နေသူရိန်
သူက အစဉ်အလာကြီးသလို အရှိန် အဝါလည်း ကြီးတယ်။
သူရဲ့ ကျေးဇူးခံ ကျေးဇူးစား ကမ္ဘာကျော်တယောက် သူ့ကို မလွန်ဆန်နိုင်တာ မဆန်းပါဘူး။ ကမ္ဘာကျော် ဘယ်လောက် လည်လည်၊ နေသူရိန်ရဲ့ စက်ကွင်းထဲက ရုန်းမထွက်နိုင်တာ ဒီနေ့အထိ။
နေသူရိန်က စည်းကမ်းတော့ရှိတယ်။ အင်အားကြီးတယ် ဆိုပြီး နိုင်လိုမင်းထက် ပြုတတ်သူ တယောက်တော့ မဟုတ်ဘူး။ သူ့သိက္ခာကို ဘယ်တော့မှ အပွန်းအပဲ့ မခံဘူးဆိုတဲ့ လူစားမျိုးပေါ့။
ကမ္ဘာကျော်လား။ သူကလည်း စိတ်ဝင်စားစရာကောင်းတယ်။ သူနဲ့ ပတ်သက်မိသူတိုင်း သူ့ရဲ့ ညှို့ငင်အားတွေက ရုန်းထွက်နိုင်ဖို့ခက်တယ်။ အဲ့ဒီထဲမှာ သူ့ကို သံယောဇဉ်ကြီးလွန်းသူလေးကတော့ လမင်းခင်။
လမင်းခင်
ပြုံးလိုက်ရင် ပါးချိုင့်လေးပေါ်တဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတယောက်ပေါ့။ နူးညံတယ်။ သိမ်မွေ့တယ်။ သည်းခံနိုင်တယ်။ နောက်ပြီး သစ္စာလည်းရှိတယ်။ ကမ္ဘာကျာ်ကို အရိပ်လို စောင့်ကြည့်နေတတ်သူလေး။
အဟိမ်း… သုံးပွင့်ဆိုင် အချစ်ဇတ်လမ်း ရေးမလို့ မဟုတ်ပါဘူး။
လာမည့် July 22, 2009 ရက်နေ့
သူ့ဖာသူ လည်ရင်း နေကိုလည်း ပတ်နေရတဲ့ ကမ္ဘာ၊ ကမ္ဘာကို ပတ်ချာဝိုက်လို့ လိုက်နေရတဲ့ လ၊ နေ နဲ့ ကမ္ဘာ ကြား လ ရောက်ပြီး သူတို့ သုံးဦး တတန်းထဲကျလို့ နေကြတ်မှာမို့ပါ။
Location(Singapore) Start Time (08:40:52) End Time (09:43:56) Maximum Eclipse at (09:11:26)http://en.wikipedia.org/wiki/Solar_eclipse_of_July_22,_2009
ဆက်စပ် ဖတ်စေချင်တဲ့ပို့စ် နမောတေ အစချီ ဂါထာ
12 comments:
ဟာ... မသီတာ နောက်တယ်ကွာ...
ကိုယ်က အင်း.. အခန်းဆက် ဝတ္ထုကောင်းကောင်းလေး တပုဒ်တော့ ဖတ်ရတော့မှာပဲ ဆိုပြီး ဝမ်းသာနေတာ...
ရဘူး.. ရဘူး...
အသစ်တပုဒ်ရေးပြီး ပြန်လျော်ပေး... ဒါပဲ..
ကြံကြံဖန်ဖန် ရေးတက်ပ
ကျေးဇူး မသီတာ၊ စောင့်ကြည့်မယ်
ကျမတော့ အနှပ်ချမခံလိုက်ရပါဘူး.. တော်တယ်နော်.. အဟတ်
မသီတာရဲ့ သဘာဝကို ရေးဖွဲ့ပုံက တမျိုးကောင်းတယ်။ ဗဟုသုတလည်းရ တယ်။ နေကြတ်မှာကိုတောင် မသိပါဘူး။
(အစတုန်းက ဖန်ရင်း ဒီဘလော့တွေ မဖတ်ဖူးပါဘူး လို့တွေးနေတာ :) )
နောက်တယ်...
ငါ့အမကြီး ၀တ္တုလှလှလေး ရေးတော့မယ်ဆိုပီး အားရ ကျေနပ်စွာ ဖတ်တာ
ဟွန်းးး
နောက်ဆုံးကျတော့...
မြတ်နိုး
ရေးတတ်လိုက်တာမသီတာရယ်... အိမ်နီးရင်ပညာလာယူချင်တယ်...း)
နေကြတ်တဲ့အချိန်ကိုစောင့်ကြည့်နိင်ပါ့မလား အလုပ်ရောက်နေလို့လေ ဒါပေမယ့် အမှောင်အတိ
ကျသွားရင်တော့သိမှာပါပဲ...
အဖွဲ့အနွဲ့လေးတွေ ကောင်းတယ်ဗျ....။
ပြုံးစရာကောင်းအောင် ရေးတတ်ပါဘိ မမရယ်
အေးလေ အေးလေ.. ၀တ္ထုမှတ်လို့ ။ မနက်ဖြန်ပေါ့.. နေကြတ်မှာ။ ကိုဖိုးစိန်မွေးနေ့ပဲ။ သူကတော့ မြင်ရမှာမဟုတ်ဘူးထင်တာပဲ.. သိပေါင်။
မသီတာ
သူများကစိတ်ဝင်တစားဖတ်တာ
သူကနောက်တယ်း)
သတင်းရေးနည်းအသစ်ပေါ့
မသီတာစတိုင်လ်း)း)
ဩော် ဩော် ဆုံးခါနီးမှ သဘောပေါက်တော့တယ်.ါ်း)
ဖတ်ရင်း စိတ်ဝင်စားစရာဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်မယ်
လို့ ထင်လိုက်မိတာ။ အဟီး လွဲသွားတယ်။
နေကြတ်တာကို သရုပ်ဖော်နေတာကိုး။း)
Post a Comment