မသီတာ ဘလော့ဂ်ကနေ နယ်ကျွံပြီး ဖေ့ဘွတ်ပေါ်ရောက်နေပါတယ်။ (လူရမ်းကားတစု ပြန်ပေးဆွဲသွားလို့တော့မဟုတ်ပါဘူး။) ဖေ့ဘွတ်ဆိုတော့ မျက်နှာမြင်ရတာပေါ့။ (ကလေးမွေးခြင်း မဟုတ်ပါ။) ကိုယ်ချစ်တဲ့ ခင်တဲ့ သူတွေရဲ့ ဓာတ်ပုံလေးတွေ ကြည့်ပြီး၊ ငယ်ငယ်က အမေပြောပြဖူးတဲ့ အဖြစ်အပျက်လေးတခုက စကားလုံးလေးတွေ မသီတာ့ရင်ထဲ ရောက်ရောက် လာတော့တာပါပဲ…။
ပုံပြင်လေးက…
တကယ်တော့…တကယ့်အဖြစ်အပျက်ပါ…။
အဖေတို့ အမေတို့ရွာနားမှာ ချမ်းသာတဲ့သူတွေ အများကြီးရှိတဲ့ ရွာကြီးတရွာရှိတယ်…တဲ့။
အဲ့ဒီရွာကြီးက မိသားစုလေးတစုအကြောင်း… တစေ့တစောင်းပေါ့။
သူတို့ ကြွယ်ဝမှုပြယုဂ်တခုကို ထုတ်နှုတ်ပြရရင်…
ရွှေတိဂုံဘုရားကြီးရဲ့ အနောက်ဖက် စောင်းတန်းမှာ xxxခရိုင် xxxကျေးရွာနေ၊ ဦးxxx ဒေါ်xxx သားxxx သမီးxxx မြေးတစု ကောင်းမှု ဆိုပြီး ကမ္ဗည်းထိုး လှူဒါန်းထားတဲ့ အကန့်ကို လှေကားအခြေပိုင်းနားလောက်မှာ တွေ့နိုင်တယ်။
အဲ့ဒီ အလှူရှင် အမယ်ကြီးဟာ အသက်ကြီးလာတော့ စိတ်နောက်သွားရှာတယ်။ သူစိတ်နောက်ပုံက ညင်ညင်သာသာလေး… သူ့ဖာသာသူ စကားတွေ ပြောနေတာ…
“ကိုစန်းမြင့်ကလည်း ချော…
အေးမောင်စန်းကလည်း ချော… မစန်းနွဲ့လည်း ချော…”
(ကိုစန်းမြင့် ဆိုတာ သူ့သား၊ အေးမောင်စန်းတို့ မစန်းနွဲ့တို့ ဆိုတာ သူ့မြေးတွေ…)
အဲ့လိုလေး ပြောနေတတ်တာပါပဲ…။
မိဘဆိုတာ သားသမီးတွေကို ချစ်လွန်းလို့ အသိဉာဏ်တွေ ကမောက်ကမ ဖြစ်သွားတဲ့ အချိန်မှာတောင် ကိုယ့်သားသမီးတွေကို ချစ်တဲ့စိတ်နဲ့ အကောင်းမြင်နိုင်နေကြတာပါ။ အကောင်း ဆိုတာက အမှန်ဖြစ်ချင်မှ ဖြစ်ပါတယ်။ လူရယ်လို့ ဖြစ်လာရင် ဘဝတန်ဖိုးရှိအောင်၊ အမှန်မြင်နိုင်အောင် ကြိုးစားကြရပါတယ်။ အရာရာမှာ အမှန်မြင်ဖို့ဆိုတာကလည်း တော်တော်မလွယ်တဲ့ အရာပါ။ ဒီတော့ ဘဝခရီးကို လျှောက်လှမ်းကြရာမှာ အကောင်းမြင်တတ်တဲ့ လမ်းကြောင်းကနေ အမှန်တရားဆီ ဖြေးဖြေးခြင်း ချဉ်းကပ်ရင် သက်သာလွယ်ကူတယ်လို့ တွေးနေမိပါတယ်။
