Monday, February 21, 2011

သစ်ပင်


 အလေ့ကျပေါက်တာနဲ့ စိုက်ပျိုးတာဆိုပြီး နှစ်မျိုးရှိပါတယ်။
ကနဦးကတော့ အလေ့ကျပေါက်တာပဲ ရှိမှာပါ။
နောက် လိုအပ်၍ စိုက်ပျိုးကြပါတယ်။
မယ်တော်ကြီးဂမုန်း
အမေ လပြည့်လကွယ်နေ့တွေမှာ မယ်တော်ကြီးဂမုန်းပင်တွေကို အမွှေးနံ့သာများ ပက်ဖျန်း ပူဇော်လေ့ရှိတာ တွေ့ဖူးပါတယ်။ ပါးစပ်ကလည်း ရွတ်ပါတယ်။ ဆုတောင်းတာ ဖြစ်မှာပါ။ အမေက မသီတာကိုလည်း အဲ့ဒီလို လုပ်စေချင်ပါတယ်။ တကြိမ်နှစ်ကြိမ် လုပ်ဖူးပါတယ်။
ရွှေလာငွေလာ ဂမုန်းတဲ့...
သူငယ်ချင်းတယောက် စင်္ကာပူကနေ ယူအပ်စ်ကို အပြီးပြောင်းတော့ ငါ မြန်မာပြည်ကနေ တကူးတက သယ်လာရတာဆိုပြီး အမွေပေးခဲ့ပါတယ်။ သူပေးစက တပင်တည်းပါ။ နောက် တော်တော်ပွားလာပါတယ်။ အပင်ပွားတွေ လက်ဆောင်တဆင့် ပြန်ပေးရပါတယ်။

ဂမုန်းပင်မှာ ပန်းတွေပွင့်ရင် ငွေတွေ ပိုဝင်သလိုပဲ။ လူနဲ့ အပင်ရဲ့ ထူးဆန်းသော ဆက်သွယ်ချက်အဖြစ် ရေးလိုက်ပါတယ်။ အယုံအကြည် မရှိစေလိုပါ။

ရွှန်းမီ တဂ်လို့ ပုံနှင့်တကွဖြေပါသည်။ သူမေးတာက...
“တသက်လုံး ပျော်ချင်ရင် သစ်ပင်စိုက်ပါ ဆိုတဲ့ စကားပုံကို ယုံလား?
ငါးမိနစ်ခန့် စာစီကုံးပါ” 

8 comments:

မိုးစက်ပွင့် said...

ထိကရုန်းပင်ကလေးကိုမြင်တော့ ငယ်ငယ်က လကိနဲ့လိုက်လိုက်ထိပြီး “အိပ်ခိုင်းတမ်း” ဆော့ခဲ့တာ သတိရမိတယ် မသီတာ.....

အပြုံးပန်း said...

တိုက်ဆိုင်မူပဲ ဆိုပေမယ့်၊
စိတ်ကျေနပ်မူရအောင်
အဲဒီဂမုန်းပင် စိုက်ချင်လိုက်တာ။

မြန်မာပြည်နေတုန်းက
စိုက်ထားတဲ့ အပင်လေးတွေကိုပဲ
ရေလောင်း ပေါင်းသင်၊ ပန်းပွင့်တွေကို တယုတယ ကြည့်ခွင့်ရခဲ့တာတွေ
ပြန်လွမ်းသွားပြီ

အပြုံးပန်း said...

ထိကရုန်းပင်မြင်တော့
စိတ်ထဲကနေ ထိုလိုက်တယ်၊
ငြိုးလည်း မသွားဘူး၊

မြူးမြူး said...

ပြာတာပြာတာ အိပ်အိပ်ဆိုပြီး ထိကရုန်းတွေကို အိပ်ခိုင်းခဲ့တာ.. ဂမုန်းပင်တွေနဲ့ ဓာတ်မတည့်ဘူး.. ဂမုန်းပင်နားရောက်သွားတာနဲ့ နှာတွေဆက်တိုက်ချေပါလေရော.. ခုတောင် ပုံတွေကြည့်နေရင်း နှာချေချင်လာသလိုပဲ..း)

Anonymous said...

ရွှေလာငွေလာကမုန်းတွေအများကြီးပွားနေပြီဆိုတော့..
ရွှေတွေငွေတွေလဲ အများကြီးဆိုးနေပြီပေါ့.။
လွန်ခဲ့တဲ့ ၆လလောက်က အပင်တွေလက်ဆောင်ရထားတာ..အခုတော့..
သေမတတ်ဖြစ်နေုပြီ..။
ပို့စ်တင်မှ..။

ပေါက်

Anonymous said...

ရွှေလာငွေလာကမုန်းတွေအများကြီးပွားနေပြီဆိုတော့..
ရွှေတွေငွေတွေလဲ အများကြီးဆိုးနေပြီပေါ့.။
လွန်ခဲ့တဲ့ ၆လလောက်က အပင်တွေလက်ဆောင်ရထားတာ..အခုတော့..
သေမတတ်ဖြစ်နေုပြီ..။
ပို့စ်တင်မှ..။

ပေါက်

ShwunMi- said...

တစ်သက်လုံး ပျော်ချင်ရင် သစ်ပင်စိုက် ဆိုတဲ့ စကားပုံကို ယုံလား
ငါးမိနစ်ခန့် စာစီကုံးပါ

း)
စာရေးပေးရင် ပုံလေးတွေပါ မြင်ရတော့ အရမ်းပျော်သွားတယ် မကြီးသီတာ။ ဂမုန်းပင်တွေက အပင်တွေထဲမှာ ပန်းမပွင့်ပေမဲ့ ထူးဆန်းနေတယ်နော်။ ဓာတ်ပုံကို အပင်ရဲ့ အပေါ်တည့်တည့်ကနေ ရိုက်တဲ့စတိုင်လည်း ကြိုက်သွားပြီ။ နောက်တစ်ခါ စမ်းကြည့်ရမယ်။

အပင်တွေကြည့်ရင်း ညီမလည်း မသီတာဆီက ရွှေလာငွေလာ အပင်ပွားလေး တစ်ပင်လောက် လိုချင်လာပြီ.. ပူဆာတာပါ =)

Sonata Cantata said...

သစ်ပင်တွေအကြောင်း ဆက်ရေးချင်သေးတယ်...
ဗဟုသုတအနေနဲ့ သိပ်မသိပေမဲ့ ခံစားချက်အနေနဲ့ပေါ့...

အပြုံးနဲ့ ရွှန်းမီကို အပင်ပွားလက်ဆောင်ပေးပါမည်။