“လူ့ဘဝဆိုတာ ရေးထားပြီးသား စာအုပ်တစ်အုပ်လိုပဲ။ ဘဝမှာ ဘာတွေဖြစ်မယ်ဆိုတာက ရေးထားနှင့်ပြီးသား။”
“ဘဝဆိုတာက ဇာတ်ဆရာ အလိုကျ ကရတဲ့ ရုပ်သေးတစ်ရုပ်လိုပါပဲ။”
“ဘဝဆိုတာက လောင်းကစားပွဲတစ်ခုလိုပဲ… ထွက်ချင်တဲ့ ဂဏန်းထွက် မှာပဲ။ ထွက်လာတော့မှ ဟိုဟာ… ဒီဟာ အကြောင်းပြ ကြရတာ။”
“ဘဝမှာ ကောင်းတာဖြစ်ဖြစ်, ဆိုးတာဖြစ်ဖြစ် ဘုရားသခင် အလိုတော်အတိုင်း ဖြစ်ရတာပဲလို့ ဖြေသိမ့်ရတယ်။”
“အထက်ပုဂ္ဂိုလ်များ မ,လို့သာ ဖြစ်ရမယ်။ ထင်တောင် မထင်ထားဘူး။”
“မင်းဟာ မင်းဘယ်လောက် လုပ်လုပ်… သူဖြစ်ချင်မှ ဖြစ်မှာ။ ဘာမှ အစိုးရတာမှ မဟုတ်ဘူး။”
“ရောဂါတစ်ခုရလာရင် လူကြားထဲ ထုတ်ပြောရမှာ ရှက်ပါတယ်။ ကိုယ်အတိတ်က ဘယ်လို မကောင်းမှုတွေ လုပ်ခဲ့တယ်ဆိုတာ အထုပ်ဖြေပြသလို ဖြစ်နေလို့။”
“သေနေ့စေ့နေတော့ ဘယ်လောက်ပဲ ဆေးတွေကုကု၊ ယတြာတွေလုပ်လုပ်၊ ဘယ်ရပါ့မလဲ။”
“သူ့ဆန်စားမှတော့ ရဲရတော့မပေါ့။ ကျုပ်က လုပ်ချင်လို့ လုပ်တာမဟုတ်ပါဘူး။”
“ခေတ်ကြီးကိုက ဆုတ်ကပ်။ လုပ်နေလို့ကော ဘာများ အကျိုးထူးဦးမှာလဲ။”
“ဒင်းတို့ ဒီလောက် ဘုရားတရားသံဃာ စော်ကားနေတာတောင်… မိုးကြိုးက မပစ်နိုင်ဘူး။ ကြီးပွားရင်းသာ ကြီးပွား နေကြတယ်။”
“ကောင်းတယ် ဆိုးတယ်ဆိုတာက ပညတ်ချက်တွေ။ လူဘဝဆိုတာက တိုတိုလေး၊ နေရတုန်းပျော်အောင်သာနေ။”
**** ****
မကြာခဏ ပြောဖူးနေကြ၊ ကြားဖူးနေကြ စကားများပင် ဖြစ်မည်။ ဒဿနဆရာတစ်ဦး မဟုတ်သော်လည်း ဖြစ်ရပ်များ၏ အကြောင်းရင်းများကို စဉ်းစားဖူးကြပေလိမ့်မည်။ ထိုအကြောင်းပြချက်များတွင် “ဘာလုပ်သင့်သလဲ”ဟူသော မေးခွန်း၏ အဖြေတို့ ပါဝင်နေလိမ့်မည်။ သို့မဟုတ် “ဘာလုပ်သင့်သည်” ဟူ၍ ဆုံးဖြတ်မရနိုင်လောက်အောင် တွေဝေမှုများ ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။ ဤစကားအများစုတွင် ဗုဒ္ဓဘာသာဝင်များ ပြောလေ့ရှိသော စကားများလည်း ပါဝင်သည်။ သို့သော် ဗုဒ္ဓ၏ တရားတော်အရ မည်သည့် အတိုင်းအတာအထိ မှန်ကန်ပါသနည်း… ။ အမြင်မှန်ကန်ခြင်းအား သမ္မာဒိဋ္ဌိဟုခေါ်သည်။ သမ္မာဒိဋ္ဌိ အဆင့်ဆင့် ရှိသည့်အနက် အခြေခံ အကျဆုံးဖြစ်သော ကမ္မဿကတ သမ္မာဒိဋ္ဌိဖြင့်ပင် ထိုမေးခွန်းတို့၏ အဖြေကို ပေးနိုင်ပါလိမ့်မည်။