မသီတာ့ အမေကလည်း သူ့သားသမီးတွေကို တော်တော်ချစ်ပါတယ်။ မိခင်တယောက်က ကိုယ့်သားသမီးကို ချစ်တာ အဆန်းမဟုတ်ပါဘူး။ ဒီလို ရိုးရိုးလေးရှိနေတဲ့ ဒဿနကပဲ… ဆန်းတာတွေ ကွန့်တာတွေ တခါတခါရှိတတ်ပါတယ်။ ဥပမာ - လုံချည် အဆင်တူကို မသီတာတို့ ညီအမတွေကလည်း ဝတ်ထားမယ်၊ အခြား ရွယ်တူမိန်းကလေးတွေလည်း ဝတ်ထားမယ် ဆိုကြပါစို့။ အဲ့ဒီအခါမှာ အမေက ငါ့သမီးတွေနဲ့တော့ ဒီအဆင်လေးက လိုက်တယ်… ဟိုသူများနဲ့ဖြင့် ကြည့်မကောင်းပေါင်လို့... မဲ့ကာရွဲ့ကာ ပြောလာပြီ ဆိုရင်ဖြင့် ကိုယ့်အမေကိုကိုယ် အမေ အစွန်းထွက်နေပြီလို့ သတိပေးဖို့လိုလာပါပြီ…။ ကိုယ့် အမေကို “အမေ မှားနေပြီ” လို့ ပြောရတာ အတော် တာဝန်ကြီးပါတယ်။ အပြောမတတ်ရင် တုတ်စာလည်း မိသွားနိုင်သလို၊ ငရဲလည်းကြီးသွားနိုင်ပါတယ်။ အဲ့လိုအခါမျိုးမှာ မသီတာတို့ မောင်နှမတွေ အမေကို တည့်တည့်ကြီး ပြောသလိုမျိုးလည်း မဟုတ်ပဲ၊ မထိတထိ “အေးမောင်စန်းကလည်း ချော… မစန်းနွဲ့က လည်းချော…” လို့ ရယ်ကျဲကျဲ ပြောလိုက်ကြရင် အမေလည်း သူ့အဖြစ်ကိုသူ သတိပြုမိပြီး၊ ပြုံးဖြီးဖြီးကြီး ဖြစ်သွားတော့တာပါပဲ…။
တလကိုးသီတင်းလောက် ဒီနေရာကို မရောက်နိုင်မှာမို့ ဘလော့ဂ်ရေးဖော်များနဲ့ စာဖတ်သူအားလုံးကို မသီတာ နှုတ်ဆက်ချင်ပါတယ်။ ဝေးနေစဉ်မှာ ဒီစကားလေးနဲ့အတူ အားလုံးကို သတိရနေပါမယ်…။
ဘလော့ဂ်ကလည်းချော… ဖေ့ဘွတ်ကလည်းချော… ______________ ကလည်းချော…။
(ကွက်လပ်နေရာမှာ ကိုယ့်နာမည်လေးကိုယ် ထည့်ရွတ်သွားပါ။)
အားလုံးကို ခင်မင်စွာဖြင့်
30 comments:
၁ 1 တစ် ဝမ်း အိချိ
မိုး
စာမဖတ်မှိီ ပထမ ၁ ကွန်မန့် မန့်ပြီးပြီး
အမ ဘာဖြစ်လို့ လဲ ?
နေမကောင်းတာလား ဒါမှမဟုတ်ခရီးထွက်ဖို့ လား အမ
သေချာမပြောဖူး
စိတ်ထဲကသိ ကသိဖြစ်အောင်လုပ်အမကတော့း)
ကိုယ်ရောစိတ်ပါအေးချမ်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး
အစ်မသီတာ ....ကတော့ အဲ့လို ဂျစ်တစ်တစ် လူလည်ကျတာလေးတွေက ချစ်စရာကောင်းတယ်ဗျ ။
မကြီးသီတာ ..
