Saturday, May 28, 2011

သံယောဇဉ် နှောင်ကြိုးမျှင်လေးတွေ...

ဤစာမျက်နှာ၏ ညာဖက်စွန်းတနေရာကို လှိမ့်ဆင်း၍ ကြည့်လိုက်ပါ။
သို့/ ……………… မှ / S – C ဆိုတာကို တွေ့ပါလိမ့်မယ်။
S – C နဲ့ ချိတ်ဆက်ထားတဲ့ နှောင်ကြိုးမျှင်လေးတွေပါ။
အချို့သော ကြိုးလေးတွေက မလှုပ်မယှက်နဲ့ အသည်းယားအောင် လုပ်နေကြသလို…
အချို့သော ကြိုးစတွေက ပြတ်တောက်လို့ မစိမ်းပင် အသွင်ဆောင်နေကြတယ်။
ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲ ဖြစ်ဖြစ်
ခံစားကြည့်ရင် မြင်ရမယ်…
ကြိုးစလေးတွေမှာ အရောင်တွေ တလက်လက် တောက်နေတယ်
သံယောဇဉ်...တဲ့။

သံယောဇဉ်ရောင်က...
သက်တန့်ရောင်လို ခုနစ်စဉ်တန်းနေသလား
ပန်းနုရောင် သက်သက်လေလား
ပြာလဲ့လဲ့ မိုးကောင်းကင်လိုလား
စိမ်းဖန့်ဖန့် ပင်လယ်ကြီးလိုလား
မှိုင်းညို့ညို့ တောင်တန်းတွေလိုလား
မှုန်ပြာရီ မြူခိုးငွေ့လိုလား
ဖြူလွှလွှ နှင်းပွင့်လေးတွေလိုလား
နေခြည်နွေးနွေးအောက်မှာ ခုန်ပေါက်နေတဲ့ မိုးစက်လေးတွေလို ကြည်တောက်နေသလား
ဆိုတာ…
*****
S-C ကို Google က Reported Attack Page လို့ ဟောသလိုကြီး ကြေငြာလိုက်လို့..

FB မှ ကူးလာသည်။
Thet Wai ဟမ်... ခုလေးတင်ပဲ ကော်မန့် ဝင်ရေးခဲ့သေးတယ်... ရပါတယ်...
Sunday at 1:37am · Like
Theingi Nwai ဟုတ်တယ်..အဲလိုကြီးပေါ်နေတယ်..နောက် ရောက်သွားတော့လည်း invited reader only ဆိုလို့ စိတ်မကောင်းဖြစ်ပြီး ပြန်လာရတာ...း(
Sunday at 1:45am · Like
Sonata Cantata Blog Lists ပြန်ထည့်ပြီး သို့/ ...... မှ/ S -C လို့ ခေါင်းစဉ်တပ်...သံယောဇဉ် ကြိုးမျှင်လေးတွေလို့ ပို့စ်တင်လိုက်တာ... မကြာဘူး အပေါ်က ပုံပါအတိုင်း ဖြစ်သွားလို့ ပြန်ဖြုတ်ထားတာ ... သက်ဝေရေ
Sunday at 1:46am · Like
Sonata Cantata အဲ့ဒါနဲ့ ဟိုလျှောက်လုပ် ဒီလျှောက်လုပ် ... ပိတ်လိုက် ဖွင့်လိုက် လုပ်... ရူးပြီ
Sunday at 1:47am · Like
Sonata Cantata ဒါ စိုင်းစိုင်းခမ်းလှိုင်ကြောင့် ဖြစ်မယ်... ပရိတ်သတ်ကြီးရယ်... ကျနော့်ကို သနားပါဆိုတဲ့ သူ့သီချင်း နားထောင်နေမိလို့လေ...;P
Sunday at 1:49am · Like
Naw Phaw မရေ...ဒီမှာလည်းရတစ်ချက်မရတစ်ချက်....
Sunday at 3:46pm · Like
Ming Pauk ဘယ်လိုဖြစ်လို့လဲ..မသီတာ
Monday at 12:43am · Like
Sonata Cantata မဲဝဲလို့ ထင်တာပဲ ပေါက်ရယ်...ဒီက ပို့စ်တွေ တင်ပါတော့မယ်ချိုမှ ;P
Monday at 3:22pm · Like
Peach Mon ဟိုမှာမရခင်စပ်ကြား ဒီမှာပဲ တင်လိုက်လေ..
Yesterday at 12:55am · Like
Sonata Cantata မနေ့က အဲ့လို စိတ်ကူးပြီး ရေးသေးတယ်... အဆုံးမသတ်နိုင်လို့ သိမ်းထားလိုက်တယ်။ ဘလော့ဂ်ကို ပြင်ကြည့်လိုက်ပါဦးမယ် မွန်ရေ...
*****
http://www.linhtet.net/2011/02/reported-attack-page.html ဖတ်ပြီး S-C ရဲ့ ကျန်းမာရေးကို ပြန်လည် တည်ဆောက်ယူနိုင်ခဲ့ပါတယ်။

11 comments:

kay said...

မသီတာ.. အင်စတောလေးရှင်း လုပ်နေတာပဲ..း)

ကျမ က တော့..မစိမ်းပင် ဟုတ်ဘူးနော်.. ရေမလောင်းမိ တဲ့ အခါ..နည်းနည်းလေး..၀ါရော် သွား တာပါ..။

မ.. ကို.. တွေ့ဖို့ ၂ နေရာပဲ ရှိတာ.. ဟိုမှာ မတွေ့လို့... ဒီမှာ.. လာနှုတ်ဆက်သွားတယ်..။ ဆရာကိုဧရာဝတီ ကို လည်း..နှိုး လိုက်ပါအုံး.. ( ဘလော့စပေါ့ ကြီး..ငလျင်လှုပ်နေပြီ.. ထ..ထ.. လို့.. )
:D

Sonata Cantata said...

