Saturday, October 11, 2008

အချစ်ဆိုသည်မှာ

အချစ်ဆိုသည်မှာ…တဲ့

သြော် အချစ်ဆိုတာ စိတ္တဇနာမ်လေးပါ။
telepathy, will power ဆိုတာတွေကို အလေးထားတတ်သူ တစ်ယောက်အတွက်တော့
အချစ်ဆိုတာဟာ ပေါ့သေးသေး မဟုတ်တဲ့ လေးကြီးကြီး ကြီး။

ရာမယဏဇတ်တော်ကြီးမှာလည်း အချစ်အကြောင်းတွေပါတယ်။
တစ်ညတာခွဲရလို့ နှစ်ပေါင်း ခုနစ်ရာ ပူဆွေးရတဲ့ ကိန္နရာ ကိန္နရီတို့ အဖြစ်ကိုလည်း ယုံတယ်။
…
…
…
ဟင်?
ဘာရယ်??
ကိုယ်ပိုင်ဇတ်လမ်းလေး???
သြော်
ညွှန်းစာဖွဲ့လို့မမှီ…(အလဲ့)

ချစ်ခဲ့ဖူးပါတယ်
ချစ်နေပါသေးတယ်
ချစ်နေဦးမှာပါ။

တန်ကြေးရှိတဲ့အချစ်ကို တန်ဖိုးထားပါတယ်။
အရှုံးအမြတ် တွက်ကြေး ဆိုရင်တော့
အရင်းအတိုင်းပဲ
ယူသွားမှာပါ။
ဆုံမှတ်ရှိတဲ့ အချစ်
ဆုံးမှတ်ကိုရောက်ခဲ့ပြီ ဆိုရင်ပေါ့...

nature ဆိုရင်
neutral ဖြစ်မှကောင်းမယ် ထင်လို့ပါ။
အချစ်ဆိုသည်မှာ…

သက်ဝေ ရေ ရေးလိုက်ပြီနော်။

6 comments:

တန္ခူး said...

အဲလိုတော့ မလုပ်နဲ့ လေ…ကိုယ်ပိုင်ဇာတ်လမ်းလေးကို အဲလို ပညာလေးနဲ့ ရှောင်လွှဲမသွားနဲ့ မ ရေ… ဒီကဖော်ကောင်လုပ်လိုက်ရမလား… ဒီလိုလေးရေးထားတာလဲ ဖတ်လို့ ကောင်းတာပဲ…

khin oo may said...

ချစ်ခဲ့ဖူးပါတယ်
ချစ်နေပါသေးတယ်
ချစ်နေဦးမှာပါ။ ချစ်ပါ ချစ်ပါ ကိုဧရာ ကို.

ကေ said...

တစ်ညတာခွဲရလို့ နှစ်ပေါင်း ခုနစ်ရာ ပူဆွေးရတဲ့ ကိန္နရာ ကိန္နရီတို့ အဖြစ်ကို တော့ ယုံဘူး။ အဟဲ-

မုဒိတာ said...

အမရေ ဖတ်လို့ကောင်းတာပဲ
အချစ်တွေအဆများစွာ တိုးပွားပါစေ။
:)

သက်ဝေ said...

ချစ်ခဲ့ဖူးပါတယ်...
ချစ်နေပါသေးတယ်...
ချစ်နေဦးမှာပါ... (မိုက်တယ်ကွာ...)

ရေးထားပေးတာ ကျေးဇူးပါ မသီတာရေ...
ကိုယ်ပိုင်ဇာတ်လမ်းလေး ရေးပါအုံးလေ...

စပ်စပ်စုစု သိလိုတဲ့
သက်ဝေ

sonata-cantata said...

12 Oct 08, 00:16
မြတ်နီုး: အမရေးတဲ့ အချစ်က... တညိုးပဲ
12 Oct 08, 22:09
S-C: မြတ်နိုးရေ ဟုတ်တယ်နော် ရေးထားတာ အချစ်ရော ဟုတ်ရဲ့လားမသိ..အဟိ