ဆက်ရန်
Tuesday, January 20, 2009
Free English Course for Parents - Day 1
British Council ကဖွင့်တဲ့ Free English Course for Parents ကိုသွားတက်ပါတယ်။ အဲ့ဒီမှာ လက်ရှိ တက်နေတဲ့ ကျောင်းသားရဲ့ အမေ (သို့) အဖေ တက်ခွင့်ရှိပါတယ်။ သင်တန်းချိန်က မနက် ၉နာရီမှ ၁၁နာရီ ဖြစ်တဲ့ အတွက် အလုပ်လုပ်တဲ့ အဖေတွေ လာမတက်နိုင်ကြပါဘူး။ အခွင့်သာတဲ့ အမေ အယောက် ၂၀ ကျော် ခန့် လာတက်တာ တွေ့ရပါတယ်။ တစ်ပတ်ကို နှစ်ရက်တက်ရမှာ ဖြစ်ပြီး နှစ်လခွဲခန့်တက်ရပါမယ်။
သင်တန်း အတွေ့အကြုံလေးကို ဘယ်သူတွေ ဘာတွေကို ဘယ်လိုလုပ်နေတယ်ဆိုတာ ဝေမျှချင်တဲ့ ရည်ရွယ်ချက်နဲ့ မိမိခံစားချက်တွေ ယှက်နွယ်ပြီး ရေးသွားပါမယ်။ လေ့လာလိုသူများ လေ့ကျင့်ခန်းတွေကို အတူတကွ လိုက်လုပ်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။
Day 1
သင်တန်းစတော့ တာဝန်ခံဆရာ Mr. Keith က မိတ်ဆက်စကားနည်းနည်းပြောပါတယ်။ ဒီသင်တန်းကို သင်မဲ့ဆရာ၊ ဆရာမ (၁၂)ယောက်ရှိပါတယ် တဲ့ ။ Certificate in English Language Teaching to Adults CELTA ဆရာဖြစ်သင်တန်းတက်နေတဲ့ သင်တန်းသားတွေက သင်မှာ ဖြစ်ပြီး သူတို့ကို တာဝန်ခံဆရာက စောင့်ကြည့် အမှတ်ပေးနေမှာ ဖြစ်ပါတယ်။ မိတ်ဆက်စကား အနည်းငယ်ပြောအပြီးမှာ ဒီ လေ့ကျင့်ခန်းလေး ပေးပါတယ်။
Talk to your partner
Find out about their background
Ask them why they are doing the course
Find out something interesting/ unusual about it.
သင်တန်းလာတက်သူတွေမှာ ကိုးရီးယားလူမျိုး အတော်များများပါပါတယ်။ နောက် တရုတ်ပြည်မကြီးမှ ၃, ၄ ယောက်။ တိုင်ဝမ်မှ PhD ရထားသူ တရုတ်အမျိုးသမီး။ အိန္ဒိယမှ ၂ ယောက်။ မြန်မာ ကျမအပါအဝင် ၂ယောက် (ကျန်တစ်ယောက်က ပထမဦးဆုံး တစ်ရက်ပဲ လာတက်ခဲ့ပါတယ်။) ကျန်တာတွေကတော့ စင်္ကာပူလူမျိုး (တရုတ်၊ ကုလား၊ မလေး) တွေပါ။ စင်္ကာပူမှ လူတစ်စုကတော့ ဒီက Canberra Primary School က ရုံးပိုင်းဆိုင်ရာဝန်ထမ်းတွေ ဖြစ်ပြီး သူတို့ကျောင်းက ဒီသင်တန်းအတွက် သီးသန့် စီစဉ်ပြီး လွှတ်တာလို့သိရပါတယ်။
နောက် ဒီ Center က မန်နေဂျာ စကား အနည်းငယ်ပြောပြီး သင်တန်းကို ခဏနားပါတယ်။
သင်တန်းပြန်စတော့ စာသင်ခန်းထဲမှာ name tag တွေ တပ်ထားတဲ့ သူတွေ မိုးတိုးမတ်တပ်တွေ့ရတယ်။ သူတို့ဟာ ဒီသင်တန်းကို လက်တွေ့သင်ရမဲ့ ဆရာလောင်းတွေပါပဲ။ အလျဉ်းသင့်သလို တစ်ယောက်ချင်းဆီနဲ့ မိတ်ဆက်စကား၊ အလ္လာပသလ္လာပတွေ ပြောကြလို့ စီညံနေတော့တယ်။ ဘာသာခြား Language တစ်ခုကို လေ့လာသင်ယူရင် အသုံးချဖို့ အခြေခံ အကျဆုံးကတော့ များများပြောဖို့ ပါပဲ။
နောက်တော့ အောက်ပါခေါင်းစဉ်များမှ တစ်ခုကို မိနစ် ၂၀ အချိန်ပေးပြီး ရေးခိုင်းပါတယ်။
Choose one of the following and write about it.
