Wednesday, February 4, 2009

Free English Course for Parents - Day 5

ဤမိသားစု
ဘုရားဖူး လာ၏။
လူစုလာသည်။
မသီတာ ပါသလား။

အထီးကျန်ခြင်းကို ခံစားရသောအခါ အထက်ပါအတိုင်း သူငယ်တန်းဖတ်စာ ထဲမှ စာပိုဒ်လေးတွင် မိမိနာမည်ကို ထည့်လိုက်မိပါတော့သည်။

အထီးကျန်ခြင်းသည် တစ်ကိုယ်ကောင်းဆန်ခြင်းမှာ မြစ်ဖျားခံလေသလောဟု ကံ၊ ကံ၏အကျိုး ကို စစ်ကြော ဝေဖန် တီးခေါက်နေမိသည်။

အထီးကျန်ခြင်းသည် မိမိကိုယ်မိမိ ယုံကြည်မှုနည်းပါးခြင်း၊ ကိုယ်ရည်ကိုယ်သွေးညံ့ဖျင်းခြင်း၊ ရတာထက်ပိုလိုချင်ခြင်းများ၏ အကျိုးရလဒ်လေလောဟု ဆန်းစစ်ရသည်မှာလည်း အကြိမ်ကြိမ်။

မိန်းမတို့သည် အသက်အရွယ် အတန်ရလာသောအခါ ခန္ဓာကိုယ်အတွင်း ဓာတ်များပြောင်းလဲခြင်းကြောင့် တောင်တောင်အီအီ ဖြစ်လာတတ်ကြောင်း ကြားဖူးနား၀ ရှိခဲ့ရာ၊ ထိုအသက်အရွယ်သို့ မိမိသည် လုံလ၊ ဝီရိယကြီးစွာဖြင့် စောလျင်စွာ ရောက်နှင့်နေပီလား…

*****
Day 1
Day 2
Day 3 & 4
Day 5
ဒီနေ့ သင်တန်းစတော့ Mei Leen က loner | alone | lonely ဆိုတဲ့ စာသုံးလုံးကို White Board မှာ ရေးချလိုက်တယ်။ ကျမ အလွန်စိတ်ဝင်စားနေတဲ့ topic မို့ တစ်စုံတစ်ခုသော ကွင်းဆက်ကလေးကို ရလေနိုးနိုး မျှော်ကိုးရင်း နဲ့ပေါ့။

ယေဘူယျ အနေနဲ့ ပြဋ္ဌာန်းစာအုပ်ထဲက ကာလပေါ်  နိုင်ငံရပ်ခြား ဆိုတဲ့ တေးသွားကို မဖြစ်မနေ သီဆိုကျူးရင့်နေတဲ့ လူတစ်ယောက်ရဲ့ New Year Eve မှာ ဖြစ်ပျက်တဲ့ အခြေအနေတွေနဲ့ သင်ခန်းစာကို ချဉ်းကပ်တယ်။ friends, family member တွေနဲ့ party, holiday အကြောင်း တွေပါတယ်။ တဆက်တည်းမှာ Lifestyle တွေအကြောင်းလည်း ပြည့်ပြည့်စုံစုံ မဟုတ်ပေမဲ့ တစွန်းတစ အဖျားခတ်ပြီး ပါသွားတယ်။

နောက်ဆုံးမှာ ဇတ်လိုက် ရထားတဲ့ score ကို loner အဆင့်တွေ ခွဲထားတဲ့ table နဲ့ တိုက်ကြည့်လိုက်တော့ He’s a bit of a loner ဆိုတဲ့ အဖြေထွက်တယ်။ ကိုယ်ရဲ့ အမူအကျင့်တွေ အတွက်လည်း ကိုယ်တိုင် အမှတ်ပေး၊ ရတဲ့ score တွေအားလုံးပေါင်းတော့ အဲ့ဒီလူနဲ့ တစ်မှတ်ပဲကွာသမို့ I’m a bit of a loner လို့ ကိုယ့်ကိုကိုယ် ကြေငြာအပြီး ခဲလေသမျှ သဲရေကျဆိုတဲ့ အဖြစ်နဲ့ သင်တန်းက ပြန်ခဲ့တယ်။
*****

