်း သားတို့ကို ချစ်လိုပါ၏။)
28 comments:
;) ချစ်လို့ ဂရုတစိုက်လုပ်ပေးတာပေါ့။
mm
mm> နေမကောင်းဖြစ်ပြီး နလန်ထကာစမို့ပါအေ
ကျနော်လဲ အကြင်နာတရားခေါင်းပါးတယ်..မသီတာ။
သူတကာတွေလို ခွေးလေးတွေ ကြောင်လေးတွေ
တယုတယမချစ်နိုင်ဘူး..။
ချစ်ဖို့မပြောနဲ့ စေ့စေ့တောင် မကြည့်ဝံ့ပါဘူး..။
တခါတလေလဲ ကိုယ့်ကိုယ်ကို ခွေးတိရ စ္ဆန်လေးတွေတွေ့ရင် ချစ်ချင်ဟန်ဆောင်ပြီး
အနားတိုးကြည့်သေးတယ်..။ မအောင်မြင်ပါဘူး..။
ဒိကောင်လေးတွေကလဲ မချစ်မှန်းသိလို့ မသိ ..
တဝုတ်ဝုတ်နဲ့ မာန်ဖီဖို့ ဟောင်ဖို့လောက် ကြည့်နေကြတာ။
ကြောင်တွေဆိုလဲ မျက်လုံးအကြည့်က စူးရှပြီး အခုပဲ
လာခုန်အုပ်တော့မယ့် အတိုင်း..။
ဆိုတော့..
လက်လျှော့လိုက်ပါတယ်..။
ကိုယ်မွေးထားတဲ့ ကလေးကိုလဲ သိပ်မယုယတတ်တာ..
နာမည်ကို ကျော်လို့..။
ပန်းတွေလဲ မကြိုက်တတ်ဘူး..။
ဒါမယ့် ကြိုက်တတ်အောင်ကြိုးစားနေပါပြီ။
မနေ့က အသိတစ်ယောက် ပန်းစီးလာပေးထားလို့ပါ..
ဟီးး ။
အိမ်ပြန်ချင်တယ်
သူများလည်း ဘာအကောင်မှ မချစ်ဘူး။
မချစ်တတ်ပါဘူး၊
ဂရုစိုက်တတ်တာ အချစ်လား၊
ချစ်နေတာပါ..မသီတာရယ်...
ရေချမ်းက သိပ်စကားတတ်တာပဲ ...။
ဆင်စင်
အိမ်က တယောက်ကတော့ ပြောတယ်...တိရိစ္ဆာန်လေးတွေကို ချစ်ပြီး ကြင်နာတတ်လို့ သိမ်မွေ့နူးညံ့မယ် ထင်နေခဲ့တာ..တဲ့။ အဲဒါလည်း ဘာမှန်း မသိပါဘူး သီတာရယ်.. အကောင်လေးတွေကို စိတ်ရှည်ခဲ့သလောက် သူတို့တွေအပေါ်မှာကျ စိတ်ရှည်ရှည်ကို မထားနိုင်ဘူး..ဒါကလည်း လုပ်စရာတွေက တန်းစီနေပြီး ဖြစ်စေချင်တာများနေတာလည်း ပါမယ်ထင်တယ်။ စက်ရုပ်တွေလို ပုံစံဝင်ပြီးသား သားသမီးလိမ္မာတွေလို အားလုံးကို မိခင်စိတ်တိုင်းကျ ဖြစ်စေချင်တာ ကိုယ့်အားနည်းချက်....:)။
ကိုယ်တိုင်ကိုယ်ကျ သားအမိ၂ယောက်ကို လာကြည့်ပြီး ရယ်ချင်တယ်...:))
"စလုံးမှာ မြင်ရခဲတဲ့ မြန်မာမိခင်နဲ့သား နေ့စဉ်မြင်ကွင်းပါ"
ကိုယ်တိုင်ကိုယ်ကျမြင်ပြီး အားရပါရ ရယ်ချင်တယ်...
သားပြောနေမယ့် ပုံကို မြင်ချင်လို့...
"စလုံးမှာ မြင်ရခဲမယ့် မြန်မာမိခင်နဲ့သားရဲ့ နေ့စဉ်လှုပ်ရှားမှုတွေ"
ကိုယ်တိုင်ကိုယ်ကျမြင်ပြီး အားရပါရ ရယ်ချင်တယ်...
သားပြောနေမယ့် ပုံကို မြင်ချင်လို့...
"စလုံးမှာ မြင်ရခဲမယ့် မြန်မာမိခင်နဲ့သားရဲ့ နေ့စဉ်လှုပ်ရှားမှုတွေ"
သားကို သနပ်ခါးလိမ်းပေးနေတုန်းလား... ချစ်စရာ...