My Last Holiday
My favourite teacher
My plans for the Future
an interesting experience you have had
my reasons for doing the course
ကျမ နောက်ဆုံးခေါင်းစဉ်ကို ရွေးချယ်ပြီး တောင်စဉ်ရေမရတွေ ရေးခဲ့ပါတယ်။ ဒီ Essay ကို ကြည့်ပြီး (Upper နဲ့ Lower) အတန်း နှစ်တန်းခွဲပြီး သင်ကြားသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ချိန် သင်တန်းလာလျှင် စာသင်ခန်းရှေ့မှာ ကပ်ထားမည့် အမည်စာရင်းကို ဦးစွာကြည့်ပြီးမှ မိမိနာမည်စာရင်းပါသော အတန်းမှာ ဝင်ရောက်နေရာယူရမှာ ဖြစ်ပါတယ်။
ကျမ ဘယ်အတန်းကို ရောက်မယ်ဆိုတာ ခန့်မှန်းလို့ရအောင် ရေးခဲ့တဲ့ Eassy က သင်တန်းမှာ ထားခဲ့ရလို့ ဒီနေရာမှာ ဖော်ပြခွင့် မရတော့ပါဘူး။ မှတ်မိသလောက် ပြန်ရေးချရရင်လည်း စာဖတ်သူများ ခေါင်းရှုပ်သွားမှာစိုး၍ ဒီပို့စ်လေးကိုပဲ ဆက်လက်ဖတ်ရှုပြီး အကဲဖြတ်ကြပါ။
မဟာမြိုင်ဆရာတော် ဦးဇောတိက အမိန့်ရှိခဲ့ဖူးသလိုပဲ ကျမတို့ဟာ English ကို ကျောင်းမှာ နှစ်ပေါင်းများစွာ သင်ယူခဲ့ရပေမဲ့ လက်တွေ့ဘဝထဲ မရောက်တဲ့အတွက် ခရီးရောက်သင့်သလောက် မရောက်ကြဘူး။ (အကြောင်းရင်းတွေကို ရှာဖွေကြမည်ဆိုပါလျှင် ကျယ်ပြန့်၍ သုတေသနဆန်မည်မို့ ကိုယ့်ကိုကိုယ်သာဆန်းစစ်ပါမည်။) ငါးတန်း ဆယ်နှစ်သမီးက စလို့ A, B, C, D သင်လာလိုက်တာ English ကို စိတ်ဝင်စားပါတယ်။ ကြောက်စရာကောင်းတယ်ဆိုပြီး ပစ်ထားတဲ့ အခြေအနေမျိုး မရှိခဲ့ပါဘူး။ Speaking သင်တန်း၊ Enrichment Course ဆိုတာမျိုးတွေလည်း ကျောင်းအပြီးမှာ တက်ခဲ့ပါသေးတယ်။ သို့ပေမဲ့ အမှန်အတိုင်း ဝန်ခံပါတယ်.. ဘဝထဲကို မရောက်ခဲ့ပုံများ thank you လို စကားလုံးမျိုး ပြောထွက်ဖို့တောင် အင်မတန်ဝန်လေးခဲ့ပါတယ်။ အခြေအနေရဲ့ ပံ့ပိုးမှုက အရေးပါပေမဲ့ လူကိုယ်တိုင်ရဲ့ ရယူလိုမှုစိတ်ထားကသာ အဓိက ကျပါတယ်။
နောက်တစ်ခုက response ပါ။ ဘာကို ကြားရင် ဘယ်လို တွေးလိုက်ပြီး ဘယ်အထိတာသွားမလဲ ဆိုတဲ့ အချက်မှာ လည်း မျက်တောင်မွှေး တစ်ဆုံးလောက်သာ မြင်တတ်တဲ့ အလေ့ရှိသူမို့ အကျိုးဆက်ကတော့ ဘာသာခြားနဲ့ အမေးစကားလေးတွေ ဆိုလာခဲ့ရင် yes, no ကလွဲလို့ အပို မပြောတတ်တော့ပါ။
ဝေါဟာရကြွယ်ဝမှုမှာလည်း အသုံးများသည့် ပန်းအမည်၊ ဟင်းသီးဟင်းရွက်အမည်၊ ငါးအမည်၊ စသည်ကို မိခင်မြန်မာဘာသာ နှင့်ပင် မှတ်မှတ်သားသား ပြုတတ်သည့် အလေ့မရှိခဲ့ပါ။
မတတ်ဘူး ပြောရတာကို အရိုးပေါ် အရွက် မဖုံးစေခြင်းသာလို့ သဘောထားတတ်ခဲ့ပါ၍ ပြင်ရပါမည်။