ကေရေ..မဲဝဲတုန်းက ဖြုတ်သိမ်းထားရတာလေ...
ကိုဧရာက ပြန်တပ်ခိုင်းနေတာကြာပြီ
ဒီက မတပ်သေပဲ ဖြတ်ကြည့်တာ...သံယောဇဉ်

seesein said...

ဖြတ်လို့ မပြတ်တဲ့ကြိုးကြီးကို အတင်းဖြတ်မနေပါနဲ့လေ

ခင်မင်တဲ့
seesein

Sonata Cantata said...

တစ်နာရီ..တစ်နာရီ မလပ်ဘူးးးး ဆိုပြီး ရွှေမန်းတင်မောင် အသံနဲ့သာ ဟဲလိုက်ချင်ပါတော့တယ် စည်းစိမ်ရေ

သက်ဝေ said...

သို့/ ……………… မှ / S – C ဆိုတာ တွေ့လဲ မတွေ့ဘူး... ရှာလိုက်ရတာ မောသွားပြီ... ကော်ဖီဖျော်တိုက်ပါ သီတာ... (ဇွတ်...)

Anonymous said...

သံယောဇဉ်ဆိုပြီး
ညတုန်းက
invited reader only နဲ့
ဖြတ်တောက်ထားပြီးတော့။


သတိယနေကြောင်း ခြေရာလေးတွေအရ သိရပါတယ် မသီတာ

Anonymous said...

reall romantic..


www.baydinmaykyamae.blogspot.com

အိမ့်ချမ်းမြေ့ said...

သတိရလို့ မလေး လာတယ်..
သံယောဇဉ်..း))

Anonymous said...

မနေ့က
အပြုံးပန်း ဘလော့ဂ်ကို ၀င်ဖတ်တဲ့သူက
S-C မှာ ဗိုင်းရပ်စ်ရှိနေတယ်လို့ ဂူဂဲလ်က ပြောတယ်တဲ့။

Sonata Cantata said...

ဟုတ်တယ် အပြုံးရေ...
Blog List ကို ပြန်ဖြုတ်။ မဲဝဲ စစ်။ မရှိဘူးဆိုမှ Google ကို report လုပ်။ http://www.linhtet.net/2011/02/reported-attack-page.html က ရေးထားတဲ့ အဆင့်တွေအတိုင်းလုပ်လိုက်မှ အဆင်ပြေသွားတာ...

Sonata Cantata said...

CBox မှ
28 May 11, 13:18
kom: တို့ကတော့ဟိုနားမြင်ရ ဒီနားမြင်ရနဲ့ မျက်စေ့နောက်သူတွေနောက်ကြပါပီကွယ်။
28 May 11, 14:53
ပန်းချီ: ရောက်ခဲ့ပြန်ပါတယ် မမ.. နေကောင်းပါစ.. :exercise
28 May 11, 16:31
mm: မသီတာ ၀ဲပြန်စွဲနေပြီထင်တယ်..ပြန်စစ်အုံး
28 May 11, 17:41
S-C: အခုလေးတင် မမKOM သွားတတ်တဲ့နေရာက ပြန်လာတာ...ဟိုနားတွေ့နိုး..ဒီနားတွေ့နိုးနဲ့...ကြည့်လိုက်ရတာ ကျီးကန်းတောင်မှောက်
28 May 11, 17:42
S-C: ပန်းချီရေ...ကောင်းပါတယ်ရှင်...ပို့စ်တွေ ဘာတွေ တင်နိုင်တာသာကြည့်တော့...းD
28 May 11, 17:44
S-C: mm> ဟုတ်ပါ့အေ...သူများ လိမ်လိမ်မာမာ ဘလော့ဂ်ရေးနေတာကို ဖျက်လို့ဖျက်ဆီး လာလုပ်နေတယ်။ (ဘလော့ဂ် ပိတ်ထားသူများကို မိုက်တယ်ဟု ပြောလိုက်ခြင်း)
29 May 11, 06:38
seesein: မီးနီနဲ့တွေ့နေတာ ကြောက်ကြောက်နဲ့ဖြတ်လာတယ်
29 May 11, 07:51
အပြံးပန်း: မင်္ဂလာနံနက်ခင်းပါ မသီတာနှင့် မိသားစု။
29 May 11, 16:55
S-C: ဟုတ်တယ် စည်းစိမ်ရယ်... မီးပွိုင့်ပျက်နေတာ ပြင်တတ်သေးဘူး
29 May 11, 16:58
S-C: အပြုံးနဲ့အဖော်မွန်ဟိုလူရေ... မင်္ဂလာပါရှင်...း)
30 May 11, 17:24
mm: မ၀င်ရဘူး တားနေတဲ့ကြားက လွမ်းလွန်းလို့ အသက်စွန့်ပြီး အတင်းကိုဝင်လာတာ.. (ချွဲတာ..အဟိ)
30 May 11, 20:38
S-C: ဘယ်သူများ လာချွဲမလဲလို့ အသက်စွန့်ပြီး ၀င်ဝင်ကြည့်ရတဲ့ အဖြစ်...
30 May 11, 20:40
S-C: Reported Attack Site တဲ့..ဘာတွေဖြစ်နေတာလဲ..ဘယ်လိုလုပ်ရမလဲ သိရင်ပြောကြပါကွယ်...