အသံတွေ ကြားနေရတယ်
ဘာသံတွေလဲ
အသံတွေ ကြားနေရတယ်
...............
မမတို့များ အားကျတယ်။ အမြဲတမ်း အေးဆေးပဲ။
ငယ်သူများထံမှ ကြားရသည့် အသံဖြစ်သည်။
သီတာတို့များ ကုသိုလ်ထူးပါ့။ မနာလိုတောင်ဖြစ်တယ် ဟွန်း။
ရွယ်တူများထံမှ ကြားရသည့် အသံဖြစ်သည်။
ငါ့တူမကြီးတို့များတွေ့ရတာ စိတ်ချမ်းသာလိုက်တာ။
ကြီးသူများထံမှ ကြားရသည့် အသံဖြစ်သည်။
အဖေနဲ့ အမေရဲ့ ငါ့သမီး၊ ငါ့သမီး
အကို အမတွေရဲ့ ကျွန်တော့ ညီမ၊ ကျွန်မ ညီမ
တစ်ဦးတည်းသော ညီမလေးရဲ့ ကျွန်မ အစ်မ လေ
ငယ်ငယ်တုန်းက ဆရာမတွေ ရဲ့ သီတာဆိုတာကတော့ ဒီကျောင်းမှာ တစ်ယောက်ဆို တစ်ယောက်
ဟီးဟီး
My life is on the cloud.
...............
မိတ်ဆွေအင်ဂျင်နီယာ အစ်ကိုကြီးက သူ့ဇနီး ရိုးရိုးဘွဲ့ရကို သူ့ရုံးမှာ ခေါ်ခန့်ထားလိုက်တော့ အလုပ်မရှိ အကိုင်မရှိ ကျမရှေ့မှာ ချီးမွမ်းလိုက်ပုံက “ငါ့မိန်းမ တော်တယ် တော်တယ်၊ တချို့ B. E တွေတောင်သုံးမရဘူး။” တဲ့
ရှိပါစေတော့လေ ကိုယ့်အရည်အချင်းကလည်း ဘာသာစကားက မရေလည်၊ ထမင်းစားရေသောက်တောင် တစ်ခါတရံ အပေါက်အလမ်း မတည့်ချင်။ Professional ဖြစ်အောင် သင်ခဲ့ရတဲ့ ဘာသာရပ်ကိုလည်း “တပြည်လုံး သုံးစွဲတဲ့ လျှပ်စစ်မီးတောင်မှ အဖိုနဲ့ အမ နှစ်ကိုယ်တွဲမှ” ဆိုတဲ့ သီချင်းစာသားကိုပဲ မှတ်မိတော့တယ်လို့ ဝန်ခံရရင် သင်ပေးခဲ့ရတဲ့ ဆရာတွေ နှလုံး ကြေကွဲဖွယ်ရာပဲ ရှိပါတော့သည်။
ဘာပဲဖြစ်ဖြစ်လေ ငါ့မှာ အားကိုးရှိသားဘဲ၊ နောက်ပြီး ငါထိန်းကျောင်းရမဲ့ ကလေးတွေ၊ မိန်းမပီသ အိမ်ရှင်မ။
လာပြန်ပါပြီ… အမျိုးသားရဲ့ အရင်းနှီးဆုံး သူငယ်ချင်းက “သီတာက ကိုဧရာကို ထမင်းဟင်းတောင် ကောင်းကောင်း ချက်မကျွေးဘူး” တဲ့။ လုပ်ချလိုက်ပြန်ပြီဟ။ ပြန်ကောက် ပြန်ကောက် ရှိစုမဲ့စု သိက္ခာတွေ ပြန်ကောက်။
“သီတာ လိုသေးတယ်။ နှလုံးသွင်းတတ်ဖို့ လိုသေးတယ်။ ထစ်ကနဲဆို တစ်ခုခုတော့ ပြန်ပြောလိုက်မယ်။ အော်ပစ်လိုက်မယ်။ ဒေါသနဲ့ချည်းတုံ့ပြန်တယ်။ ကို့ လို ကလျာဏမိတ္တ တစ်ယောက်က အနားမှာ တစ်ချိန်လုံး ပြောပြပေးနေတာတောင်” တဲ့… အားကိုးနေရတဲ့ သူကြီးက
ဒီလိုနဲ့… ဟိုလိုလို ဒီလိုလို ယောင်ခြောက်ဆယ် ကျမကို သူက ဘာဝါသနာ ပါလဲဟု ကောက်ခါငင်ကာ မေးလာဖူး၏။ ကျမ ကလည်း နှိုင်းနှိုင်းဆဆ စဉ်းစားပြီးမှ လေးလေးနက်နက် ပြန်ဖြေလိုက်ပါသည်။ အနုပညာ ဝါသနာပါသည် ဟု။ ဒီတော့ သူ ဆီက မှတ်ချက်လိုလို ထွက်လာတဲ့ အသံက “အနုပညာ ဝါသနာ ပါပေလို့သာပဲ၊ ကလေးတွေကတော့ အကြမ်းပညာနဲ့ချည်း တွေ့နေရတယ်” တဲ့။
အဟီး ဟင့် ဟင့် အင့်
My life is in the drain.
