“What we have to do in order that we can do what we want to do” [from The Great debaters]
“Education is the only way out from the darkness into glorious light.” [from The Great debaters]
“An unjust law is no law at all.” [St. Augustine]
၁၉၃၀-ခုနှစ်ကာလ လူမည်းစကားရည်လု အသင်းတစ်ခုကို အခြေတည်၍ ရိုက်ကူးထားသော ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုဖြစ်သည်။ ထိုအချိန်က အမေရိကန်နိုင်ငံတွင် ကျွန်စနစ်နှင့် အဓမ္မစေခိုင်းသောစနစ်တို့ကို ဖွဲ့စည်းပုံအခြေခံအရ ဖျက်သိမ်းပြီးဖြစ်သည်။ သို့သော်လည်း လူဖြူတို့သည် Lynching ဟူသော နည်းကို အသုံးချ၍ အာဖရိကနွယ်ဖွား လူမည်းတို့ကို ကျွန်စိတ်မပျောက်စေရန် စိတ်ဓာတ်ကို အညွှန့်ချိုးခဲ့ကြသည်။ ကျွန်စနစ်ကို ဆန့်ကျင်သူများအား ကြောက်ရွံ့ နောင်ကြဉ်စေရန် လူအုပ်စုဖွဲ့၍ အကြမ်းဖက် အနိုင်ကျင့်ခြင်း၊ ရိုက်နှက်ခြင်း၊ အရှင်လတ်လတ် မီးရှို့ခြင်း၊ လူအများမြင်သာစေရန် ကြိုးပေးကွပ်မျက်ခြင်းစသော ဥပဒေ ပြင်ပနည်းများကို သုံးခဲ့ကြသည်။
လူမည်း ပညာတတ်လူငယ်တို့က မိမိတို့၏ အခြေခံရပိုင်ခွင့်များကို ခံစားနိုင်ရန် ကြိုးပမ်းကြသည်။ ပညာရေးသည်သာ မိမိတို့မျိုးနွယ်ဖွားတို့၏ တစ်ခုတည်းသော လွတ်မြောက်ရာလမ်းဖြစ်သည်ဟု ခံယူခဲ့ကြသည်။ ပထမဆုံးအလုပ်သည် လူငယ်များ၏ နှလုံးသားမှ သိမ်ငယ်စိတ်၊ ကျွန်စိတ်ကို ဖယ်ထုတ်ပစ်ရန်ဖြစ်သည်။ နောင်တွင် ထင်ရှားသည့် လူမည်း ကဗျာဆရာတစ်ဦးဖြစ်လာမည့် Melvin B. Tolson သည် Wiley Collge မှ လူငယ်များအားစုစည်းကာ စကားရည်လုပွဲအသင်းတစ်ခု ထူထောင်ခဲ့ကြပုံကို အခြေခံ၍ ဤဇာတ်ကားကို ရိုက်ကူးထားခြင်း ဖြစ်သည်။
“ဒို့လုပ်ချင်တာတွေ လုပ်နိုင်ဖို့အတွက် ဒို့လုပ်ရမယ့် အရာ” ဟူသည့် တာဝန်ယူစိတ်ကို လှုံ့ဆော်သော စကားကို ထပ်လဲလဲ သုံးသွားသည်။ ပညာရဲရင့် ပွဲလယ်တင့်ဆိုသော စကားအတိုင်း ထိုစကားရည်လုပွဲ အသင်းလေးသည် ဟားဘတ်တက္ကသိုလ် (ဖြစ်ရပ်မှန်တွင် ကယ်လီဖိုးနီးယား တောင်ပိုင်းတက္ကသိုလ်) အသင်းကို ရင်ဘောင်တန်း ယှဉ်ပြိုင် ခွင့်ရခဲ့သည်။ ထိုစဉ်က စကားရည်လုပွဲတွင် James Farmers သည် “မတရားသော ဥပဒေသည် ဥပဒေပင် မဟုတ်” ဟူသော စိန့်သြဂတ်စတင်း၏ စကားကို မကြာခဏ ကိုးကားခဲ့သည်။ နောက်ဆုံး စကားရည်လုပွဲကို လူမည်းအသင်းက အနိုင်ရလိုက်ပုံဖြင့် ဇာတ်သိမ်းထားသည်။ နောင်တွင် James Farmers သည် ထင်ရှားသော လူမည်း အခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။
ဧရာ (မန္တလေး)
3 comments:
ကိုကြီးဦးဧရာရေ..
ဒို့လုပ်ချင်တာတွေ လုပ်နိုင်ဖို့အတွက် ဒို့လုပ်ရမယ့် အရာ ဆိုတဲ့ စကားလေးကို သဘောကျပါတယ်ခင်ဗျာ..
English လိုရော ရေးပေးပါအုံး အဲဒီစာသားလေးကို..
မျှဝေပေးတာ ကျေးဇူးပါ..
သွားကြည့်လိုက်ဦိးမယ်နော်..
သဟသရေ,
“What we have to do in order that we can do what we want to do” ပါ။
ရွှန်းမီရေ, ကြည့်သင့်တဲ့ ကားပါ။
Post a Comment