ဆရာတော် ဦးဇောတိက က Snow in the Summer စာအုပ် Introduction မှာ
Mountain-Lion I am. Alone, but not lonely anymore. I have learnt to live alone. …တဲ့။ (Page-4)
ဆရာတော် ဘယ်လိုများ learn လုပ်ခဲ့ပါသလဲ။

မိသားစု စည်းဝိုင်း အပြင်ဘက်
သူငယ်ချင်း မိတ်ဆွေ အသိုင်းအဝိုင်းအပြင်ဘက်
ရွာ အပြင်ဘက်
ရောက်နေတယ်လို့ ခံစားရလို့ ရေးချလိုက်ပါတယ်

ဘလော့ဂ်ကို ကျေးဇူးတင်ပါတယ်။

8 comments:

tg.nwai said...

ဟော..လုံ့လ ၀ီရိယလွန်စွာ စောရောက်နေတယ် ထင်လေသလား မသီတာ.. ကိုယ်အရင်ရောက်နှင့်နေပြီလေ.. ငှဲငှဲ..

Craton said...

အန်တီတာရေ...
You're not alone nor lonely နော်.. ရွာအပြင်ဘက်ရောက်တယ်လို့တော့ မခံစားပါနဲ့..
ကိုယ့်လိုရွာသားတွေလည်း အများကြီးပါလို့ သတိရပေါ့
ဝေငှတာလေးတွေ ဖတ်ပြီးအားပေးသွားပါတယ်.. ဗဟုသုတလေးတွေလည်း ယူသွားပါတယ်.. ဟိုနေ့က Loner ဆိုတဲ့ ကိုရီးယားကားကြည့်လိုက်ရတယ်.. သိပ်ကောင်းတာပဲ.. အန်တီတာပြောတာလေးတွေ၊ ဆိုလိုချင်တာလေးတွေနဲ့ တိုက်ဆိုင်တယ်ဆိုရမလားပဲ...
း)

ဇနိ said...

စိတ်ကို အအား မပေးဘဲ - တခုခု အလုပ်ပေးထားရင် အထီးကျန်ချိန်တွေ နည်းသွားမယ် ထင်ပါရဲ့
(ထင်တာ ပြောခြင်းမျှသာ)

SDL said...

ရွာပြင်မရောက်ပါဘူး မသီတာ...
ဒိလောက်ချစ်သူ၊ ခင်သူတွေ ဝိုင်းဝိုင်းလည်နေတာ

မေအောင် said...

ရွာအပြင်မှာ ရွာသားတွေများလွန်းလို့
ရွာသစ်ကလေး ထူနေကြသတဲ့ကွယ်
ရွာနာမည်လေးတောင် ရှိသွားပေါ့
ဘာတဲ့ “ဘလော့ရွာ” ဆိုလား.......

သက်ဝေ said...

ဟား.... မသီတာ တစ်ယောက်
ဘာတွေ အတွေးနက်ပြီး ဘာတွေခံစားနေသလဲ...
ဒီဘလော့ဂ်ရွာမှာ အထီးကျန်တာမရှိဘူး...
သူငယ်ချင်းတွေ အားလုံး မသီတာအနားမှာ ရှိနေတယ်လို့သာ တွေးနေပါလေ...
ချစ်ခင်စွာဖြင့်
သက်ဝေ

sonata-cantata said...

ဘလော့ရွာသူ၊ ရွာသား အပေါင်းတို့ )))
ဘလော့ဂ်ရွာသူ တစ်ဦးဖြစ်သော မသီတာ တစ်ယောက် အသင်တို့ အားလုံး၏ ဘလော့ဂ်မ,ကြည့်ရှုခြင်းကြောင့် ကယောင်ကတမ်း, ကမူးရှူးထိုး, ကပေါက်ချိ ကပေါက်ချာ, ကယောက်ကယက်, ကတုန်ကယင် အခြေအနေမှ ကျော်လွန်သွားပြီ ဖြစ်ကြောင်း
လေးစားစွာ အသိပေးအပ်ပါသည် ခင်ဗျား ..အဲ...ရှင့် )))

pandora said...

you will never blog alone. တဲ့..