ချောတာတွေများလို့ ခြေလှမ်းသွားရင် သတိထားပါနော် =)
သတိရနေပါမယ်..
ရွှန်းမီ (ရေညှိတော)
ဲမြန်မာပြည် ပြန်မှာပါ မိုးရေ... စိတ်မပူနဲ့တော့နော်
မိုးကလည်း ချော... ရွှန်းမီကလည်း ချော...
မောင်မျိုးကလည်း ချော...း)
ဟိဟိ... ကောမက်ပေးတာ မသီတာကို ဘာပြောစေချင်လဲသိ :D
မောင်သန့်ကလည်း ချော...ဟိဟိ
မက်မက်ရေးဂရဲချော တီတီတာတာ (မသီတာ)
ဂရဲချော အားရုံးအားရုံးဂရဲချောချိုတော့
ခစ်ခစ် ကိုင်လို့တောင်မရတော့ :)
မက်မက်ကလည်း ချော...
ချောလို့မှတ်မိနေပြီး...တွေ့တော့ တန်းခေါ်တာပေါ့..:)
သြော်..ဂလိုကြောင့်ကိုး၊ ဟိုနေရာကို ရောက်,ရောက် နေလို့ ဒီနေရာမှာ ပျောက်,ပျောက် နေတာပဲ..၊း) ကွက်လပ်နေရာလေးမှာ ကိုယ့်နာမည်ကို ပီပီသသ ထည့်ရွတ် ပလိုက်တယ်..၊း) တမိသားစုလုံး ချောကြသလို ခရီးစဉ်လည်း အစဉ်ချောပါစေဗျာ...။
ကိုညီလင်းသစ်ကလည်းချော...
မအိမ်သူကလည်း ချော...
သားသားလေးကလည်းချော...
မအိမ်သူချောတာနဲ့ သားသားချောတာတော့ သေချာတယ်...
ကိုညီလင်းသစ်ချောမချောတော့ မသေချာဘူး...
အားနာလို့ ထည့်ရေးပေးလိုက်ရတာ
ပိတ်သတ်ကြီး ထောက်ခံတယ် မဟုတ်လားဝေ့
အစ်ကိုဧရာ ကိုလည်း ထည့်ပြောလိုက်ပါဦး မမသီတာ။ ကျန်သွားတယ်။
(ps အကြွေးဆပ်ပါမည်နော်)
အဲ့လူကြီး တမင်ချန်ခဲ့တာရီတာ...
ပို့စ်တပုဒ် သပ်သပ်ရေးပေးမလို့းD
blog facebook နှစ်ခုစလုံးမှာ ကိုယ်သာလျှင်ချော၊ ကိုယ့်အမျိုးသာလျှင်စက်စက်ယို၊ သူများကိုလည်း ပစ်ပစ်ခါခါ ဆိုတာမျိုး မတွေး၊မရေး၊မပြော၊မလိုက်ခ် မိအောင်သတိပေးတယ်လို့ ကိုယ်ဘာကိုယ်ယူဆပြီး... လိုက်နာပါ့မယ်... :P
စင်စင်
ပေါက်နဲ့ ခခ မချောကြောင်း သတင်းလာပေးတာပါ..။
ဟီးဟီ...
မချော နဲ့တော့ ရောကုန်တော့မှာပဲ၊
အကြွေးဆပ်မည့် ရီတာကလည်းချော...
ချစ်တဲ့ မျက်လုံးနဲ့ ကြည့်ရင် အားလုံးဟာ လှနေ ချောနေတယ် ဆိုတဲ့ သဘောကို ရေးချင်တာပါ...း)
စင်စင်က ဖြာထွက်ပြီး သိပ်တွေးတတ်တယ်...
ဒါကြောင့် စင်စင်ကလည်းချော...
