(အသံဖိုင်ကို Dhamma Download မှ ကူးယူထားပါသည်)
ယော ေ၀ ကတညူ ကတဝေဒိ ဓီရော၊ကလျာဏမိတ္တော ဒဠှဘတ္တိ စ ဟောတိ။ဒုခိတဿ သက္ကစ္စ ကရောတိ ကိစ္စံ၊တထာဝိဓံ သပ္ပုရိသံ ဝဒန္တိ။ (သရဘင်္ဂဇာတ်)
ယော ဓီရော - နဂိုမူလ ဓာတ်ခံရသဖြင့် ဘဝနောက်နှောင်း ကောင်းထက်ကောင်းဖို့ လမ်းကြောင်းတီထွင် အကြင်ပညာ့ရှင်သည်၊
ေ၀ - စင်စစ် ဧကန် အမှန်စိတ်ထား ရိုးဖြောင့်သောအားဖြင့်၊
ကတညူ - သူတစ်ပါးတို့ ပြုထားအပ်ဖူး မြတ်ကျေးဇူးကို အထူးရှိသ၍ သိလေ့ရှိသည် လည်းကောင်း၊
ကတဝေဒိ - သူများပြုအပ် ကျေးဇူးရပ်ကို တတ်သ၍ မှတ်သ၍ ဆပ်လေ့ရှိသည် လည်းကောင်း၊
ကလျာဏမိတ္တော - မိကောင်း ဖကောင်း ဆရာကောင်းနှင့် ဖော်ပေါင်းအထိ မိတ်ကောင်းရှိသည် လည်းကောင်း၊
ဒဠှဘတ္တိ - ထိုမိတ်ကောင်းလည်း အသည်းစွဲမျှ အမြဲမပြတ် ဆည်းကပ်လေ့ရှိသည် လည်းကောင်း၊
ဟုတွာ - ဖြစ်၍
ဒုခိတဿ - မိမိမျက်မှောက် ဒုက္ခရောက်သဖြင့် ပံ့ထောက်မဲ့မူ ဆင်းရဲသူ၏၊
ကိစ္စံ - စားသောက်နေရေး ဆေးဝါးပေး၍ လုပ်ကျွေးသမှု ကိစ္စစုကို၊
သက္ကစ္စံ ကရောတိ - ကိုယ်ချင်းစာနာ သနားညှာလျှက် များစွာပုံသေ ပြုစုတတ်ပေ၏။
တထာဝိဓံ - သို့ကလို ဂုဏ်အင် စုံလင်ပေသည့် ပညာရှိအပေါင်း သူတော်ကောင်းကို၊
သပ္ပုရိသံ - ဘဝနောက်နှောင်း ကောင်းထက်ကောင်းဖို့ လမ်းကြောင်းတီထွင် သူတော်စင်ဟူ၍၊
ဝဒန္တိ - ဘုရားစသား ပုဂ္ဂိုလ်များက လေးစားကြည်ဖြူ ချီးမွန်းတော်မူကြလေကုန်သတည်း။
2 comments:
ခုမှစာကြွေးတွေ လာရှင်းရတယ် မမသီတာနဲ့ကိုဧရာ။
ဘာဖြစ်လို့လဲ... မသိဘူး၊ ဇွန့် blog roll မှာ လူရာဝင်ကြည့်ခြင်းနောက်ပိုင်း update မဖြစ်တော့တာနဲ့ မရောက်ဖြစ်တာ တော်တော်ကြာသွားတယ်၊ အဲဒါ တစ်နေ့က ဘလော့ဂ်တစ်ခုဝင်လည်ရင်း သူတော်ကောင်းလက္ခဏာဆိုပြီး ပို့စ်အသစ်တွေ့လိုက်တာနဲ့ ပြန်စစ်ပြီး အသစ်ပြန်ချိတ်လိုက်မှပဲ sonata-cantata လည်း update ဖြစ်သွားတော့တယ်။ :D အသံဖိုင်ရော၊ ပါဠိအနက်အဓိပ္ပာယ်ပါ တပါတည်း ရှင်းပြပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်လို့။း)
ဝိသုဒ္ဓိမဂ် အကြောင်း ရှာဖွေရင်း နဲ့ သည်ဘလောဂ် ကလေး ကိုတွေ့ လိုက်ရပါတယ်။ အလွန်နှစ်ချိုက်တဲ့ဆရာတော်ကြီး တရား ကိုတွေ့တော့လည်း မနေနိုင်မထိုင်နိုင် ရှယ်သွားမိကြောင်းပါ။
Post a Comment