...............
ရိုးရိုးဘွဲ့၊ B.E. တို့သည် လောက အခေါ်အဝေါ်များကိုသာ ကိုယ်စားပြုပါသည်။ နှိမ်ချလိုခြင်း၊ ဝင့်ကြွားလိုခြင်း အလျင်းမရှိရာ။
ချီးမွမ်း ခံရခြင်း၊ ကဲ့ရဲ့ခံရခြင်းတို့သည် ဖြစ်ခြင်း သဘောဟု သာခံယူပါသည်။ ချီးမွမ်းသောသူ၊ ကဲ့ရဲ့သောသူ ဟု အလျင်းမသိရာ။

ကျမသည် မီးခြစ်ဆံဗူးလေးထဲမှ မီးခြစ်ဆံလေး တစ်ချောင်းသာ ဖြစ်လိုပါသည်။ မဲမဲလုံးလုံးခေါင်းကလေးနဲ့ အဲ့ဒီ လောကဓံ ဆိုတာကြီးကို ပစ်တိုက်လိုက်လို့ ဉာဏ် အလင်းရောင် ပွင့်သွားမည် ဆိုပါက မီးခြစ်ဆံလေး ဖြစ်ရကျိုးနပ်ပါပြီ။
အလင်းတိုင်များကို အလင်းကူးနိုင်ရေးမှာ မီးခြစ်ဆံလေး၏ မဝံ့မရဲ ဆန္ဒသာ ဖြစ်ပါသည်။
7 comments:
ခံစားတတ်သောမီးခြစ်ဆံလေးမှာ
အနုပညာကိုတွေ့ရပါတယ်
ဆက်..ဆက်ပြီး
အလင်းတွေကူးနိုင်ပါစေလို့ဆန္ဒပြုပါကြောင်း
မီးခြစ်ဆံလေး မီးပွင့်သွားပုံက ထင်းနေတာပါပဲလားမသီတာရေ။ မသီတာရေးထာတာဖတ်
မိမှပဲ ကျွန်မရဲ့ မီးခြစ်ဆံလေးလည်း မီးပွင့်ချင်လာတာ။
ဒါနဲ့ သီချင်းခေါင်းစဉ်ကို မသီတာပြောမှသိတော့တယ်။
သီတာရေ.. လောကဇာတ်ခုံပေါ်မှာတော့ ပုံစံမျိုးစုံနဲ့ တင်ဆက်နေရတာပါပဲ..။ တခါတလေတော့ ဇာတ်လိုက်ပေါ့။ တခါတခါတော့လည်း လူာကမ်းလုပ်ဖို. လိုရင် ၀င်လိုက်ရတာပေါ့။ မီးခြစ်ဆံလေးလည်း ကောင်းတာပါပဲ..။ အဲဒီကကူးပေးလိုက်တဲ့ အလင်းတွေက တလောကလုံး လင်းမသွားနိုင်ဘူး ဘယ်သူ ပြောနိုင်မလဲနော်..။
Dear Ma Ma Thidar,
I like your (Mee Chit San) theory.May I confess that I have never thought of that theory. I heard only the light of candle. But the light of candle comes from the Mee chit san. So the Mee chit san is the origin and then to light the candle, he has to hit his head and burn himself. We all face the disturbances of the enviroment (because we are human), but we have to overcome every disturbances and we have to count ourselves that we are like Mee chit san sometime.
I like your thinking phylosophy. Pls carry on.
Best Regards,
TMAye
ပြောစရာမလိုတော့ပါဘူးနော်…ဒီဘလော့လေးနဲ့ ဒီအရေးတွေက မီးခြစ်ဆံလေးရဲ့ တောက်ပတဲ့ အလင်းပဲပေါ့…
Professional ဖြစ်အောင် သင်ခဲ့ရတဲ့ ဘာသာရပ်ကိုလည်း “တပြည်လုံး သုံးစွဲတဲ့ လျှပ်စစ်မီးတောင်မှ အဖိုနဲ့ အမ နှစ်ကိုယ်တွဲမှ” ဆိုတဲ့ သီချင်းစာသားကိုပဲ မှတ်မိတော့တယ် ဆိုတဲ့နေရာလည်းရောက်ရော....ဘေးနားက ထိုင်နားထောင်နေတဲ့ ကျနော့်မဒမ် ဆီက “ဟယ်...ငါ့လိုဘဲ။ ငါ့လိုဘဲ” ဆိုတဲ့ အသံနဲ့အတူ ရယ်သံတွေ ထွက်လာတယ်။
မီးခြစ်ဆံလေး ရေ...
အလင်းတိုင်များကို တောက်ပသော အလင်းများ ကူးနိုင်ပါစေ..။
“တပြည်လုံး သုံးစွဲတဲ့ လျှပ်စစ်မီးတောင်မှ အဖိုနဲ့ အမ နှစ်ကိုယ်တွဲမှ” ... တဲ့လား..။ :-P
သတိရတတ်တယ်နော်...။
Post a Comment