Monday, September 1, 2014

Happy Blog Day 2014

စာမရေးဖြစ်တာ ကြာလို့ ချေးကပ်နေတဲ့ Sonata Cantata ရဲ့ သီတာအင်ဂျင်တခြမ်းကို (အခြား ဧရာဘက်ခြမ်းကတော့ သူ့ဖာသာသူ ပုံမှန်လည်ပတ်နေပါတယ်) ဘလော့ဒေးကျမှ အတင်းကာရော စက်ထနှိုးလို့ မီးခိုးတွေရော ဖုန်တွေရောနဲ့ Happy Blog Day လို့ ငယ်သံပါအောင် အော်လိုက်ပါတယ်…။ (အ ဟွတ် ဟွတ် ဟွတ် မီးခိုးမွှန်သွား)

“ကိုယ့်အကြောင်းတွေ ချည်းပဲ ရေးမနေနဲ့…” - ကိုဧရာ
“စာကို စကားပြောသလို ရေးနေကြတယ်” - စာရေးဆရာ တဦး
ဆိုတဲ့ ကန့်သတ်ချက်တွေက စာမရေးဖြစ်ခြင်းရဲ့ အကြောင်းအချက်များထဲက အချို့ပါ။ ခက်တာက ကိုယ်ကလည်း ကိုယ့်အကြောင်းပဲ ကိုယ် ရေးချင်တာ။ ရေးတတ်တာ။ တကယ်တော့ စာရေးတာနဲ့ စကားပြောတာဟာ ပုံစံအားဖြင့် မတူပါဘူး။ ဘလော့ဆိုတဲ့ online ပေါ်မှာ စာရေးတော့ စကားပြောသလိုပုံစံနဲ့ပဲ အများအားဖြင့် ရေးဖြစ်ပါတယ်။ မရေးတာ ကြာ။ ရေးလေ့ ရေးထ မရှိပြန်တော့လည်း ရေးလို့ကို မထွက်တော့ပါဘူး။

ဘလော့ဒေးအမှတ်တရ ဘလော့ဂါဘဝကို ရေးဖို့ မမတင့်က Facebookမှာ နှိုးဆော်ထားကတည်းက ကြိုးစားတာ ခါးတွေ ညောင်းလာလို့ ဆေးတွေသာ ရက်ဆက် လိမ်းလိုက်ရပါတယ်။ စာဖတ်သူများကို မျက်စေ့ညောင်း ခါးညောင်း ဖြစ်အောင် ဖတ်ရမည့် ပို့စ်တပုဒ်တော့ ထွက်မလာပါဘူး…:P

ဘလော့ဒေး အမှတ်တရအနေနဲ့ ရေးဖော် ရေးဖက် ဘလော့ဂါများ၊ စာဖတ်သူများ၊ Online ပေါ် စာရေးခြင်းကို အားပေးနေသည့် ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းများ အားလုံးကို ချစ်ခြင်း မေတ္တာများ ထောင့်ပေါင်းစုံမှ ပို့လွှတ်လိုက်ပါတယ်။

5 comments:

Anonymous said...

ခ်စ္လွ်က္ပါ မသီတာ။

တန္ခူး said...

လွမ်းတယ် မ ရေ...
ပြန်လာခဲ့ပါ...
အားငယ်တယ်...
Happy Blog Day!

ဇွန်မိုးစက် said...

Same to you par, ma ma Thida! :) Miss you!!!

Aunty Tint said...

ခါးအညောင်းခံ ဆေးလိမ်းပြီး ကြိုးစားသွားတယ်လို့ သိရတာနဲ့တင် ကျေနပ်သွားပါပြီ သီတာရေ.. တီတင့်လဲ စကားလုံးချောချောလေးတွေ မရေးတတ်တော့ ကိုယ့်အကြောင်းကိုယ်ကိုပဲ စကားပြောနဲ့ရေးလေ့ရေးထ ရှိတယ် သီတာ...နှစ်ပတ်ကြာပစ်ထားတဲ့ ဘလော့လေး ပြန်ဖုံခါပေးတဲ့ အတွက် ၀မ်းသာတယ် ပျော်တယ် ..

tg.nwai said...

သီတာ...သတိရနေတာ... နေကောင်းကြရဲ့လား။ သားကြီးသားငယ်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတယ်ထင်ရဲ့။ မိသားစုအားလုံးကျန်းမာချမ်းသာကြပါစေကြောင်း မေတ္တာပို့သလျှက်....