အချစ်
ရေပေါ်စီလေးပါ
အလွှာလေးပေါ်မှာ
…
ယုံကြည်ခြင်းကတလွှာ
ကိုးစားခြင်းက တလွှာ
မြတ်နိုးခြင်းက တလွှာ
ကျေးဇူးတရားက တလွှာ
အမုန်း
ရေပေါ်စီလေးပါ
အလွှာလေးပေါ်မှာ
…
နာကျည်းခြင်းက တလွှာ
ခံပြင်းခြင်းက တလွှာ
လက်စားချေလိုခြင်းက တလွှာ
ကမ္ဘာမကျေတာ တလွှာ
အမှားအမှန်
ရေပေါ်စီလေးပါ
အလွှာလေးပေါ်မှာ
…
အထင်က တလွှာ
အသိက တလွှာ
အယူက တလွှာ
ဓမ္မတာက တလွှာ
ပျားသကာက တလွှာ
အခါးအနာက တလွှာ
မနာလိုခြင်းက တလွှာ
ဝန်တိုခြင်းက တလွှာ
အပြုံးတွေက တလွှာ
အရှုံးတွေက တလွှာ
အဆုံးတွေက တလွှာ
… … … တလွှာ
… … … တလွှာ
… … … တလွှာ
အားလုံးဟာ ပါးပါးလေးပါ
အလွှာအောက်မှာသာ
တိုးမပေါက်နိုင်တဲ့
ငါ…
မွန်းကြပ်လှပေါ့ကွာ။ ။
11 comments:
ကဗျာလေး ကြိုက်တယ်။
ကဗျာလေး ကောင်းလိုက်တာ.. ဒါတော့ မသီတာရေးတာထင်တယ်နော်၊ အောက်မှာ နာမည်မပါဘူး၊ ဟဟ.. သေချာကြည့်တာပဲ
ဟုတ်တယ်၊ ဘ၀ဟာ အဲဒီအလွှာပါးပါးလေးနဲ့ပဲ၊
နေတတ်အောင် နေနေရတယ်။
မသီတာ..
အလွှာတွေအထပ်တွေဘယ်လောက်များများ
ရေပေါ်ဆီလေးတော့ ရှိနေသေးတယ်ဆိုတော့
တော်သေးတာပေါ့...
(ရေပေါ်စီ မဟုတ် ရေပေါ်ဆီ ပါ..)း)
အကျင့်ပါနေလို့ ပြင်သွားပါတယ်..း)
အလွှာတွေများလိုက်တာ..ပါးပါးလေးပေမယ့် များလာတဲ့အခါ မွန်းကြပ်လာတာ အမှန်ပါပဲ.. သီတာ့လိုတော့ ပါးပါးမလွှာတတ်သေးတော့ အတုံးလိုက် အတစ်လိုက်ပဲ ရောသမမွှေ ခံစားပစ်လိုက်တော့..
ဟုတ်တယ်..
အလွှာလေးတွေက ပါးပါးလေးတွေ...
သို့သော် အသာအယာနဲ့
တိုးမပေါက်တဲ့အခါတိုင်းမှာ
လက်သီးနဲ့သာ နာနာ ထိုးဖေါက်ပစ်လိုက်ချင်တော့တာပါပဲ...
မသီတာ မွန်းကြပ်နေသလို ခံစားနေရလို့ ရေးချလိုက်တာလေးကို အတူခံစားပေးသူတွေအားလုံးကို ကျေးဇူးပါ။
ဆုငယ်ရေ...
ကဗျာလေးကြိုက်တယ်လား...မွန်းကြပ်တဲ့ဝေဒနာတွေ ဝေပေးသလို မဖြစ်လိုပေမဲ့ ၀မ်းသာမိတယ်...
Mae မေရေ...
မသီတာ ရေးတာ.. ကိုဧရာ..သူ့ illustrationနဲ့ အတင်းဝင် ရှုပ်..
အပြုံးပန်းရေ...
အပြောတတ်အောင်တဲ့ အနေတတ်အောင်တဲ့ အသေတတ်အောင်တဲ့ သင်ရင်းသင်ရင်းနဲ့ ပဲ မောပါတယ်...
(မသီတာလေ အားကြီးညည်းတတ်တယ်...ချစ်ခြင်းအားဖြင့်..ခွင့်လွှတ်နော်)
မနော်ရေ...
ရေပြင်လွှာပေါ်က ပူစီပေါင်းလေးတွေလိုလေ...အဲ့လိုမျိုးကိုပြောချင်လို့...ရေပေါ်စီ...လိုက်တယ်...
ပြောချင်တာကို ပေါ်လွင်အောင်တော့ သိပ်မရေးတတ်သေးဘူး...ဇွတ်ရေးချလိုက်တာ...
တုံးပါတစ်ပါ ဒေါ်tg
သက်ဝေ... သယ်ရင်း... ကြောက်တောင်လာပြီ
အဲဒီ အလွှာလေးတွေက ပါးပါးလေးပေမဲ့ အတော်ခိုင်တာ။
ချိုသင်းရေ...
ခိုင်လိုက်သမ မနိုင်လို့ လက်မှိုင်ချရပေါ့ အခါခါ
မမ စိတ်ကူးအတွေးနဲ့ ပြထားတာလေး သိပ်ကောင်းတာပဲ။
ကဗျာလေးက အရမ်းကိုထိထိမိမိရှိလှပါတယ် ..
အလွှာလေးတွေက ပါးလို့သာပဲနော်..မဟုတ်ရင်တော့...
Post a Comment