ဘာမချောဘူးလဲ)))
ဆွေခန်း မျိုးခန်း ဖြတ်ချင်တဲ့ သဘောလားဟင်...ပေါက်
မရောပါဘူး
ကိုဆိုဆီကလည်းချော...တည်ငြိမ်အေးကလည်း ချော..ကဲ
စာပြန်ချင်တာ ...
ဈာန်သွင်းနေရသေးတယ်..။
ဖြစ်သလိုလဲ မပြန်ချင်..။
ပေါက်
မမသီတာကို နာမည်အလွဲသုံးသားလုပ်မှုနဲ့ တရားစွဲမှာဘဲ..
ကျွန်မနာမည်တွေ အများကြီးထည့်သုံးထားတယ်.. ဟိဟိ
ဖေ့ဘွတ်မှာကတည်းက ချောကြောင်း သတင်းပို့ပြီးပြီနော်..
အခု ဘလော့မှာ သတင်းပြန်လာပို့တာ..
မမသီတာတို့ သွားလမ်းလာလမ်း သာပါစေ.
ပြည်တော်ပြန်ခရီး အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်ရှင်..
ပြန်လာရင် ပိုစ့်လေးတွေ အများကြီးဖတ်ရဖို့ မျှော်လင့်ပါတယ်..
မွန်မွန်လည်းချော..မောင်ကြီးလဲချော..:D
mm
မသီတာချောတာတော့သိတယ်... မသီတာချောမှတော့ တမိသားစုလုံးလည်းချောပေါ့.နော်...
အို ကိုဧရာကြီးကလဲ ချော၊ မသီတာကလဲ ချော ဘလော့ကြီးကလဲ ချော ဘာဖြစ်သတုန်း ကိုယ့်ငါးချဉ်တွေမှို့ ကိုယ်ချဉ်တာ။ အစ်မပဲ ရေးတတ်လွန်းတယ်း)
ချောရေ ဒီတခါတော့ ခွင့်လွှတ်လိုက်ပါနော် အယူခံဝင်ပါရစေ... ချောကလည်း ချော...
မွန်မွန်နဲ့မောင်ကြီး... ခြင်ချော်လဲလမ်းတွင်နေသည်။
နောက်ထွက်မည့် လုံးချင်းဝတ္တုနာမည်...
mmက မကောက်တတ်လို့ စ တာနော်
မွန့်ဆံပင်လေးတွေကဆို ဖြောင့်စင်းနေတာပဲ သိလား ပိတ်သတ်ကြီး...:D
Rose တို့ တမိသားစုလုံးချောတာ... အမှန်တကယ်သိပါကြောင်း... :)
ဦးခြိမ့်ကလည်းချော...တီဆွိကလည်းချော...ဂျူဂျူလေးကလည်းချော...
မသီတာမှာ အမျိုးတွေ များတော့ ဟိုရွာက အမယ်ကြီးထက် အခြေအနေဆိုးသွားနိုင်တယ်...:P
ကွက်လပ်လေးဖြည့်လိုက်ပြီ မသီတာရေ ဘလော့ဂါတွေအားလုံးကလည်း 'ချော'း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကွက်လပ်ဖြည့် ပြီး ဆိုကြည့်လိုက်တယ်။ :))
အကိုဧရာလည်းချော၊အစ်မသီတာလည်းချော၊ရေချမ်းလေး
လည်းချော၊ရေစင်လေးလည်းချော....:)))
မမတင့်ကလည်း ချော...
ကိုAATOကလည်း ချော...ခင်ကလည်း ချော...
ကိုညိမ်းနိုင်ကလည်း ချော...ကိုမောင်လေးကလည်း ချော
I read the post only 2 persons commented.I didn't have time to leave comment and I'm the latest CHAW.......;D
Gyidaw
Gyidaw ကလည်း ချော..
ညီမလေး သီတာရေ...
အချောတွေ စုနေကြလို့.....
ဘယ်သူပြိုင်လို့ ချောပါတော့နိုင်.....
Post a Comment