အသက်ရှင်နေလျက်ကယ်နဲ့
အသက်ရှုနေတာကို
မေ့နေခဲ့တယ်၊
နေ့ ကို လ စားနေပေမဲ့
နှစ်တွေက ရှေ့မှာလာဦးမှာပါလို့
အမှတ်မရှိတဲ့ ငါ...။
သတ်မှတ်ပြီးသား တချိန်ရယ်
ရောက်ပြီကွယ်လို့
မင်းအချက်ပေးလေမှ၊
ပျာယိပျာယာနဲ့
ပင့်သက်ကို အမောတကောရှု
ထွက်သက်တွေ ပြင်းပြင်းရှိုက်...။
မမြင်ရတဲ့ ထပ်တူညီတွေ
လေလှိုင်းကနေ ဖမ်းဆုပ်
သိမ်းထုပ်ကာ ထားမယ်ဆိုတာယုံ၊
အပြစ်အနာအဆာတွေကိုတော့
လျစ်လျူကာ ထားလိုက်ပါတော့
မျက်လုံးချင်းစကားမပြောလိုက်ရသူရေ
မင်း မငိုနဲ့...။
ပန်းလှပါတယ်မေ
အလွမ်းတွေသာ သယ်မသွားပါနဲ့
အစွမ်းတွေ တလှေနဲ့မို့
အလှည့်ကျလာတော့ မနွဲ့ကြစတမ်းပေါ့၊
အကျိုးအကြောင်း အစုံအလင်နဲ့
အဆိုးအကောင်းသွန်သင်လို့
ပီတိတွေ အဖန်ဖန်စားသုံး
ဥယျာဉ်ထဲမှာလေ
ဆံဖြူလို့ ခါးကုန်းသိတိုင်
မင်း အပြုံးတွေ လှိုင် ပါစေ...။ ။
(မသီတာကို စာရေးဖြစ်အောင် တွန်းအားပေးခဲ့တဲ့၊ ပညာသင် ခရီးတခု ပြီးဆုံးလို့ ပြည်တော်ပြန်တော့မည့် ဘလော့ဂါ ညီမ အတွက်~)
8 comments:
မသီတာရဲ့ ကဗျာလေးကို ဖတ်အပြီးမှာ စိတ်ညစ်နေသမျှ အကြည်ဓါတ်လေး နဲနဲ ပြန်ရလာသလို ခံစားရပါတယ်... ကျေးဇူးပါ မသီတာရေ...
အင်းလေ... ဟုတ်ပါတယ်...
အလှည့်ကျလာတောလဲ့ မနွဲ့ကြစတမ်းပေါ့..
ကဗျာလေး ကောင်းလိုက်တာ မသီတာရေ
ကဗျာရတဲ့ တယောက်တော့ အတော်ပျော်သွားမှာ
အားအင် တွေ ပြည့်စေတဲ့ ကဗျာလေး မို့လေ
ပန်းလှပါတယ်မေ
အဲဒီ စာသားလေးက လှလိုက်တာခင်ဗျာ။
ကဗျာတစ်ခုလုံးဖတ်ရတာ ကြည်နူးစရာ..
မကြာခင်တို့ပြန်ဆုံတွေ့ဖို့ရှိတယ်...လေ
(သီချင်းလားမသိဘူး)
mm
မသီတာ(xx) ရဲ့ ကဗျာလေး သိပ်ကောင်းတာပဲ..လမ်းခွဲအပြုံးတဲ့လား။ ကောင်းသောလမ်းခွဲနှုတ်ဆက်ခြင်းပေါ့နော်..။
ကောင်းတယ။် ကဗျာရေးစားပါလား
သိပ်ကောင်းတာပဲ မမ
ပြန်မဲ့သူကို အင်အားတွေပေးလိုက်တယ်ပေါ့
Post a Comment