ငါ့အယူအဆ ငါယုံကြည်တာတွေက
ငါအလွယ်တကူ လက်မလွှတ်မယ့်
ငါ့ရဲ့ ဖြစ်တည်မှုတွေ…။
အသက်ကြီးလာတာနဲ့အမျှ
မကြာခဏလို ပြောနေရတာက
“ဟင်! နားမလည်ဘူး” ဆိုတဲ့ ဝန်ခံမေးခွန်းတွေ…။
Mind map, Flow chart
Reference တွေ တပွေ့တပိုက်နဲ့
အားထည့်ကာ ဘာလာလာ ရှင်းပြတော့
“အင်း… အင်း…” လို့ အချို့ကိုလည်း ခေါင်းညိမ့်
အခါများစွာမှာတော့ ပြန်အငြင်းထူ
“စာမဖတ်ဘူး” လို့
မင်း ငြူစူမယ် ဆိုလည်း သဘောပဲ
ကိုယ်က ထုဆစ်ဖို့ မလွယ်တဲ့သူ…။
တဝမ်းထဲတောင် တစိတ်တည်း မဖြစ်နိုင်တော့
ကန့်လန့်တွေတိုက်မိတာက
မင်း အပျင်းပြေဖို့သာ ရည်ရွယ်
ကိုယ်ဟာ မင်းရဲ့ ပြိုင်ဘက်ကောင်းမဟုတ်တာ
မင်းလည်းသိတယ် ကိုယ်လည်း အသိပါကွယ်…။
ဆိုသလောက် မကြမ်းသေးပေမည့်
အဆုံးထိ လှမ်းရမည့်ခရီးမှာ
ကိုယ့်ဒေါသတွေ
မင်းသည်းခံခြင်းမှာ အရည်ပျော်နေသေးသရွေ့
ကိုယ့်ရလဒ်က သုညဆိုလည်း ကျေနပ်တယ်
ကျေနပ်ပါတယ်…။
ဆန့် (ကျင်) ကြင် ဖက် လူ ကိုဧရာ အတွက် မွေးနေ့ အမှတ်တရ
2 comments:
အခုတော့ သူပုန်ထ အဲလေ ယောင်လို့ ဆန့်ကျင် ကုန်ကြပြီလားဗျို့ အမရဲ့ဆန့်ကြင်ဖက်ကြီး သက်တော်ကျော် သူပုန်ထနိုင်ပါစေ
ခင်မင်တဲ့
seesein
သိပ်တူနေရင် ပျင်းစရာ ကောင်းနေမလားလို့နော်....
Post a Comment