Sunday, August 14, 2011

ချစ်ခြင်းအားဖြင့် နှုတ်ဆက်တေး

❤♫ ဘာကြောင့်များချစ်လဲ ဒီလိုမေးရင် အခက်သားကွယ်… ♪♪
… … …
❤♫ နှလုံးသားရဲ့ ကျမ်းစာကွယ်… ❤♫ တဲ့

မယုံပါဘူး… မယုံခဲ့ပါဘူး…

နှလုံးသားရှိသူတိုင်း ချစ်တတ်တယ် ဆိုတာ သိပ်ယေဘူယျဆန်လွန်းတယ်။
ပန်းလေးတပွင့်ကို ချစ်တတ်ဖို့
သစ်ရွက်လေး တရွက်ကို ချစ်တတ်ဖို့
မြေသင်းနံ့လေးကို ချစ်တတ်ဖို့
ပက်ကြားအက်ထဲက ပေါင်းမြက်လေးကို ချစ်တတ်ဖို့ ကတော့
ဟိုးအဆက်ဆက် ဘိုးဘွားမိဘတွေက ချစ်တတ်အောင် သင်ကြားပေးလာရမယ်လို့ ယုံကြည်တယ်။
ချစ်တတ်အောင် သင်ကြားပေးတဲ့ သင်ထောက်ကူတွေမှာ တေးဂီတ အနုပညာက တော်တော်ထိရောက်တယ်။
အရေးအပါဆုံးလို့တောင် ပြောချင်ပါတယ်။
*****
ချစ်ခြင်းအားဖြင့်...

မိုးကုပ်စက်ဝိုင်းကို ချစ်တတ်အောင်
ကြယ်တွေကို ချစ်တတ်အောင်
လရောင်ကို ချစ်တတ်အောင်
မြစ်တစင်းကို ချစ်တတ်အောင်
အမေကို ချစ်တတ်အောင်



ဂီတဖြင့် သင်ကြားပေးခဲ့တဲ့
၄၂နှစ်မှာ နှုတ်ဆက်တေးကို ဆိုသွားသူ
ကြောင့်
ဒီ ၄၂နှစ်က မညီညာတဲ့ မြေတွေကို ချစ်တတ်ပါတယ်။
မိုးကုပ်စက်ဝိုင်းမှ ပျောက်လွယ်ခက်
ဤနေရာမှ ယူလာပါသည်။

အယင်က ရေးထားတဲ့ ချစ်ခြင်းအားဖြင့် ထူးအိမ်သင်

11 comments:

ညီလင်းသစ် said...

သတိရခြင်းတွေကတော့ တူနေပြီ မသီတာရေ...၊
ကျနော်လည်း အခုပဲ သူ့ရဲ့ အမှတ်တရ တစ်ပုဒ်ရေး နေတယ်...၊ စူးနစ်စွာ စွဲဝင်နေမယ့် မှတ်တိုင်တစ်တိုင် ပါပဲ..၊

တန်ခူး said...

နှုတ်ဆက်တေးကို ဆိုသွားသူကို ယနေ့ ထက်ထိ မနှုတ်ဆက်နိုင်အောင် ရင်ထဲမှာ ရှင်သန်နေတုန်းပဲ... သူ့ ရဲ့ချိုမြတဲ့အသံလေးတွေက ဒီကမ္ဘာမှာ အမြဲရှင်သန်နေဦးမှာပါ...

Anonymous said...

တကယ်ဆို အချစ်ပဲလိုတယ်၊

အားလုံးကို ချစ်တတ်အောင် ဘယ်သူကများ ဘာတွေကများ သင်ပေးခဲ့သလဲ စဉ်းစားပါအုံးမယ်။

Rita said...

ဒီသီချင်းကို နားမထောင်ဖူးသေးဘူး။ ကျေးဇူးပဲ မမသီတာ။

ညိမ်းနိုင် said...

သူ့သီချင်းတွေထဲမှာ သူ့ဝိညဉ်.. ကျွန်တော်တို့အတွက်
ရှင်သန်ဆဲပါအမရာ....:(

သက်ဝေ said...

သူ ဘယ် ရောက် နေ လည်း မ သိတော့ ပြီ ပဲ . . . လွမ်း မိ တယ် . . .း((

Anonymous said...

ကျေးဇူးတင်ပါတယ်..။
နားထောင်သွားပါတယ်ရှန်..။



ပေါက်

ချော(အစိမ်းရောင်လွင်ပြင်) said...

ထူးအိမ်သင်သီးချင်းဆိုရင် မကြိုက်တာ မရှိသလောက်ပါဘဲ
ငယ်ကတည်းက သူ့သီချင်းနားထောင်ခဲ့ရတာ
ဘယ်ချိန်ဖြစ်ဖြစ်ကြိုက်တယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ထူးအိမ်သင်သီးချင်းဆိုရင် မကြိုက်တာ မရှိသလောက်ပါဘဲ
ငယ်ကတည်းက သူ့သီချင်းနားထောင်ခဲ့ရတာ
ဘယ်ချိန်ဖြစ်ဖြစ်ကြိုက်တယ်

Maung Myo said...

ဟုတ်ပါ့ဗျာ အမေ့ ကိုလွမ်းတိုင်း ကျနော်တော့ သူ့သီချင်းတွေ သာ သွားသွား နားထောင်နေမိတော့တယ် အမေကို ချစ်ဖို့ မမေ့ဖို့ သတိပေးနေတဲ့ သူတစ်ယောက်ပေါ့ ။

ဇွန်မိုးစက် said...

အဲ့ဒီသီချင်းခေါင်းစဉ်နဲ့ပတ်သက်ပြီး မသွယ်က သူ့ကို ပြောခဲ့သေးတယ်နော်။ နောက်ဆုံးခွေ မထွက်ခင်ကတည်းက အဲ့ဒီအကြောင်းဖတ်ထားတော့ အခွေထွက်ပြီး အဲ့သီချင်းလည်း နားထောင်လိုက်ရရော ငိုချင်သလိုကို ဖြစ်သွားတာ။
သူဆုံးတဲ့သတင်းကြားတုန်းက မျက်ရည်မကျသည့်တိုင်အောင် မျက်ရည်တော့ ၀ဲမိတယ်။
အဆိုတော်ထက်ပိုတဲ့ ပညာရှင်တစ်ယောက်မို့ သူနဲ့ပတ်သက်သမျှ ဂီတတိုင်းကို အမြဲလေးစား တန်ဖိုးထားနေသူတစ်ယောက်ပေါ့ မမသီတာရယ်။