ကိုယ် ဆယ်ကျော်သက် အရွယ်လောက်တုန်းကပေါ့ ကိုယ့် အစ်မဝမ်းကွဲ မနှင်းက
‘ဒီစာအုပ်လေး ကောင်းတယ် ဖတ်ကြည’့် ဆိုပြီးပေးလာခဲ့တယ်။
ဂျူး ရဲ့ “အမှတ်တရ” ဆိုတဲ့ စာအုပ်လေးပေါ့..
မနှင်းကပြောလိုက်သေးတယ် ‘သူများ ဒိုင်ယာယီလေး ခိုးဖတ်ရသလိုပဲ’ တဲ့။
စာအုပ်ကိုဖတ်အပြီးမှာတော့ သူ့အပြောကို ကိုယ်ထောက်ခံခဲ့ပါတယ်..
...............
သူများ ဒိုင်ယာရီဆိုတော့လည်း ကိုယ့် ဒိုင်ယာရီမှ မဟုတ်ပဲ.. အကြောင်းအရာတွေကိုတော့ ကောင်းကောင်းမမှတ်မိတော့ပါဘူး.. ကိုယ် မှတ်မိနေတာလေး တစ်ခုက..ဂျူးက စာအုပ်ထဲမှာပြောထားတယ်.. ‘ဆေးကျောင်းသားတွေမှာ (၃)မျိုး (၃)စားရှိပါတယ်တဲ့.. ပထမတစ်မျိုးက ဆေးကျောင်းသားဘဝကတည်းက ဆရာဝန်ရုပ်ပေါက်နေတဲ့လူ..ဒုတိယတစ်မျိုးက ဆေးကျောင်းသားဘဝမှာ ဆရာဝန်ရုပ်မပေါက်သေးပေမဲ့.. ဆရာဝန်ဖြစ်တော့ ဆရာဝန်ရုပ်ပေါက်သွားတဲ့လူ နဲ့.. တတိယတစ်မျိုးကတော့.. ဆေးကျောင်းသားဘဝမှာရော ဆရာဝန်ဘဝမှာပါ ဆရာဝန်ရုပ်မပေါက်ကြတဲ့လူများပါတဲ့..မောင်ကတော့ ဒုတိယအမျိုးအစားထဲကပါ’ တဲ့။
ဆရာမဂျူးရဲ့ သရုပ်ခွဲပညာ အရေးအသားကို လေးစားမိသလို..
သြော်မိန်းမ..မိန်းမ..အငွေ့လေးဖြင့်ပင် ချစ်မိပြီဆိုရင်ဖြင့်..
ချစ်ရပါသည်။
မြတ်နိုးရပါသည်။
လေးစားရပါသည်။
တွယ်တာရပါသည်။
...............
ကိုယ် ဒိုင်ယာရီ ဘယ်တော့မှမရေးချင်တော့ပါဘူးကွာ..
ခိုးဖတ်ခံထိမှာ စိုးလှပါတယ်...
(blog တွေမှ ခိုး၍ဖတ်စရာမလိုသော ဒိုင်ယာရီများကို ဖတ်ရင်း ပွားများမိရသော မေတ္တာ၊ ကရုဏာ၊ မုဒိတာဖြင့်...)
1 comments:
….ဒိုင်ယာရီလေး တစ်အုပ်လား.
….သရုပ်ခွဲပညာပေးလား
ခွဲခြားနိုင်ဖို့
များများရေးပါ…
Post a Comment