လောကလူ့ရွာ ပျင်းသူမှာ
ပညာဘယ်က ရအံ့နည်း။
ပညာမဲ့က လူ့အောက်ကျ
ဥစ္စာ ဘယ်တော့ရအံ့နည်း။
ဥစ္စာမွဲတေ ဆင်းရဲချေ
မိတ်ဆွေ ဘယ်တော့ရအံ့နည်း။
မိတ်ဆွေမရ လူ့ဘဝ
သုခ ဘယ်တော့ရအံ့နည်း။
သုခယွင်းယို ဆင်းရဲပို
ကုသိုလ် ဘယ်တော့ရအံ့နည်း။
ကုသိုလ်ကလျော့ သဒ္ဓါပျော့
နိဗ္ဗာန် ဘယ်တော့ ရအံ့နည်း။
နိဗ္ဗာန်မရ သံသာရ
ဒုက္ခဘယ်တော့ ဆုံးအံ့နည်း။
ယဉ်ကျေးမှုသင်တန်းတက်နေတဲ့ ရေစင်၊ ကျောင်းက ဆရာတော် (လောကနီတိမှ)သင်ပေးလိုက်တာကို အိမ်မှာ ပြန်ဆိုနေတာပါ။
4 comments:
(လောကလူ့ရွာ ပျင်းသူမှာ ပညာဘယ်က ရအံ့နည်း.. )၁၀၀ ခေါက်လာရွတ်ပါတယ်။ ပျင်းပျင်းနေလို့း))
သားရေ... သားဆိုတဲ့ ကဗျာလေး အန်တီ့ ကလေးတွေအတွက် ယူသွားတယ်နော်...
အန်တီ tg
ဇွန်လည်း ရေစင်နဲ့အတူ လိုက်ရွတ်သွားပါတယ်။
တနေ့ ၃ခေါက်လောက်ရွတ်ရမယ့်ကဗျာလေးပဲ.. တမိသားစုလုံးအတွက် လာယူသွားပါတယ်ကွယ်။
Post a Comment