မိတ်ဆွေ သင် စိတ်ကူးယဉ်ဖူးပါသလား
Saturday, January 9, 2010
ဘလော့ဂ်တာ...(၁၀)
လှသော ဘလော့ဂ်...
ယဉ်ဖူးပါတယ်ဆိုရင် ထပ်မေးပါရစေဦး
သင့်စိတ်ကူးတွေကို အိပ်မက်ထဲမှာ မြင်ဖူးပါသလား
သင့်ကို သင့်ကိုယ်သင်ထက် သိနေတဲ့သူ တယောက်ယောက်
သင့်အနားမှာရှိနေမယ်ဆိုရင် ကျေနပ်နိုင်ပါ့မလား
သင့်ရင်ထဲကအကြောင်းတွေ၊ စိတ်ကူးတွေ၊ ဆန္ဒတွေ
တစုံတယောက်ကို တိုင်တည်ခွင့်ရနေတယ် မဟုတ်လား
သင်ဟာ ကံထူးသူပါ မိတ်ဆွေ
သင်ဟာ ကာလသုံးပါးမှ ကင်းလွတ်ခွင့်ရသူ ဖြစ်သလို
ချစ်ခြင်း မုန်းခြင်းမှလည်း အနားရပေတယ်
အလှတရားတွေက လေပြေညှင်းလို သင့်ရင်ထဲ တိုးဝှေ့ဝင်လာတတ်ကြသလို
အသိတရားတွေကတော့ သင့်နှလုံးသားကို ခြေကုပ်ယူလို့ ဖူးပွင့်ကြတယ်
သင့်ကို အဆီးအတား အပိတ်အပင် လုပ်တတ်တဲ့ ဘောင်ကို
သတိတရားဆိုတဲ့ သော့နဲ့ ကြိမ်ဖန်များစွာ ကျော်ဖြတ်နေတာကိုတော့
ဝမ်းနည်း ဝမ်းသာ ဖြစ်မိပါရဲ့
ဒါပေမဲ့လေ
တနေ့နေ့ တချိန်ချိန်မှာများ
သင်ဟာ နယ်နိမိတ်တို့နဲ့ သက်ဆိုင်မှုမရှိတော့တဲ့ အခြေကို ရောက်ခဲ့ရင်
ဘယ်အရာကိုများ ဦးခိုက်လေမလဲ ဆိုတာသာ
သိချင်စမ်းပါရဲ့
မသီတာ စာ တိုစိစိ လေးတွေ ဘလော့ဂ်မှာရေးတယ်။ ဆိုလိုချင်တာကို မပေါ်လွင်တာတွေရှိတယ်။ စိတ်ထဲ ပေါ်လာတာတွေ ရေးချတာ အမှန်ပေမဲ့ ပျင်းတာရော ဖျင်းတာရောကြောင့် တခါတခါ မြှုပ်ကွက်တွေ များနေသလိုလို၊ စေတနာ ရာနှုံးပြည့်မပါသွားသလို ခံစားရတယ်။ အခုလည်း ရေးချလိုက်ပြန်တယ်။ မပြည့်စုံတဲ့ ကွက်လပ်တွေကို ဖြည့်ဖို့ ကြိုးစားရင်းက ထွက်ပေါ်လာတဲ့ ကွက်လပ်တခု လို့ ဝန်ခံရင်း ဆက်လက် ဘလော့ဂင်း ပါဦးမယ်။
Subscribe to:
Post Comments (Atom)
10 comments:
ဖြည့်စရာမလိုတဲ့ ဒီကွက်လပ်လေးကို ခိုက်သွားတယ်။
လှသော ဘလော့ဂ်တဲ့...ပြောချင်တာတွေ ဝေမျှချင်တာတွေ အကြောင်းအရာ များစွာရှိနေတဲ့ သူငယ်ချင်းဆီက စာတိုပေစဖြစ်နေရင်တောင်... ဆင့်ပွားတွေးယူစရာတွေက ရှိနေတာပါပဲလေ..။ စိတ်ကူးယဉ်တာကို အိပ်မက်ထဲမှာ ပြန်မြင်ခွင့်ရသတဲ့...ဟုတ်လိုက်တာ..
လှတယ် အဲလို စာလှလှရေးတတ်ချင်ထှာ
ပြီးတော့ ကိုယ်ကြုံတွေ့ဖူးတာလေး အကြောင်းခင်မင်ရင်းနှီးရာတွေ ကိုပြန်ပြောချင်တယ်
ဒီလိုနဲ့ပဲ..သီးခြားကမ္ဘာလေးတခုဖြစ်တဲ့ ဘလော့ဂင်းခြင်းဘ၀ လေးကို ခုံခုံမင်မင် မြတ်နိုးတွယ်တာနေမိတော့တယ်
ထပ်တူထပ်မျှပါပဲ..
အင်းနော်.... ဘယ်အရာကိုများ ဦးခိုက်လေမလဲ ... သိချင်သား......
ရေးသာရေးပါ ..ဘယ်လိုဖြစ်ဖြစ် ဖတ်ရဖို့ အဓိကပါပဲ။
ကွက်လပ်မရှိတဲ့ လစ်ဟာမှုမရှိတဲ့ တွေးစရာတွေအများကြီးပေးသွားတဲ့ ဒီကဗျာလေးအတွက် ကျေးဇူးပါ မရေ
မသီတာရေးတာကိုလည်း လာဖတ်ပါတယ် =)
ကဗျာလေးကောင်းတယ်။ ၂ခါဖတ်သွားတယ်။
Post a Comment