‘ကမ္မ’ သည် အကောင်းအဆိုးများအား ပြုလုပ်ခြင်း၊ ‘သက’သည် ကိုယ်ပိုင်ဥစ္စာဟု အဓိပ္ပါယ်ရသည်။ ကမ္မဿကတအမြင်သည် “မိမိတို့ပြုလုပ်သော အမှုများအား မိမိတို့ ပိုင်ဆိုင်သည်” ဟူသော အမြင်ဖြစ်သည်။ တနည်းဆိုလျှင် မိမိတို့၏ အပြုအမူများအပေါ် ‘တာဝန်ယူစိတ်ရှိခြင်း’ ပင်ဖြစ်သည်။ လောကတွင် တာဝန်ရှောင်သော အမြင်များ၊ အတွေးအခေါ်များက ထုနှင့်ထေး ဖြစ်သည်။ ထိုသို့သော တာဝန်ရှောင်သည့် အမြင်များ လွှမ်းမိုးလာပါက၊ ထိုအမြင်များအား နှစ်သက်စွဲလမ်းနေကြပါက “မိမိတို့ လုပ်သင့်သည်တို့အား လုပ်ဆောင်ရန်၊ မလုပ်သင့်သည်တို့အား မလုပ်ရန်အတွက် ဆန္ဒနှင့် ကြိုးပမ်းအားထုတ်မှုတို့ ဖြစ်ပေါ်မလာနိုင်။ လုပ်သင့်, မလုပ်သင့်ကိုလည်း မှန်ကန်စွာ မသိမြင်၍၊ သတိထား စောင့်ထိန်းခြင်းလည်း ပြုမည် မဟုတ်တော့။” ထို့ကြောင့် ဤသို့ တာဝန်ရှောင်သော အယူဝါဒများအား ငြင်းပယ်ရမည်ဟု ဗုဒ္ဓဝါဒက ခံယူသည်။
ဧရာ(မန္တလေး)
စာညွှန်း။
အံ-၃-၆၂၊ မဟာဝဂ်-တိတ္ထာယတနသုတ်
5 comments:
တုိတုိနဲ႔ ထိမိပါေပတယ္ ကိုဧရာ။ ရွင္းကနဲ၊ ကြင္းကနဲ ပဲ။
>>>‘ကမၼ’ သည္ အေကာင္းအဆိုးမ်ားအား ျပဳလုပ္ျခင္း၊ ‘သက’သည္ ကိုယ္ပိုင္ဥစၥာဟု အဓိပၸါယ္ရသည္။ ကမၼႆကတအျမင္သည္ “မိမိတို႔ျပဳလုပ္ေသာ အမႈမ်ားအား မိမိတို႔ ပိုင္ဆိုင္သည္” ဟူေသာ အျမင္ျဖစ္သည္။ တနည္းဆိုလွ်င္ မိမိတို႔၏ အျပဳအမူမ်ားအေပၚ ‘တာ၀န္ယူစိတ္ရွိျခင္း’ ပင္ျဖစ္သည္။ <<<ကံ၊ ကံ၏ အက်ဳိးကုိ သက္၀င္ ယုံၾကည္ျခင္း ဆုိတာနဲ႔ ၀ာာ၀န္ယူစိတ္ရွိျခင္းဆုိတဲ့ ေ၀ါဟာရနဲ႔ က်ေနာ္တခါမွ ဆက္စပ္ၿပီး မေတြးမိခဲ့ဘူး။ အခုေတာ့ ဒက္ကနဲ ပဲ။
တန္ဖိုးရွိတဲ့ post ေလးတစ္ခုကို ဖတ္ရတာ ေက်းဇူးတင္ပါတယ္။
“တာ၀န္” သိျခင္းဟာ ယဥ္ေက်းမွ ုျမင့္မားတဲ့ လူသားတို ့ရဲ ့လက္စြဲတရားတစ္ခုျဖစ္မယ္ ထင္ပါတယ္။
I not agreed the blue print with italic " " sentences.
But I fully recommend the followed words, sentences and paragraph.
‘ကမၼ’ သည္ အေကာင္းအဆိုးမ်ားအား ျပဳလုပ္ျခင္း၊ ‘သက’သည္ ကိုယ္ပိုင္ဥစၥာဟု အဓိပၸါယ္ရသည္။ ကမၼႆကတအျမင္သည္ “မိမိတို႔ျပဳလုပ္ေသာ အမႈမ်ားအား မိမိတို႔ ပိုင္ဆိုင္သည္” ဟူေသာ အျမင္ျဖစ္သည္။ တနည္းဆိုလွ်င္ မိမိတို႔၏ အျပဳအမူမ်ားအေပၚ ‘တာ၀န္ယူစိတ္ရွိျခင္း’ ပင္ျဖစ္သည္။
It is so clear for me.
thank you very much for posting.
I not agreed the blue print with italic " " sentences.
But I fully accepted and recommend the following words, sentences and paragraph.
‘ကမၼ’ သည္ အေကာင္းအဆိုးမ်ားအား ျပဳလုပ္ျခင္း၊ ‘သက’သည္ ကိုယ္ပိုင္ဥစၥာဟု အဓိပၸါယ္ရသည္။ ကမၼႆကတအျမင္သည္ “မိမိတို႔ျပဳလုပ္ေသာ အမႈမ်ားအား မိမိတို႔ ပိုင္ဆိုင္သည္” ဟူေသာ အျမင္ျဖစ္သည္။ တနည္းဆိုလွ်င္ မိမိတို႔၏ အျပဳအမူမ်ားအေပၚ ‘တာ၀န္ယူစိတ္ရွိျခင္း’ ပင္ျဖစ္သည္။
Thank you very much for share.
Bino
Post a Comment