အိမ်က ကမ္ဘာလုံးကတော့ သနပ်ခါး မသုတ်ချင်ဘူး... သနပ်ခါး မသုတ်ချင်ဘူး လို့ ပြောပြောနေလို့... လက်မြှောက်ထားလိုက်တယ်... ဒီကလဲ ခပ်ပျင်းပျင်းဆိုတော့ကာ... အဟိ...။
သီတာရေးထားတာ တကယ်သဘောကျတယ်... သားကြီးရဲ့ စကားလုံးတွေ ရည်လည်မိုက်တယ်...း))
ဟီး.... အမတို့ သားအမိတွေ ပုံစံ မျက်လုံးထဲ တန်းရောက်လာတာပဲ...
အမပြောတာကသာ ဆူသလိုဖြစ်ပေမဲ့ အမအသံလေးက ချိုတဲ့ဟာ...
အဲဒီတော့ ပြောတာလေးတွေက ဘယ်လိုလုပ် ဆူတာမျိုးဖြစ်တော့မှာလဲ....
း-)
မမသီတာ ချစ်တတ်ကြောင်း ဒီက သိနေပါ၏။
အဲဒလို..စကားတတ် တက်..သားလိမ္မာ ချစ်စရာလေး တွေ နဲ့..တသက်လုံး.. အမောပြောဖို့ ချည်းပဲ..။
( ချွေးမ လေးတွေ လည်း ရအုံးမှာ..ဟိ)
မသီတာရေ မြှောက်ပေးတယ်လို့ လည်းမအောက်မေ့နဲ့ နော်။ သားတွေမွေးထားတာဆိုတော့ ဟင်းဟင်း သိုင်းလေးဘာလေးပါသင်ထားဦး။
စင်ကာပူစတိုင်လ်လဲ မပါသေးဘူး
သနပ်ခါး မသုတ်ချင်ဘူး ဆိုမှ ပိုအူနာသွားတယ်.... ဟားဟား
သား လေးတွေ နာမည်က ချစ်စရာ
ရေချမ်း
ရေစင် တဲ့.. မသီတာ ပေးထားတာလား
နေ့တဓူဝ သားနဲ့ မေမေ ရဲ့ အဖြစ်တွေ မျက်စီထဲ ကွင်းကွက်ကွက်လေး ၀င်လာ တယ်ရော ..း)..
ပေါက်ကမှ ဟင်းကောင်းတွေ ချက်ကျွေးသေး...
ရွာသားလေးရေ...ဒီလိုပါပဲ
သိပ်ဂရုစိုက်တတ်တဲ့ အပြုံးပန်းရေ
စင်္ကာပူစတိုင်က...မေမေကြီးဆီမှာ တွေ့မှာမဟုတ်
နောက်နည်းနည်းကြီးလာမှ...
အင်း... သိတယ်မလား...း(
ဆင်စင်ကိုလည်း အမက တိုးတိုးလေးကပ်မေးချင်နေတာ
သားသားလေးလား...မီးမီးလေးလားလို့း)
သိင်္ဂီရေ...ငါတို့နှစ်ယောက်ကတော့ ကလေးတွေနဲ့ ပတ်သက်ပြီး ဟိုသီချင်း ဆိုရတော့မလို ဖြစ်နေပြီ
~~~မပြောပဲနဲ့ သိနေတယ် တို့ရဲ့ ရင်ထဲဝယ်...~~~ ဆိုတာလေး)
TURN-ON-IDEASရေ
နောက်မှ မှားပါပြီ အမရယ် မပြောကြေးး)
သက်ဝေရေ
နလန်ထကာစမို့ အပူအအေးညီအောင် ဇွတ်လိမ်းပေးရတာပါ...
ဒီမအေလား...မနက်ကျောင်းမသွားခင် အစောဆာတောင် ထလုပ်မပေးဘူး...
သူ့ဟာသူ စား
သူ့ဟာသူ သွား...း)
စုချစ်ရေ
အမ အခု အောင်တွေနဲ့ နေပြီး အသံအလွန်အောင်နေတာ
အိမ်ချင်းမနီးလို့ မသိတာနော်...းP
ဇွန်ရေ
ညီမလေးတွေ လောကကြီးကို စိတ်ကုန်သွားမှာ စိုးလို့ ဟန်လုပ်နေရတာပါးP
ကေရေ
စကားကတော့ တတ်ပ
သူ့အဖေလို ဂွတီးဂွကျ
သူ့အမေလို ကပ်သီးကပ်သတ်
ချွေးမ..ဟိဟိ..၀ လည်ရဦးမှာပေါ့လေ
မယုဝရီရေ
သိုင်းသင်ရမလား...ဟုတ်မယ်
တခါတခါ သူတို့ကို ဗျင်းရတာ ကီ Qi သိပ်မပါသလိုပဲ...တခုခု လိုနေပါတယ်လို့ ထင်တော့ထင်သားးP
မမသီရိရေ
ရေချမ်း ရေစင် နာမည်က
ဘလော့ဂ်လာဖတ်တဲ့ အန်တီတွေ ပေးတာ..
