Friday, June 5, 2009

အတ္တသစ်ပင်

အသက်က အနှစ်နှစ်ဆယ် နှစ်ခါပြန်တဲ့ အချိန်မှာ နောင်အနှစ်နှစ်ဆယ်မှာကို တိုက်တိုက်ဆိုင်ဆိုင် ရေးလိုက်ရလို့ တက်ဂ်လာတဲ့ တန်ခူးနဲ့တကွ ဖတ်ပေး ကော်မန့်ရေးပေးတဲ့ ဘလော့မိတ်ဆွေတွေကို ကျေးဇူး (ဒီထက် ပိုသင့်လျော်တဲ့ စာလုံး မသုံးတတ်သေးလို့ပါ။)

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် အချိန်တုန်းကတော့ နောင်အနှစ်နှစ်ဆယ်မှာ အခုလို ပုံစံဖြစ်နေလိမ့်မယ်လို့ ရိုးတိုးရိပ်တိပ်တောင် ပုံမဖော်နိုင်ခဲ့ပါဘူး။

အခုကနေ နောက် အနှစ်နှစ်ဆယ်ကိုလည်း "သိသလို မသိသလိုပါပဲ"လို့ ပြောမှသာ အမှန်နဲ့ အနီးစပ်ဆုံးဖြစ်ပါလိမ့်မယ်။

ဒီနေ့ World Environment Day မှာတော့ သစ်ပင်အကြောင်း စာလေးရေးချင်မိတယ်။

အတ္တသစ်ပင
နေစကြာဝဠာထဲက ငါ
ပိန်းပိတ်မှောင်နေလိုက်ပုံများ
အလင်းနှစ် တသိန်းသွားရင်
အစအဆုံးရောက်တဲ့
ဂလက်ဆီဆိုတာတောင်
မမြင်ဖူးသေးဘူး။

မလောက်လေး မလောက်စား
ဖြိုးတိုးဖျောက်တောက်တွေခေါ်ရာ
လေယူရာယိမ်းနွဲ့လို့
ကမူးရှူးထိုး လိုက်နေတာ
နေရာမရွေ့ပေမဲ့
မောဟိုက်ပုံလည်း မရသေးဘူး။


သြော်
ကြွေကာကျလို့
မြေမှာ ခ,ရင်လား…
နောင်နှစ်တသန်းကြာတဲ့အခါ
စိန်တွေပွင့်တဲ့ ရေနံပင် ဖြစ်ဦးမှာလေ။ ။
(ကိုဧရာ ရိုက်ကူးထားသောပုံ)

12 comments:

ရွာသားလေးဝိုင်တီယူ said...

အမရေ ကျနော်လည်းဒီနေ့သစ်ပင်အကြောင်းရေးမိသဗျ
စိန်တွေပွင့်မယ့် ရေနံပင်ဖြစ်ပါစေ

ရွှန်းမီ said...

နောက်ထပ်နှစ်သန်း၂၀လောက် ကိုများ ရာက်သွားခဲ့ရင်... ညီမလည်း ရေနံမဖြစ်တောင် ပယင်းလောက်တော့ ဖြစ်ချင်ဖြစ်နေမှာ..

Yu Wa Yi said...

နေရာမရွေ့ပေမဲ့
မောဟိုက်ပုံလည်း မရသေးဘူး။

မမောနိုင် မပန်းနိုင်ပဲ ခရီးများများပေါက်ပါစေ မသီတာရေ။

MANORHARY said...

နောက် နှစ်တစ်သန်းကြာတဲ့အခါတဲ့လား.....မသီတာ!

tg.nwai said...

ကဗျာလေး လာဖတ်သွားပါတယ် မသီတာ...။
အခုထက်ထိ တန်ခူးတက်ဂ်ထားတဲ့ အနှစ်နှစ်ဆယ်ဆိုတာ စဉ်းစားဖို့ မယုံကြည်သေးလို့ မရေးရသေးဘူး...
အနှစ်တသန်းမှာ စိန်တွေပွင့်မယ့် ရေနံပင်တွေတော့ တွေ့ချင်သား.. :}

နွေးနွေးသဲမွန် said...

လာခံစားမိပါတယ် မမ... :-)

sonata-cantata said...

ရွှန်းမီရဲ့ သစ်ပင်၏ နေ့စဉ်ဆုတောင်း
ရွာသားလေးရဲ့ သစ်ပင်တစ်ပင်ရဲ့နာကျင်မှု တို့ကို ဖတ်ပြီး သစ်ပင်အကြောင်း ရေးချင်သွားတာပါ။

ယုဝရီ၊ မနော်နဲ့ tg ရေ
အတ္တဆိုတာကို အလျားအနံ၊ အချိန်ကာလနဲ့ တန်ဖိုးတွေမှာ ရှာကြည့်နေတာလေ...မြတ်စွာဘုရားကတော့ မသိခြင်းနဲ့ တပ်မက်ခြင်းကြောင့် အတ္တတလူလူနဲ့ သံသရာရှည်စေတာ...တဲ့

sonata-cantata said...

ကဗျာကို လာခံစားပေးတဲ့
မမKOM၊ ခမ်းကီးနဲ့ နွေးနွေးသဲမွန် တို့ကိုလည်း ကျေးဇူးပါနော်...

မယ်ကိုး said...

ကျွန်မရဲ့  ကဗျာလေးအောက်မှာ လင့်ခထားတာတွေ့ လို့  ရောက်လာတာပါ။
သစ်ပင်အကြောင်းကို တမျိုးလှည့်တွေးထားတာကို သဘောကျမိပါတယ်။

sonata-cantata said...

(C Box မှ)
6 Jun 09, 11:11
ုkom: လာဖတ်တယ်။မသီတာ.
6 Jun 09, 17:38
ခမ်းကီး: ကဗျာကို လာဖတ်ခဲ့ပါတယ်။ ကျေးဇူးပါ။

တန်ခူး said...

မ ရယ်... ကဗျာလေးက ကောင်းလိုက်တာ... အတွေးလေးရော အရေးလေးပါ အားကျမိပါတယ်...

Harry said...

ဒီကဗျာလေးကို အလွန်ကြိုက်ပါတယ် မသီတာရေ ...
ရေနံလောကသားဆိုတော့ ဒီလို ရေနံပင်တွေ များများဖြစ်ပါစေ ဆုတောင်းပါတယ်ဗျ ... နို့မို့ဆို ကျနော် ထမင်းငတ်ပြီ ...

ဒါနဲ့ ပုံက ကိုဧရာ့ ပုံလား .. :D