စိမ်းလဲ့လဲ့ မြကန်သာရင်ခွင်မှ
နိုးထ
မိုးကောင်းကင် ရင်ခွင်ကျယ်ကို
အဆုံးကျ
မှန်းဆချင်မိတယ်…။
ရှောင်မရတဲ့
ခရောင်းတော ရင်ခွင်ကိုလည်း
ဖြတ်ကျော်ရတယ်။
အမှောင်ကျတဲ့
ကန္တာရ ရင်ခွင်မှာလည်း
လမ်းပျောက်ဖူးတယ်။
သမုဒ္ဒရာရင်ခွင်မှာ ရွက်လွှင့်ရင်း
လောကဓံ လှိုင်းထက်
စည်းချက်မဲ့လည်း ကခဲ့တယ်။
ကျောက်ဆောင်ရင်ခွင်ကို
အပြုံးနဲ့ ပစ်ပေါက်
ထွင်းဖောက်ရတာလည်း ရှိတယ်။
အလှည့်ဆိုတဲ့ဇာတ်ကား
ရင်ခွင်ပိတ်ကားမှာ
မကြာခဏ ကြည့်ရတော့
ပုံပြင်တွေလည်း ရိုးကုန်တယ်။
မှတ်မှတ်ရရ…
နွေးထွေးတဲ့ နှင်းဆီရင်ခွင်ကို သိုင်းဖက်
နူးညံ့တဲ့ ကဗျာရင်ခွင်ပေါ် မှေးစက်
ထာဝရရင်ခွင်ကို
အိပ်မက် ဦးမယ်။ ။
(ပုံကို Insight Guides - India စာအုပ်မှ ယူပါသည်။)

12 comments:
အရမ်းသဘောကျတယ်..
ကောင်းတယ်..
ငိုချင်တယ်..
...
ထာဝရရင်ခွင်မှာ မှေးစက်ဦးမယ်..
ကဗျာလေးက ကောင်းလိုက်တာ မ ရယ်…
ထာဝရရင်ခွင်ထဲမှာ ဘ၀ကို တွေ့ လိုက်ရတယ်….
တယ်ကောင်းပါလား မသီတာရယ်..ထာဝရရင်ခွင်မှာ..
မသီတာ
ထာဝရရင်ခွင်တဲ့လား
နှင်းဆီတွေမွှေးမြနေပါစေ။
ထာဝရ ရင်ခွင်ထဲက မသီတာရဲ့ ဘဝ ထာဝရ ငြိမ်းချမ်း ပါစေ...
နိုးထ
အဆုံးကျ
မှန်းဆချင်မိတယ်…။
ကိုဧရာနဲ့ မသီတာရေ..
ခုချိန်ထိတော့ မဖြတ်သန်းချင်ပေမယ့်လဲ ဖြတ်သန်းနေရတဲ့ ခရီးတွေ ၊ မကချင်ပေမယ့်လဲ ကံဇာတ်ဆရာအလိုကျ စည်းချက်မဲ့ ကနေရတဲ့ ကကွက်တွေ၊ မကြည့်ချင်ပေမယ့်လဲ မြင်နေရတဲ့ ပုံပြင်တွေ....
အဆုံးကျရင်တော့....ဒီထဲက ရုန်းထွက် မိုးကောင်းကင် ရင်ခွင်ကျယ်ကို မှန်းဆလွမ်းတထားပါတယ်။
( အလဲ့ အတည်ပေါက် မန့်ကြည့်တာ...ဟိဟိ)
တခါတလေမှ စပ်တဲ့ မသီတာ.ရဲ့ .ကဗျာ လေး။း)
ကဗျာကောင်းတစ်ပုဒ်ကို ခံစားဖတ်ရှု့သွားပါတယ် ခင်ဗျာ
ကောင်တယ်ဗျို့ အရမ်းလွမ်းသွားပြီ။
ထာဝရရင်ခွင်ကို အိပ်မက်ရုံပဲလား၊ အပြင်မှာ ရနေတာပဲမဟုတ်လားဟင်။
သိပ်လှပါတယ် မသီတာ၊
နူးနူးညံ့ညံ့နဲ့ သိပ်လှတဲ့ အဖွဲ့တွေပဲ။
မသီတာရဲ့ ထုံးစံအတိုင်း
စကားလုံး လှလှတွေ
ကျစ်ကျစ်လစ်လစ်
သိပ်သိပ်သည်းသည်း ဖွဲ့စည်းထားတဲ့
ထာဝရရင်ခွင်...
အိပ်မက်အတူ မက်ခွင့်ပေးပါ...။
တရားတွေ အတင်များပေမယ့်
ဒါမျိုးလည်း ရတာပဲကိုး :)
ဘလော့ဂ်လင့် ယူသွားပါတယ် ..
Post a Comment