ဘယ်သူပေးတာလဲ ဆိုတာ သေသေချာချာတောင်မမှတ်မိတော့ဘူး
မသီတာလည်း အဲ့ဒီနာမည်လေးတွေ တော်တော်ကြိုက်သွားတယ်
15 Aug 10, 02:08
kom: :cool:
15 Aug 10, 02:08
kom: တို့လဲချစ်ဘူး
15 Aug 10, 02:08
kom:ီက အဖို့မှာတော့ ဘယ်ခွေးတကောင်၊ ကြောင်တမြီးကိုမျှ မချစ်ခဲ့ဖူးပါဘူး။
15 Aug 10, 02:09
kom: အဲသလိုမျိုးပြောပါနဲ့အေ. သိတ်ခံစားရကုန်ပါ့မယ်။
စာလာဖတ်၊ မှတ်ချက်ရေးပေးသွားသူ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်
ရေချမ်း ရေစင်ဆိုတာ ဒီက အန်တီပေးထားတာပါ။
mm
ရေချမ်း ရေစင် တို့ရဲ့ God mother ထွက်လာပါပြီ
(ညာစားနေတာ အဟိ)
ကိုမှိုး အင်္ဂလန်လားမသိ ထွက်သွားတော့ သူ့မေမေက မဂ္ဂဇင်းမှာ သားကိုလွမ်းချင်း ဝတ္ထုတိုတစ်ပုဒ် ရေးတယ်။
သားရေချိုးတာ ကြာနေလို့ ရေချိုးခန်းတံခါးကိုခေါက်ပြီး သားရေ အအေးမိမယ် လို့ ပြောရတဲ့ မိခင်တစ်ယောက်ရဲ့ အတ္တဟာ ချိုမြိန်လှတယ်... ဆိုလား အဲဒီသဘောလေးပဲ။
ခုဒီစာဖတ်ရင်း သတိရမိတယ်။
မိခင်တစ်ယောက်ရဲ့ အတ္တက ချိုမြိန်မှာပဲနော်။
အမ... ဒါတောင် နောက် အောင်တစ်ယောက်နဲ့ အိမ်ချင်းမနီးတော့လို့... နို့မို့ ဒါ့ထက်တောင် အသံအောင်သေး...ဟိ...
သီချင်းဆိုတာ ဘာညာ ပြောပါတယ်....
း-)
အစ်မ ရေချမ်းကစကားတတ်လိုက်တာနော် ... ရယ်လဲရယ်ရတယ် အစ်မတို့ သားအမိတွေ။
အစ်မဒီလောက် သဘောကောင်းတာကို။ သူများတွေက တလွဲထင်ကုန်ဦးမယ်း)
ဟားဟား ရယ်လိုက်ရတာ ဆီးရီး ဆက်ရေးအုန်းနော်
တချို့ အမေတွေက သူ့ ကလေး ရဲ့ ဓါတ်ပုံတွေ ရက်သား လသားထဲက နေ့ တိုင်း ရိုက်လာတာ၇နစ်အထိတဲ့။ အခု တလတခါ ဓါတ်ပုံရိုက်ထားပါလား ဂျပန်လား ဂျာမန်လား မြန်မာလား စလုံးလား စတိုင်ပြောပါတယ်။
အစ်မရေးလိုက်တဲ့ ဒီစာထဲမှာကို သားတွေကို ချစ်တဲ့ အချစ်
တွေ ပျော်ဝင်နေလိုက်တာ....။
ရေးထားတာ အခုမှ လာစု ဖတ်ရတာ။ ရီလိုက်ရတာ မမသီတာ။ ရေချမ်းပြန်ပြောတာလေးတွေ ဖတ်ပြီး အူနာနေပြီ။
ချိုသင်းကတော့ ကြောင်လဲ ချစ်၊ ခွေးလဲ ချစ်၊ ကလေးလဲ ချစ်..။ မိုးချိုသင်းရဲ့ ချစ်ဒုက္ခ ဆိုပါတော့ မမရယ်..
အင်း....ဒီပိုစ့်မှာလဲ ရေချမ်းပြန်ပြောတဲ့ စကားတွေကိုဖတ်ပြီး ရီရပြန်ပြီ။း)
Post a Comment