“အဲ့ဒီ မသိဘူး, မတတ်ဘူးကြီးကို ရှေ့ကခံထားပါက၊ ဘယ်မှာလျှင် သိပါ တတ်ပါတော့မည်နည်း”
ပို့စ်ရေးသူလည်း ဘလော့ဂ်ရေး၊ ဖတ်သည့် အချိန်မှ စ၍ ပြင်နေပါပြီ။ အစွန်းဟုဆိုလျှင် မည်သည့်အစွန်းမှ မကောင်းလေသမို့ အနှုတ်အစွန်းမှ ကင်းလွတ်နိုင်ကြပါစေ။
Labels:
BC English Course,
ဒိုင်ယာရီ,
သီတာ
Subscribe to:
Post Comments (Atom)
8 comments:
အယ်အမရေ သင်တန်းလေးက စိတ်ဝင်စားစရာလေးပါလား။ နောက်နေ့အတွေ့အကြုံလေးတွေ အားတဲ့အခါရေးပြပါအုံးနော်။
ဖတ်သွားပါတယ်မသီတာ။ exposure ဆိုတာအဲဒါလို့ ထင်မိပါ၏။ ကျွန်မလည်း ထိုင်းကိုတစ်ယောက်ထဲထွက်လာကာနီးမှာလာကြိုတဲ့လူနဲ့ တွေ့ ရင်ဘာကစပြောရမှာလဲလို့ မောင်ရင့်ကိုမေးခဲ့ရသေးတယ်။ သူကမှာလိုက်တယ် ကိုယ့်နာမည်ထောထင်ပြထားတဲ့လူကိုတွေ့ ရင် me လို့ ပြောလိုက်တဲ့။ ကျွန်မလည်း မီ မီ မီနဲ့ သေချာအောင်ဆင့်ပြောထဲ့လိုက်တယ်။ ခုတော့ဘိုလိုပြောရမှာမကြောက်တော့ပါဘူး။
အမရေ ဆက်ရေးပါနော်။ စိတ်ဝင်စားလို့။ စလုံးထွက်လာကစက I come to Myanmar လို့ ပြောမိမှ ကိုယ့် အင်္ဂလိပ်က အတော် ညံ့သေးပါလားလို့ စိတ်ညစ်သွားတယ်။ to and from ကို အပေါက်အလမ်းမတဲ့လို့လေ။ thank you နဲ့ sorry ကတော့ ရေရေလည်လည် ပြောကြသလားမမေးနဲ့။
ဟုတ်ပါ့.. မိဘတွေအတွက် စိတ်ဝင်စားဖို့ကောင်းသား။
ဆက်ရန်ဆိုတော့ အတွေ့အကြုံတွေထပ်မျှဦးနော်။
စောင့်ဖတ်မယ်အန်တီသီတာရေ့။း)
(ဒါနဲ့ စကားမစပ် သားကိုဘာလို့ ဘယ်ဘက် လက်သူကြွယ်မှာ လက်စွပ်မစွပ်ခိုင်းတာလဲဟင်?)
Oh, thanks for the info. Now I can let the parents of my pupils know about this and get them to enquire more from British Council. One of my pupils is attending an English enrichment course there.
မသီတာရေ...
စိတ်ဝင်စားစရာ သင်တန်းလေးပါလား
အရင်က ကြားတော့ကြားဖူးတယ်... သေသေချာချာတော့ မသိ...
မသီတာပြောပြမှ သေသေချာချာ သိရတော့မှာ...
မသီတာ ရေးရမယ့် Topics တွေကို စိတ်ထဲက လိုက်ရေးကြည့်နေမိတယ် (မြန်မာလို... :-P)
my reasons for doing the Blog ဆိုရင်တော့ ကောင်းကောင်း ရေးနိုင်လေမလား လို့ လဲ တွေးနေမိတယ်... ဟီဟိ
လိုချင်တဲ့ ဒီလိုအခွင့်အရေးမျိုး မရရှိသူမို့ ရသူကိုပဲအားကျမိပါတယ်။
ဆက်ရေးနော်မျှော်နေမယ်။
ဒီမှာ.. ပြောနေရတာတောင် မ၀ံ့ရဲဘူး။
ကိုယ်ပြောတာ အသံထွက်မှားမလား။ နားလည်ပါ့မလားလို့လေ။
mm
Post a Comment