နောက်ခံ ဂီတကို ဒီက ယူပါတယ်။
ပန်းသခင်ကတော့ တီတီဆွိ ဖြစ်ပါတယ်။
*****
မင်္ဂလာပါ
ဆရာမ
-ဇီဇဝါ
*****
ရိုးရိုးလေးပါပဲ
-စပယ်
*****
နွေဦး လေရူးနဲ့ အတူ
ဝေးလွင့်ခဲ့ ဝတ်မှုန်
သူကိုယ့်အနားရောက်လာပြီးတော့ ကပ်ထိုင်သွားသလိုပဲ…
-ကံ့ကော်
*****
သိပ်ဆိုးတဲ့ လူတွေပေါ့
ဘယ်သူ့ကိုတော့ဖြင့် မယှဉ်သာ
တခြားစီပါကွာ
ဘာညာ ဘာညာတွေနဲ့…
(သူကတော့)
ပြိုင်ဘက်ဆိုတာ
သိလေဟန်တောင်မရှိ
အလှိုက်လှဲဆုံးတွေနဲ့
မြိုင်လို့
လှိုင်လို့
-ငုဝါ
*****
မျှော်လင့်ခြင်းရဲ့ ရနံ့
ငံ့လင့်ခြင်း ဝတ်ဆံ
တောင်းတခြင်း ပွင့်လွှာ
မြိုသိပ်ခြင်းတွေ တပွေ့တပိုက်နဲ့…
-ယုဇန
*****
အသင်းပျံ့ဆုံးသော ရနံ့တွေ
ကြိုင်လှိုင်ကာပေးသော်လည်း
စိုးရွံ့လို့ မလှမ်းသာ
အော်…
ကမ္ဘာတွေခြားနေသတဲ့လားကွယ်
-ဆိတ်ဖလူး
*****
တပွင့်တည်း
ဒါပေမဲ့
ခြင်္သေ့
တိုးဝှေ့ ကျီစယ်
အပြုံးချင်း ဖလှယ်…
ချိုသော နှင်းဆီ
သင့်ထံယစ်မူး၊ ညွှတ်နူးဖို့
သင်မရည်ရွယ်
ဆူးချစ်လို့ စူးနစ်
ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ ရှိပါစေ
- နှင်းဆီ
*****
ပွင့်လင်းလို့ ဖော်ရွေ…
တခါတလေလည်း
ပန်းအဖြစ်ကို မေ့ပါရစေ…
*****
ရေချိုးလို့ အလှပြင်ပြီးပြီ
ဟင်းချိုလည်း နွှေးထားသည်
မောင်ရောက်ချိန် နီးပြီ
-လေးနာရီ
*****
နံရံတချပ်ခြားလို့နေ…
*****
နတ်ပန်းရယ်လို့ မာနမကြီးပါဘူး
တကယ်ပါ
တို့အတူတူ ကြီးပြင်းခဲ့တယ်…
-နွယ်သာကီ
*****
ညှင်းလေပြေ
သင်းရနံ့
လျှို့ဝှက်တဲ့လရောင်…
-ညမွှေးပန်း
*****
မောင်တော်ကတော့
မြူးလာပေါ့…
-ဆောင်တော်ကူး
*****
နှစ်လေးငါးခြောက်ဆယ်လောက် တယောက်ထဲစွဲ ချစ်နိုင်မလား
-သရဖီ
ကျမထက် လှသူနဲ့ တွေ့သွားတော့ အချစ်ရော့မလား…
-မြတ်လေး
*****
နွားတင်းကုပ်နားမှာ ရှိသည်။
ကျောင်းဂိတ်ပေါက် နားမှာ ရှိသည်…
-တရုတ်စကား
*****
အလှကိုယ်စီ ရှိကြသည်…
-ထားဝယ်မှိုင်း
9 comments:
ပန်းတွေနဲ့ ထုံသင်းနေတဲ့ ဗီဒီယိုလေး ကြည့်သွားတယ်၊ စာတန်းလေးတွေနဲ့ ပန်းလေးတွေက သပ်သပ်ရပ်ရပ် လေး...၊ အထူးသဖြင့် ၁ မိနစ် ၅၉ စက္ကန့်က ပုံနဲ့စာက အလိုက်ဖက်ဆုံးပဲ...။
အစ်မ ပန်းကြိုက်တယ်နဲ့တူတယ် ... များလိုပဲ ... ပန်းတွေ ... ပန်းတွေ အရမ်းမြင်ဖူးတယ် ထင်နေတာ ...များခြံထဲက ပန်းတွေကိုး ... ပန်းတွေကို ကဗျာတွေနဲ့ ပေါင်းလိုက်တော့ ပိုလှသွားတယ်။
ချစ်ဖို့ကောင်းလိုက်တာ
စိတ်ကူးလေးက ကောင်းတာနဲ့ ပေါင်းစပ်လိုက်တော့ ပြောဖွယ်ရာမရှိ
သီတာရေ... အကြံကောင်းတယ်... ကြည့်ရတာ သဘောကျတယ် အရမ်းပဲ...
နောက်တခါကျ ကိုယ်ရိုက်ထားတဲ့ သစ်ခွတွေကို အဲလိုမျိုးလေး လုပ်ပေးနော်...
ပန်းကဗျာတဲ့..
စာသားနဲ့ ပန်းလေးတွေ တော်တော်လိုက်တယ်နော်..
မမသီတာများ တအားတော်လိုက်တာ..
စာသားတွေမိုက်..
ရင်ကိုခိုက်..
ပန်းတွေပိုက်လို့ ပြန်သွားပြီ.. (လသာည ပန်းသူခိုး :P)
ပန်းတွေနော်..
ပန်းတွေ..
ပုံ။
ပန်းမချစ်သူ
23 Feb 11, 06:31
အပြုံးပန်း: :run မောနင်း မသီတာ၊ ပန်းကဗျာတွေကို လာရူစာတယ်၊ မသီတာ ၀ဲလ်ဒန်း၊ ကွန်ကရက်
23 Feb 11, 06:32
အပြုံးပန်း: ဗဲရီး ဆူးသင်း
23 Feb 11, 10:04
မိုးစက်: မနက်ခင်းကိုလှပစေတဲ့ ပန်းကလေးတွေ... စိတ်ကူးလေးကောင်းလိုက်တာ မသီတာ..
အဲ့လိုတွေ လုပ်ရတာ ပျော်တယ်
အားပေးကြလို့ ပန်းတွေနဲ့ အတူ ပြုံးလို့ ပျော်လို့ပေါ့
သက်ဝေရေ...ဒီက နောက်ခံဂီတတောင် ရှာနေပြီနော်
ပုံတွေ ဘယ်လိုယူရမလဲသာ ပြော
ကောင်းလိုက်တာ သီတာ ဒါမျိုးတွေလည်း ရတယ်လား....ဂွတ် အိုင်ဒီယာ....
ချစ်ကြည်
Post a Comment